Tuesday 20 March 2012

''ကဗျာ''

ကဗျာ နေကောင်းလား ကျွန်တော် ကဗျာ ရေးလိုက်ပါတယ် ကျွန်တော်လည်း ဒီမှာ ကဗျာ ကောင်းပါတယ်
ကဗျာရယ် ဘယ်လိုပြောလိုက်တာလဲ ကဗျာ့ကိုထားပြီးတော့ သွားရတာ ကဗျာ လွမ်းတာပေါ့ ကဗျာရယ်
ကဗျာဆိုင်တွေရှိတယ် ကဗျာ အစားအစာတွေ ရှိတယ် ကဗျာ မောင်နှမတွေရှိတယ် ကဗျာ လူလည်တွေ
ရှိတယ် ကဗျာ အေးဂျင့်တွေရှိတယ် ကဗျာ ဘုန်းကြီးတွေ ရှိတယ် သြော်  မကြာခင်ကဗျာ သင်္ကြန် ကျတော့
မယ် ကဗျာ ဘီယာကို အိမ်တိုင်ယာရောက် မှာသောက်လို့ ရတယ် ကဗျာလစာရမှ ပေးရတာပေါ့ ကဗျာနဲ့ 
ဖုန်းတစ်ချက်တော့လိုက်ရင် ကဗျာ တစ်ယောက်ရတယ် ကဗျာ နိုင်ငံရေးသမား ကဗျာ အခြောက် ကဗျာ
ဂန်ဒူး  ကဗျာ ဟိုမရောက် ဒီမရောက် ကဗျာအိုဗာစတေး ကဗျာ ဗောရှင်း ကဗျာ လင်ဇီး ကဗျာ ယူနီဗာစီတီ
ကဗျာ  စကားပြောသင်တန်း ကဗျာ မြန်မာ့  ယဉ်ကျေးမှု   ကဗျာ ခါးဝတ်ပုဆိုး   ကဗျာ ထုတ်ဝေသူ ကဗျာ
အယ်ဒီတာ ကဗျာ ဖြန့် ချိရေး ကဗျာ လစဉ်သုံး ပစ္စည်း ကဗျာသုံးလခံ ကဗျာ လက်ညှိုးထိုးကဒ်ကဗျာUNHCR
ကဗျာ ပလက်ဖောင်း ကဗျာ  ကဗျာ ထီ ကဗျာ ဓါးပြ ကဗျာ ရဲ ကဗျာ မိုးပျံတံတား ကဗျာ ရထား ကဗျာ အပတ်
စဉ်ထုတ်စာစောင် ကဗျာ မိုက်ခဲ ကဗျာ ဘာသာစကား ကဗျာ လပ်တော့ ကဗျာ ဟမ်းဆက် ကဗျာ ငွေလွှဲ
ကဗျာ ဒုက္ခသည် ကဗျာ တတိယနိုင်ငံ ကဗျာ အောက်လမ်း ကဗျာ 6P ကဗျာ လက်ဗွေ ကဗျာ LIVE SHOW
ကဗျာ fREE CALLING  ကဗျာ မဖတ်တဲ့ အရူး ကဗျာ ဆိပ်သင့်တဲ့ ကဗျာတွေအပြင် ကဗျာ ဆိုတာ ဘာမှန်း
မသိတဲ့ လူတွေ၇ှိတယ် ကဗျာ ရယ် တွေ့ ရင်ပြောလိုက်ပါ သတိရတယ်လို့  ပြန်လာခဲ့ ပါ့မယ်လို့  နော် ကဗျာ

No comments: