Showing posts with label အမှတ်တရ ကဗျာများ. Show all posts
Showing posts with label အမှတ်တရ ကဗျာများ. Show all posts

Tuesday, 7 October 2014

ငါ့ သူငယ်ချင်း ဘူတာကို လူကြီးတွေ လာတဲ့နေ့ က



လူကြီးတွေ ဆိုလို့ ကြည့်လိုက်တာ
အသက်ကြီးကြီး လူတွေသာတွေ့ ရ။

ငါ့သူငယ်ချင်းခမျာ့
ကျောက်မိုင်းခွဲ သမားရဲ့ ဝတ်စုံနဲ့ တူတဲ့ 
စုပ်ပြတ်နေတဲ့  ယူနီဖောင်းကို ကပြာကယာဝတ်
လောက၀ဋ်ကို စခဲ့ပေါ့ ။

လူကြီးတွေရဲ့ ဝတ်စုံကျတော့
လူကြီးတွေ ရဲ့ ဝတ်စုံ လိုပဲပေါ့ ။

လူကြီးတွေက
ငါ့ သူငယ်ချင်းဘူတာမှာ
ကပ်ရပ်ရောင်းတဲ့
ပလက်ဖောင်းဈေးသည်တွေကို လက်ညှိုးနဲ့ ထိုးတယ် ။
ပုခုံးထမ်းခေါင်းရွက်တွေကို မျက်လုံးနဲ့ ရှင်းတယ် ။

ဒီအမှိုက်...ဒီအမှိုက်...ဒီအမှိုက်...စသဖြင့် 
ငါ့ သူငယ်ချင်းကို ငေါက်ငမ်းတယ် ။

ငါ့ သူငယ်ချင်းခမျာ့
ရထားလက်မှတ်ရောင်းလိုက်
ခရီးသည်များ ကျေးဇူးပြု၍ နားဆင်ပါ...အော်လိုက်
သူတို့ လက်ညှိုးတွေကို ဦးခိုက်လိုက်နဲ့ 
သူ့ ကိုယ်နဲ့  သူများစိတ်
ပါဝါဆိပ် သင့်ခဲ့ပေါ့ ။

တိုက်ပိတ်ခံရတဲ့ အကျဉ်းသားလို
(ကန်တော့ပါရဲ့ ကွာ)
ချောင်ပိတ်ခံရတဲ့  ခွေးလို
ခေါင်းကုပ်လိုက်..မေးစေ့ပွတ်လိုက်
ခေါင်းညိတ်လိုက်...ပြုံးပြလိုက် ။

ငါသိတယ်
ငါ့ သူငယ်ချင်း ရင်ဘတ်ထဲမှာ ယားနေပြီ ။

မလုပ်နဲ့  သူငယ်ချင်း....   မလုပ်နဲ့  ။

သူတို့ ပါးစပ်ထဲက အာဏာက
အရူးလက်ထဲက သေနတ်ပဲ ။

မလုပ်နဲ့  ။

မင်းဘူတာက ငါ့အတွက်
ဆော့ခရတ္တိရဲ့   အိမ် ။

မင်းဘူတာက
အ၀တ်မကပ်နိုင်တဲ့ လေလွင့်ကလေးငယ်တို့ အတွက်
ကစားကွင်း ။

မင်းဘူတာက
လောကဓံနဲ့  မျက်နှာကြော မတဲ့သူတွေ အတွက်
အရက်ဆိုင် ။

မင်းဘူတာက
ငွေပေးမှ ၀င်လို့ ရတဲ့ ခေတ်ထဲမှာ
ငွေကြေးချို့ တဲ့ သူ စုံတွဲတွေ အတွက်
 ပြည်သူ့  ရင်ပြင် ။

ယုတ်စွအဆုံး
မင်းဘူတာက
ခွေးလေ ခွေးလွင့်တွေအတွက် ဘုံဗိမ္မာန်လည်း ဖြစ်တယ် ။

မင်းဘူတာထဲမှာ
၅၁ သန်းထဲက အဆင်းရဲဆုံးဖြစ်တဲ့ 
ကောက်တို ဆိုတဲ့  လူတစ်စုကနေ
ဘယ်သူ့ အမိန့် မှ နာခံစရာ မလိုတဲ့ 
ခိုကလေးတွေ အထိရှိတယ် ။

