Saturday 18 May 2013

ဖာဂူဆန်ကြီး နားသွာပြီ

တောက်....
ဖာဂူဆန်ကြီးတောင် နားသွားပြီ
ကြွားလုံးထုတ်တတ်တဲ့လူသာဆို
ချံပီယံ ၊ ပရီးမီးယား  ၊ အက်ဖ်အေ ၊ ကွန်မြူနစ်တီ
......၊.......၊......၊.......၊.......တွေ
လက်ညျိုးထိုးပြရင်း
ငါယူပေးခဲ့တာ.....၊ ငါယူပေးခဲ့တာလို့ 
မဏ္ဍပ်တိုင်တက်ပြမှာသေချာ
ဘက်ဟမ်းကိုရောင်းထုတ်တုန်းက
စီရော်နယ်ဒိုကို အသင်းပြောင်းခွင့်ပေးလိုက်တုန်းက
လှည့်စားချက်တွေလား
တက်မဲ့ အညွှန့် ကို ချိုးဖဲ့ပစ်တာလား
အဲသလို မျက်လုံးတွေ လည်ခဲ့
အဓိက က ဂိုးရဖို့ ပဲ
အဓိက က ဖလားကြီးကို ဟောသလို ကိုင်မြှောက်ခွင့်ရဖို့ ပဲ
သူ့ ဒသန နဲ့ သူ ခရီးဆက်ရင်း
အကောင်းဆုံးဘောလုံးသမားတစ်ယောက်ထက်
အကောင်းဆုံးဘောလုံးအသင်းတစ်သင်းက
ပိုချစ်စရာ ၊ ပိုယုံကြည်ရာ ၊ ပိုအားကိုး ရာ ဖြစ်ကြောင်း
နံရံမှာ ထင်ထင်ရှားရှား ရေးပြခဲ့
ဝင်ငွေဘယ်လောက်များများ
ဆုတွေ ဘယ်လောက်ရရ
အခွင့်အရေးတွေ ဘယ်လောက်ရှိရှိ
ဖာဂူဆန် ၀ါးနေတာ ပီကေ က ပီကေ ပဲ
ဘယ်တော့မှ မပြောင်းဘူး
အဖြူရောင် ပီကေ က အဖြူရောင် ပီကေ ပဲ
ဂလေဇာ မိသားစုကို ကမ္ဘာကျော် သူဌေးဖြစ်အောင်လုပ်ပေးခဲ့တာ မဟုတ်ဘူး
ဝိန်းရူနီကို ပြိုင်ဘက်ကင်းအောင် မွေးမြူခဲ့တာ မဟုတ်ဘူး
သူ့ အသိုင်းအ၀ိုင်းကို ထင်ရာစိုင်းဖို့  ဖန်တီးပေးခဲ့တာ မဟုတ်ဘူး
မန်ချက်စတာ ယူနိုက်တက်  တစ်သင်းလူံးကို သိက္ခာရှိအောင်လုပ်ပေးခဲ့တာ
မန်ယူ
မန်ယူ ...ကွလို့ 
ကမ္ဘာကချစ်အောင်လုပ်ပြခဲ့တာ
ပြည်သူက မြတ်နိုးလာအောင် လုပ်ပြခဲ့တာ
ဖာဂူဆန်ကြောင့် ဆင်းရဲမွဲတေ သွားတဲ့ မိသားစူ မရှိဘူး
ဖာဂူဆန်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ အိမ်ထောင်ဦးစီး မရှိဘူး
ဖာဂူဆန်ကြောင့် ဖာ ဖြစ် သွားတဲ့ မိန်းမ မရှိဘူး
ဘယ်နိုင်ငံသား၊ ဘယ်လိုသွေး ၊ ဘာ လူမျိုး ၊
အယူစွဲ၊ ၀ါဒကွဲ၊ လူတန်းစား စွဲ
ဂိုဏ်းဂန ကွဲသွားတာ မရှိဘူး
မန်ယူပရိတ်သတ်က ကျွေးတဲ့ထမင်းကို စားမိလို့ 
မန်ယူ ပရိတ်သတ်ကို ကျေးဇူးဆပ်ခဲ့တာ
မန်ချက်စတာ ယူနိုက်တက်ရဲ့  အရှင်သခင်
မန်ချက်စတာ ယူနိုက်တက်ရဲ့  ကျွန်ယုံ
သူ့ ဂိုးပေါက်ကို တစ်လုံးအကန်ခံရတိုင်း
သူ့ ပရိတ်သတ်ကို ကတိတစ်ခု ပေးခဲ့တယ်
အပြီးစလွယ် မဟုတ်ဘူး ၊ အပြီးစလွယ် မဟုတ်ဘူး
အပြီးစလွယ် လုံးဝ မဟုတ်ဘူး
တတ်ယောင်ကား မဟုတ်ဘူး ၊ တတ်ယောင်ကား မဟုတ်ဘူး
တတ်ယောင်ကား လုံးဝ လုံးဝ မဟုတ်ဘူး
အရိုးကျေကျေ အရေခမ်းခမ်း
သူ ပစ်လိုက်တဲ့ ကျည်ဆံ သူများကို မမှန်ရင်
သူ့ ကို ပြန်မှန်ခံဝံ့သည်ထိ  လူကြီးလူကောင်းပီသသူ
လက်အောင်ငယ်သားတွေ နှင်းထူထူထဲ လေ့ကျင့်ရင်
သူလည်း နှင်းထူထူထဲ
လက်အောင်ငယ်သားတွေ မြက်ခင်းပြင်မှာဆို
သူလည်းမြက်ခင်းပြင်မှာ
ဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို့ က လူ ၁၂ ယောက်ညီမှ ရတယ်
၁၂ ယောက်မှာ ၁၂ ယောက်စလုံးက key player ပဲ
တိုက်ရဲရမယ်၊ ဆုတ်ရဲရမယ်
ခေါင်းဆောင်ကောင်းတစ်ယောက်သည် ရန်သူ့ စခန်းအား မည်သို့ သိမ်းပိုက်ရမည်ကို
သိသကဲ့ သို့  မိမိဆုံးဖြတ်ချက်မှားယွင်းပါက   ပေးလာသော အကြံဥဏ်အား
မကြောက်မရွံ့  မာန်မာန ကင်းမဲ့စွာ လက်ခံရယူရဲရမည်
ဒါ သူ့ တရား
တခြားလူ မဟုတ်ဘူး
ဖာဂူဆန်
ဆာအဲလက်စ်ဖာဂူဆန်
1986. nov-2013.may
၂၇ နှစ်
ဂုတ်သွေးစုပ်ခဲ့တာ မဟုတ်ဘူး
အလုပ်အကျွေး ပြုခဲ့တာ ။    ။

                                        လူခါး

No comments: