မျှော်လင့်ချက်တွေကို အရောင်ဆိုးဖို့ 
ဒီတောကို ကျွန်တော်တိုးခဲ့တယ်
ဆင်သွားရင် လမ်းဖြစ်....တဲ့
ဘယ်ခေတ်မှာ ကျန်ခဲ့ပြီလဲ
ဒီခေတ်မှာတော့ ဘယ်သူမှ
လမ်းသစ်ကို မထွင်နိုင်သေးဘူး..။
ဘဝတစ်ခုလုံးကို ခေါင်းပေါ်တင်ပြီး
ဆံပင်ပုံစံလို ပြင်ရင်းပြင်၇င်းနဲ့ 
နောက်ဆံုးတော့...
ကမ္ဘာပေါ်မှာ ကတုံးတစ်ယောက်တိုးလာတာပဲ
အဖတ်တင်တယ်..။
ဘီလ်ဂိတ်ရေ ခင်ဗျားရဲ့ ဆော့ဖ်ဝဲတွေအကြောင်း
ကျွန်တော့်ကို ရှင်းပြပါလား
လျော့ရဲနေတဲ့ဘဝကို
အချိန်မှီ ပြင်ဆင်ချင်လို့ ပါ...။
ကျန်စစ်သားကိုခေါ်ပြီး
အရိန္ဒမာလှံနဲ့  တို့ ခိုင်းရရင်ကောင်းမလား
ခါးလွန်းတဲ့ဘဝ ချိုချင်လို့ ...။..။
လူခါး
လမ်းသစ်ဂျာနယ်(မလေးရှား)
ဒီတောကို ကျွန်တော်တိုးခဲ့တယ်
ဆင်သွားရင် လမ်းဖြစ်....တဲ့
ဘယ်ခေတ်မှာ ကျန်ခဲ့ပြီလဲ
ဒီခေတ်မှာတော့ ဘယ်သူမှ
လမ်းသစ်ကို မထွင်နိုင်သေးဘူး..။
ဘဝတစ်ခုလုံးကို ခေါင်းပေါ်တင်ပြီး
ဆံပင်ပုံစံလို ပြင်ရင်းပြင်၇င်းနဲ့ 
နောက်ဆံုးတော့...
ကမ္ဘာပေါ်မှာ ကတုံးတစ်ယောက်တိုးလာတာပဲ
အဖတ်တင်တယ်..။
ဘီလ်ဂိတ်ရေ ခင်ဗျားရဲ့ ဆော့ဖ်ဝဲတွေအကြောင်း
ကျွန်တော့်ကို ရှင်းပြပါလား
လျော့ရဲနေတဲ့ဘဝကို
အချိန်မှီ ပြင်ဆင်ချင်လို့ ပါ...။
ကျန်စစ်သားကိုခေါ်ပြီး
အရိန္ဒမာလှံနဲ့  တို့ ခိုင်းရရင်ကောင်းမလား
ခါးလွန်းတဲ့ဘဝ ချိုချင်လို့ ...။..။
လူခါး
လမ်းသစ်ဂျာနယ်(မလေးရှား)
No comments:
Post a Comment