မလုပ်နဲ့  သူငယ်ချင်း...မလုပ်နဲ့ ။

မင်းလို ကိုယ်ချင်းစာတတ်တဲ့  ဘူတာစာရေးလေးက
တစ်ခဏ ၊တစ်နာရီ ၊တစ်ည
နားခိုသူတွေအတွက်
အစားထိုးမရတဲ့ ဆုလာဘ် ။

မင်းဆီမှာ ရထားလက်မှတ်တစ်စောင် ၀ယ်ယူခြင်းဟာ
သူတို့ ထမင်း သူံးနပ်စားရဖို့ အတွက်
ခြွေတာခြင်းလို့  မင်းမှတ် ။

သူငယ်ချင်း.....
ရထားခဲပစ် ထောင်ဆယ်နှစ် ဆိုတာ
မင်းမဆိုချင်တဲ့  သီချင်းမှန်း ငါတို့ သိတယ် ။

အပိုကြေး တောင်းခံလျှင်
..........သို့  ဆက်သွယ်တိုင်ကြားနိုင်ပါသည် ...ဆိုတာ
မင်းနဲ့  ဘာမှ မဆိုင်တဲ့ တံဆိပ်မှန်း ငါတို့ သိတယ် ။

မလုပ်နဲ့  သူငယ်ချင်း....မလုပ်နဲ့ ။

သူတို့ သေသွားရင်
သူတို့ နာမည်တွေဟာ
သူတို့ ရဲ့  အရာမ၀င်ခဲ့တဲ့ ဂုဏ်ဒြပ်တွေနဲ့ အတူ
ပျောက်ဆုံး သွားမှာပါ ။

မင်းသေသွားရင်တော့
မင်းရဲ့ နာမည်ဟာ
ရေးမထားလည်း
ဒီဘူတာလေးမှာ အမြဲတမ်း ရှိနေမယ့် အရာ  ။...။


                          လူခါး
                       07 .10 . 2014 , tue

Tuesday, 30 September 2014

ဒါက ဒီလို ရှိပါတယ်နှင့် အခြား ကျွန်တော် (သို့ မဟုတ်) ခင်ဗျား မသိသောသဘောတရားများ''


by Lu Khar on Saturday, May 19, 2012 at 3:48am 

Lu Khar
  • ဟုတ်ကဲ့ ပါ ..ကဗျာ ရေ...ကိုယ်..ကဗျာပါ..။မောင်ကဗျာ၇ဲ့ ဘော်ဒါပေါ့..။ဒီမှာ ကဗျာတွေ ဝါဒနာ အ၇ လေ့လာ ရေးသားပါတယ်..။
  • ဒါပေမယ့် ကဗျာ ပြည်မှာတော့ ဘယ်သူသိမှာလဲဗျာ
  • ဒါပေမယ့် ကဗျာဆိုတာ လူတိုင်း၊ အထူးသဖြင့် လေ့လာ သင်ယူရင် လူတိုင်း တတ်မြောက်နိုင်တဲ့ အရာ လို့ ခံယူထားပါတယ်..။
  • ဘယ်အရာ မဆိုပါလေ..။
  • လေ့လာရင်ရ ရမယ်လို့ ...။
  • ဖတ်ရမယ်
  • မှတ်ရမယ်
  • စု .၊တု ၊ ပြု ..တဲ့ ..။ အဲဒိအတိုင်း ကိုယ်တို့ တော့ သွားနေတာပဲ ။
  • ဆရာ မောင်ကဗျာ  စာပေဟောပြောပွဲ လာတုန်း ကစကားလေး တစ်ခွန်း ။
  • စေတနာရယ်...။ ဝေဒနာရယ်...။အတတ်ပညာရယ်...တဲ့ ..။
  • အခုကဆရာကြီးတွေ က အရင်တုန်းကကိုယ် တို့ လိုပါပဲ ဆိုတာ မမေ့ နဲ့ လေ ။
  • ခု..ဒိလိုင်းပေါ်မှာ ..တစ်ချို့  ပညာစမ်း သလိုနဲ့  လာ လာပြီးပြောကြတယ်
  • ဘာပဲဖြစ်ဖြစ် ..ပြေလည်အောင်ပြောဆိုပြီး ပညာယူသင့်  ယူရတာပဲ.
  • ကိုယ်တို့ တော့  တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးမရင်း လျှောက်နေရတာပဲ ညီမရေ..
  • သေချာတာကတော့  ရပ်မပစ်တဲ့  ၇ထားတစ်စင်းအတွက် ဘူတာ က ရှိပြီးသားပဲလေ
  • ညီမလည်းကဗျာကောင်းတွေ ရေးသားမျှဝေ နိုင်ပါစေ..
  • တကယ်လို့  ..ကိုယ့်ရဲ့ ပထမဆုံး မိတ်ဆက်စာထဲမှာ .အမှားတစ်စုံတရာ ပါခဲ့ ရင် ခွင့် လွှတ်နားလည်ပေးပါ..။
  • သြော် ကဗျာစင်မှာဖော်ပြ ခံရဖူးတယ် ဆို..။လေးစားပါတယ်ဗျာ..။ကဗျာစရာ..ရယ်..ကဗျာစရာ..ရယ် ဟာ..ကဗျာ ရေးသူ အသစ်တွေအတွက် ပို့ သင့် တဲ့ စာအုပ်တိုက်တွေလို့  ကိုယ် ကမြင်ပါတယ်..။ပို့ လည်းပို့ ထားပါတယ်..။
  • ညီမလည်းပို့ ပါလား..။ကိုယ်တို့ တော့  ၂၀၁၂ ထဲ ကဗျာ ကို ကဗျာပြည် က ကဗျာပရိတ်သတ် လက်ခံအောင် ကြိုးစားမယ် လို့  ဆုံးဖြတ်ထားတယ်လေ..။
  • ကဗျာ့ ကဗျာ လေးတွေ ဖတ်သွားပါသေးတယ်
  • ကဗျာ(ရွှေတောင်မြေ).စာအုပ်ထွက်ထားတယ်..
  • February 10
    Lu Khar
    • သူ့ ကဗျာတွေ နဲ့ ကဗျာ့ ကဗျာတွေ ဆင်တယ်
    • ခံစားမှုအားကောင်းကြတဲ့  ကဗျာ ဆရာ မ တွေပဲ..။
    • လေးစားလျှက်..ကဗျာ
  • February 1
     သူမ.......
    • ကဗျာရေ..စာအရှည်ကြီးပြန်ချင်လို့ အေးအေးဆေးဆေးရေးမယ်ဆိုပြီး စာပြန်နောက်ကျတာ ခွင့်လွှတ်နားလည်ပေးပါနော်..ကဗျာရဲ့စာတွေဖတ်ရတာ အားဖြစ်စေပါတယ်..ကျေးဇူအများကြီးတင်ပါတယ်..ကဗျာအတွက်တော့ ကိုကဗျာက အဆိုးအကောင်းအားလုံးလမ်းပြပေးပါတယ်..ကဗျာ က ၀ါသနာပါလို့ရေးထားတာလေးတွေကို တင်ကြည့်တာပါ..အများကြီးတော့ မရေးတတ်ဘူး..ဒါပေမဲ့ ကဗျာတို့အားလုံးနဲ့ ခင်မင်ခွင့်ရတာ တကယ်ဝမ်းသာမိတယ်..အခုတော့ ကိုယ်ကရေးဖို့ထက် သူများကဗျာတွေလိုက်ဖတ်နေရင်းကို ပျော်နေတော့တာပဲ..ကဗျာ ရေ..ကဗျာ့အတွက်တော့ ကိုကဗျာက အစစလမ်းညွှန်ပေးတယ်..တကယ် ၀ါသနာတူ ဖေးမကူတဲ့ မိတ်ဆွေကောင်းပါပဲ..ကဗျာလဲ ဘာပဲဖြစ်ဖြစ် ကဗျာ မရေးတတ်ရေးတတ်နဲ့ ရေးသမျှ ကဗျာလေးတွေကို ပြုပြင်ပေးဖို့ တောင်းဆိုပါတယ်..အမှန်ပြောရရင် စာရေးတာနဲ့ ကင်းကွာနေတာ တော်တော်ကြာနေပြီ..အခုမှပြန်စပြီးလေ့လာနေတာပါ..
  • February 10
  • သူမ............
    • ကဗျာ ပြောတဲ့ “သေချာတာကတော့  ရပ်မပစ်တဲ့  ၇ထားတစ်စင်းအတွက် ဘူတာ က ရှိပြီးသားပဲလေ”ဆိုတဲ့စကားလေးကို အရမ်းကြိုက်ပါတယ်..အားလဲဖြစ်စေတယ်..ကဗျာတို့ ကိုကဗျာတို့ ရေးသမျှ ကဗျာတွေ ၀တ္တုတွေ အားလုံးကို ဖတ်ချင်ပါတယ်..ညီမလဲ အလုပ်တဖက်ကြားက ဖတ်လိုက် မှတ်လိုက် လေ့လာလိုက်နဲ့ဆိုတော့ ကိုယ့်ကိုယ်ကိုတောင်အားမရပါဘူး..ဘာပဲဖြစ်ဖြစ် တနေ့တလံ ပုဂံဘယ်မရွေ့ပဲ ဒီလမ်းကိုရောက်သလောက် သွားချင်တယ်..အကိုတို့တွေက လမ်းပြကူညီ ပဲ့ပြင်ဆုံးမပေးကြပါလို့ ဂါရ၀တရား ရှေ့ထားပြီး တောင်းဆိုပါရစေ..ကဗျာပြောတဲ့ ဇင်နှင်းသစ် စာအုပ်ကို ရှာဖတ်ကြည့်ဦးမယ်..စာအုပ်ကောင်းတွေလမ်းညွှန်ပေးပါနော်..ကျေးဇူးများစွာတင်ရင်း ဖေးမတတ်တဲ့ အကိုတို့တွေရဲ့ လက်တွေ ကဗျာအသစ် အသစ်တွေနဲ့ ကမ္ဘာတည်ပါစေသောဝ်..ခင်မင်လေးစားလျှက်..ကဗျာ
  • March 1
  • သူမ...
    • ကဗျာ  မတွေ့တာကြာပေါ့ နေကောင်းတယ်နော
  • March 1
    Lu Khar
    • ဟာ
    • ကဗျာရေ....f b ကြီး ဖွင့်ပြီး gmail ထဲရောက်နေလို့ ဗျို့ 
    • ကဗျာရေ...ကဗျာ့ စာကို ၂ မိနစ် အကြာမှတွေ့ တာရယ်
    • စိတ်မရှိပါနဲ့ နော်
  • March 1
  • သူမ...................
    • အမလေး ကဗျာရေ..ကဗျာလို့ မခေါ်ပါနဲ့ရှင်..အားလုံး ကိုယ့်ကဗျာတွေပဲ
    • မရှိပါဘူး
  • March 1
    Lu Khar
    • လေးစားလို့ ပါဗျာ
    • ကဗျာ ရေးသူတိုင်းကိုလေးစားပါတယ်
  • March 1
  • သူမ...........
    • ဟုတ်ပါတယ် ကဗျာ လဲ အဲလိုပဲ ကဗျာ သူတိုင်းကို လေးစားတယ်
  • March 1
    Lu Khar
    • ''မလေးရှား''
      ညီမလေးက ကွာလာလမ်ပူမှာ
      ညီလေးက ဂျိုဟိုးဘာရူးမှာ
      အစ်ကိုကြီးက ပီနန်မှာ
      ပိုက်ဆံလွှဲလိုက်ပါတယ်
      အဖေ အရက်မသောက်ပါနဲ့ နော်..။...။
      လူခါး
      ၀၁၊ ၀၃၊ ၂၀၁၂၊
      ၀၃ ၊၀၁ ၊၅၀ am
      malaysia ၊ serembem
      Like ·
  • March 1
    Lu Khar
    • ကြုံတုန်း ကြွားတာ..ဟားး
    • ဘာတွေရေးဖြစ်သေးလဲဗျ
  • March 1
    • ဟိ ကောင်းတယ်
    • တိုတိုလေးနဲ့
    • အရမ်းသဘောကျတယ်
    • အဲလိုရေးတတ်ချင်တာ
  • March 1
    Lu Khar
    • ဟုတ်..ဟုတ်.မဟုတ်ဟုတ် ..ကျေနပ်ပြီးဘဝင်မြင့် သွားတာပဲဗျ
  • March 1
  • သူမ...........
    • မရေးဖြစ်ဘူး ကဗျာ
  • March 1
    Lu Khar
    • ဟင်
  • March 1
  • သူမ............
    • ဒီနေ့မှ ကဗျာ ပေါ်ပြန်ရောက်တယ်
  • March 1
    Lu Khar
    • ဟုတ်ဘူးလေ ကဗျာ မှာရေးပေါ့
  • March 1
  • သူမ...........
    • အကို ကဗျာ နဲ့  လဲ မတွေ့တာကြာပေါ့
  • March 1
    Lu Khar
    • ကျွန်တော်ကဗျာ လိုင်းပေါ်မှာ တစ်ထိုင်တည်းမရေး ဖူးဘူး
    • မောင်ကဗျာ ပိတောက်ကဗျာတွေ့ လား
    • သူ့ ဝေါမှာ
  • March 1
  • သူမ............
    • ဟုတ်ကဲ့ဒါပေမဲ့ အခု ရေးဖို့ထက် ဖတ်ဖို့အားသန်နေတယ် အခုလောလောဆယ် ကိုကဗျာဝက်ဆိုဒ်ထဲမှာ
    • အော်..ကဗျာလဲ အဲဒါပဲပြောနေတာ
  • March 1
    Lu Khar
    • ကဗျာ ရေ..နေ့ စဉ်ရေးဖြစ်အောင်လေ့ ကျင့် ထားသင့်တယ်
    • ရသလောက်..စာရွက်မှာရေးထားပေါ့ 
    • ကိုယ်တို့ က အဲသလို ပဲ ရေးဖြစ်တယ်
    • ည ဆိုင်းလေ ..အလုပ်က
    • အလုပ်လုပ်ရင်း ရေးတာပဲ ..
    • ပထမတော့ မရဘူး
    • နောက်တော့ လျှေက်ခြစ်ရင်း နဲ့ ရသွားတာ
  • March 1
  • သူမ............
    • ဟုတ်တယ် ကဗျာ ...ကဗျာ  လဲကြိုးစားမယ်
  • March 1
    Lu Khar
    • ကဗျာ  ရေ ပြန်တော့မယ်..။ည ..အလုပ်ဝင်ရမယ်..။ဘိုင့် ..။
  • March
  • သူမ............
    • ဟုတ်ကဲ့
    • ဘိုင်
  • May 9
    Lu Khar
    • ကဗျာ...ရေ..။ကဗျာ  ပို့ ပေးတဲ့ ကဗျာ စာအုပ်တွေ ရောက်တယ်နော်..ကိုယ်တို့ ကို ထပ်ကူညီသောအားဖြင့် ကဗျာ ရဲ့ လိပ်စာကို ကျေးဖူးပြု၍
    • ပို့ ပေးစေချင်ပါတယ်
    • တကူးတက ကူညီတဲ့ ကဗျာ့ စေတနာ၊ စာပေ စိတ်ဓာတ်ကို လေးစား အသိအမှတ်ပြုပါတယ်.။
    • ကိုယ်တို့ တွေ အဲဒီတန်ဖိုးတွေမှ ပေးခွင့် မရရင်
    • စာအုပ်တွေဖတ်တိုင်း တစ်ခုခုတာဝန်မကျေသလိုဖြစ်နေလိမ့်နယ်..ကဗျာ ရယ်..
    • စာတွေ၊ ကဗျာ တွေဆက်ရေးနိုင်ပါစေ လို့ ဆုတောင်းပေးနေပါတယ်..။
    • လေးစားလျှက်....ကဗျာ
  • May 11
    Lu Khar
    • ကျနော် ပို့ ထားတဲ့မက်ဆေခ်ျ့ လေး ရာက်ရဲ့ လား ဗျ
  • May 11
  • သူမ...................
    • ကဗျာရေ မင်္ဂလာပါ
    • ရောက်ပါတယ် ကဗျာ
    • အစ်ကိုကဗျာ နေကောင်းတယ်နော်
  • May 11
    Lu Khar
    • နေကောင်းပါတယ်ဗျ
    • မင်္ဂလာပါဗျ
    • ဟုတ်
    • လိပ်စာ လေးတော့ ပို့ ပေးပါဗျာ
    • အပြန်ကျရင် လာမလည် ပါဘူး
  • May 11
    Lu Khar
    • ၁၃ ရက်နေ့ မှ မောင်ကဗျာ နဲ့ တွေ့ ဖို့ ချိန်းထားတယ်
  • May 11
  • သူမ................
    • လာလည်မှ ရမယ်လေ..အစ်ကိုကဗျာ တို့က ကဗျာကို မုန့်မ၀ယ်ကျွေးတော့ဘူးလားဗျ
  • May 11
    Lu Khar
    • မုန့် လည်း ကျွေးမယ်..ပိုက်ဆံ ပို့ ပေးဖို့ လည်း လိပ်စာ ၊ နာမည်၊ မှတ်ပုံတင်အမှတ် ပို့ ပေးပါဦးဗျ
    • ကဗျာရေ..ကဗျာ
  • May 11
  • သူမ..........
    • အစ်ကိုရေ..အစ်ကိုကဗျာက ကဗျာ ၀ါသနာရှင်ကို အတ်ပေးလို့ စာတွေဖတ်ရတာပျော်နေတယ်
    • အဲဒီကဗျာကိုလဲ ကျေးဇူးအရမ်းတင်တယ်လေ
  • May 11
    Lu Khar
    • ဟို ..စိတ္တဇညများ ဆိုတဲ့ ကဗျာလေး လို နည်းနည်း ဘဝ လေးတွေ ထည့် ရေးရင် ပိုမိုက်တယ်ဗျ
    • ဆရာ ကဗျာက ကျနော်တို့ ဝါသနာရှင်တွေ ကို သိပ် အလေးပေးတယ်ဗျ
  • May 11
    • ဟာ အစ်ကိုကဗျာကလဲ သူစိမ်းဆန်လိုက်တာ..ပိုက်ဆံက ဘယ်လောက်မှ မကျပါဘူး..အစ်ကိုကဗျာကို ပြောပြီးပါပြီ..မုန့်ဝယ်ကျွေးပါလို့..ကဗျာတို့နဲ့ခင်ရတာကို ၀မ်းသာလှပါပြီ
  • May 11
    Lu Khar
    • ဟာ
    • ဒီလိုဗျ
    • ဘယ်လိုပြောရမလဲ
    • ကဗျာ့ အတွက်က အပန်းမကြီး ဘူး ပေါ့ဗျာ..
  • May 11
  • သူမ...........
    • လိပ်စာက ပေးလို့ရပါတယ်..ပိုက်ဆံလွှဲမှာကြောက်လို့သာ...
  • May 11
    Lu Khar
    • ကျနော်တို့ ကနေရတာ ဘယ်လိုကြီးမှန်းမသိဘူး ရယ်
    • ရန်ကုန် မျာ အမြဲ ရှိမယ် မဟုတ်လားဗျ
  • May 11
  • သူမ...............
    • ကဗျာလိပ်စာက အမှတ်(ကဗျာ )၊ အခန်း(ကဗျာ )၊ ကဗျာ  လွှာ၊ ကဗျာလမ်း၊ကဗျာရပ်ကွက်၊ကဗျာ မြို့နယ်၊ကဗျာမြို့။
    • ဖုန်းနံပါတ်က ၀၉...........ကဗျာ
    • အစ်ကိုကဗျာ ရေ ညီမ မနက်ဖြန် ၇နာ၇ီမှာ အစ်ကိုတို့ဆွေးနွေးတာဖတ်မယ်နော်..အခုခဏအောက်မယ်
  • May 11
    Lu Khar
    • ဟုတ်ကဲ့ ဗျ
                                       ဘာရယ်မဟုတ်ပါ..။ နိုင်ငံခြားတစ်နေရာထိ ကဗျာစာအုပ်(၁၈) အုပ်တိတိ
                                       တကူးတက ပို့ ပေးရှာသော(လက်ဆောင်တဲ့ဗျာ)
                                       ကဗျာရေးသော၊ ကဗျာ ချစ်သော ဝါသနာတူ ကဗျာဆရာမ တစ်ယောက်အား
                                       အမှတ်ရသောအားဖြင့် ဖန်တီးခြင်း ။
                                                                                                    လူခါး
                                                                                                        ၁၉ ရက်၊ မေလ၊ ၂၀၁၂
                                                                                                        ညနေ  ၆နာရီ ၃၀ မိနစ်  

Monday, 12 November 2012

သားကြီး။ မင်းနဲ့ ။ ငါနဲ့ ။ ပြီးတော့ ငါတို့ စိုက်ပျိုးခဲ့တဲ့ အမျှော် နဲ့ ။


သားကြီး။
ကြားလား။
အခု ပြောမယ့်စကားတွေမှာ မုသားမပါဘူး။
ဘာအနက်မှ ဝှက်မထားသလို ဘာအရောင်မှလည်းဆိုးမထားဘူး။ အဖြူသက်သက်။
ငါ မင်းကိုခေါ်တဲ့ဖုန်းတစ်ကောလ်နဲ့  မင်းငါ့ကိုခေါ်တဲ့
ဖုန်းတစ်ကောလ် ။ အဲဒါ ငါတို့ နှစ်ယောက်ရဲ့ ဆက်ထုံးပဲ။
တွေ့ ခဲ့ကြတယ်။ မင်းနှစ်ဆယ့်ကိုး။ ငါ နှစ်ဆယ့်ရှစ်။ လူဖြစ်စ။
မှတ်မိလား။ငါရေးတဲ့ကဗျာ။ဆယ့်လေးအမြှောက်နှစ် ။နှစ်ဆယ့်ရှစ်နှစ်ရှိပြီဆိုတာ။
ဒါပဲ။သူပဲ။ကဗျာပဲ။ငါတို့ နှစ်ယောက်ကိုချိတ်ပေးတာ ကဗျာပဲ။
မင်းချစ်တဲ့ကဗျာပဲ။မင်းလက်ဖျံရိုးပေါ်ကနီရဲနေတဲ့တက်တူးလို ရဲနေတဲ့
မင်းစိတ်ဓာတ်။နီနေတဲ့မင်းနာမည်။ငါသိတယ်။မင်းမှုတ်ထုတ်ပစ်လိုက်တဲ့
မီးခိုးငွေ့ တွေဟာငယ်စဉ်တောင်ကျေးကတည်းကမင်းရဲ့ မကျက်သေးတဲ့အနာတွေ။
ငါသိတယ်။မင်းပစ်လွှတ်လိုက်တဲ့အကြည့်တွေဟာမာယာနွံထဲခြေချမိကတည်းက
ဖောက်ထုတ်ပစ်ချင်တဲ့ ဒဏ်ရာတွေ။
သေသူမှာ အသက်ရှူရပ်တော့ ရှင်သူမှာ အသက်ရှူ ကျပ်ရတယ်။
မင်းစိုက်ခဲ့တဲ့ပျိုးခင်း။မင်းရေးခဲ့တဲ့သမိုင်း။မင်းထားခဲ့တဲ့အဘိဓမ္မာ။
မင်း တာဝန်ကျေပါတယ်ကွာ။ မင်းဟာ ခရမ်းပြာထက်လူလို။
ဟိန်းစံ(ပဲခူး)လို။မင်းလုလင်လို။ဆူးခက်မင်းလို။
ကဗျာကို ချစ်တယ်။ ကဗျာတွေရေးတယ်။အနုပညာ။
အနုပညာဟာ မင်းအမြဲဆိုနေတဲ့သီချင်း။မင်းထွန်းမဲ့အလင်းဟာ။
ပဲခူးတစ်တိုင်းလုံးလင်းစေဦးမယ်။
လင်းကိုလင်းစေဦးမယ်။ငါ အသေအချာပြောရဲတယ်။
သားကြီး။သွေးထား။မင်းလက်ထဲက ဓားကို။သွေးထား။
တွေးထား။မင်းဖြိုခွင်းပစ်ရမဲ့ နံရံထူထူတွေအတွက်။တွေးထား။
အမေ့အတွက်။ပဲခူးအတွက်။နိုင်ငံအတွက်။တိုင်းပြည်အတွက်။
မင်းချစ်တဲ့အနုပညာအတွက်။သွေးထား။သားကြီး။တွေးထား။
မင်းနဲ့ ငါဟာ ။ ဆေးလိပ်နဲ့ မီးခြစ်လို။
နှစ်ယောက်ပေါင်းမှ အဓိပ်ပါယ်ရှိတာ။မမေ့နဲ့ ။
မေ့မသွားနဲ့ ။မိဝေးဖဝေးမှာ လောကဓံကို ရဲရဲကြီးအံတုခဲ့ကြတာ။မေ့မသွားနဲ့ ။
မေ့မသွားနဲ့ ။လက်ညှိုးညွှန်ရာရေမဖြစ်တဲ့ဘဝမှာ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ကြတာ။မေ့မသွားနဲ့ ။
KLCCကြီးကို ကျောခိုင်းပြီး
ဟားရော့ခ်ကဖေးကိုတက်မက်ခဲ့ကြတာ။မေ့မသွေားနဲ့ ။
ကိုတာရာယာကြီးကို ကျောခိုင်းပြီး
အမည်ခံဦးသန့် လမ်းကို အမြတ်တနိုးသွားကြည့်ခဲ့ကြတာ။မေ့မသွားနဲ့ ။
သားကြီး။
ခမ်းနားလိုက်တာ။ပြင်သစ်သံရုံးကြီး။ဂျာမနီသံရုံးကြီး။စပိန်သံရုံးကြီး။
ဟော ဟိုမှာ မြင်နေရတာ ငါတို့ မြန်မာသံရုံးလေးပေါ့ကွာ။မေ့မသွားနဲ့ ။
MY DIN ဖြစ်ဖြစ် DIN MYဖြစ်ဖြစ် သေချာတယ်။ အဲဒီရှေ့ မှာ လမ်းဟာ
ငါတို့ ကို ပြန်လျှောက်ခဲ့တယ်။ ငါတို့ ခေါင်းပေါ်ကတဝီဝီ မိုးပျံရထားကြီး။
မမေ့နဲ့  သားကြီး။ဟိုမှာ သူဌေးငှာေးပးတဲ့ အဆောင်။ ငါ့ညီမလေးတစ်
ယောက် ဟိုအကောင်ကို ခေါ်တင်လာပြီ။မမေ့နဲ့ ။ မေ့မသွားနဲ့ ။ သားကြီး။
မေ့မသွားနဲ့ ။ဒါဟာ လျှက်တစ်ပြက် ရိုက်ချက်မဟုတ်ဘူး။ နှလုံးသားနဲ့ 
ရိုက်ထားတဲ့ ရိုက်ချက်။
ရှိသေးတယ် ။သားကြီး။
သမိုင်းပေးတာဝန်တွေ။
ရှိသေးတယ်။ငါတို့ မိုးကို ဒူးနဲ့ တိုက်ရဦးမယ်။ငါတို့  လောကဓံကို မီးတင်ရှို့ ရဦးမယ်။
ငါတို့ အနာဂတ်ကို လက်ညှိုးငေါက်ငေါက်ထိုးရဦးမယ်။
ရှေ့ မှာ လင်းနေတဲ့ အလင်းတုတွေကို စနစ်တကျ ပြန်မှောင်ခိုင်းရဦးမယ်။
သားကြီး။
မမေ့နဲ့ ။
မမေ့နဲ့ ကွာ။
မမေ့နဲ့ ။
ငါတို့ ဒီလို အလင်းမှုန်မှုန်လေးရဖို့ ဘယ်လောက်အထိ မှောင်မိုက်ခဲ့ရတယ် ဆိုတာ
မင်း   မေ့မသွားနဲ့  ။

                                                                                     မောင်ရဲမင်း (ပဲခူး) အတွက်

                                                                              လူခါး

Tuesday, 9 October 2012

ကြယ်ပျောက်ကြော်ငြာ

မိုးပေါ်ကကြယ်တစ်လုံး
တိမ်ဖုံးပါလို့ ရောင်စဉ်ကွယ်
မင်းဘယ်မှာတုန်း.....။
တွေ့လိုဇောရယ်နဲ့
စိတ်စောကာဖွေရှာပြန်တော့
ကွယ်.....မောလို့မဆုံး....။
အာရုံဦးလင်းကြက်ဆော်
ထက်အာကာရှေ့နန်းဆီက
ရောင်နီတော်ယှက်ကာသမ်း....။
ငွေကြယ်ဖြူရောင်စဉ်ဖြာ
သူဘယ်ခါလင်းရှာပေလိမ့်
ကွယ်....မျှော်ရင်းနဲ့လွမ်း......။

                              ရိုးရာ(ခ) မိုးမြင့်ရဲနေငြိမ်း
                              (၂၄.၅.၂၀၁၂ ည ၇ နာရီ)



သတင်း


ဟိုတစ်နေ့က
မနေ့က
ဒီနေ့နှင့်
မနက်ဖြန်
ကြားခဲ့ပြီး
ကြားဆဲ
နားထောင်ရအံ့
.......................
......................။ ။

                ဟိန်းစံ(ပဲခူး)
ကျွန်တော် အကြောင်းအမျိုးမျိုးကြောင်း ပြည်ပနိုင်ငံ တစ်ခုရဲ့ အချုပ်ခန်းထဲ
ရောက်ခိုက်မှာ ကိုဟိန်းစံ ရေးဖြစ်တဲ့ ကဗျာ လို့  ဆိုပါတယ် ..။

မင်းဖုန်းနံပါတ်ကို ငါ အကြိမ်ကြိမ် ခေါ်



                                                                                                 လင်းလက်တာရာ
                                                                                       ပြုံးစရာ မဂ္ဂဇင်း၊ ၂၀၁၂၊ စက်တင်ဘာ