ဘိုးဘေးဘီဘင်တွေရဲ့  ဂုဏ်သိက္ခာတွေကို
မီးလောင်တိုက်သွင်းပြီး
ဟီရိသြတပ္ပတရားတွေကို
သားကောင်တစ်ကောင်လို ချနင်းပစ်လိုက်တယ်...။
သဲကိုးဖြာကို ဖိန့် ဖိန့် တုန်ရမယ့်ခေတ်ကကုန်ခဲ့ပြီ
မယုံရင် အချစ်ရှိသည်ဇုန်ထဲ ဝင်လာခဲ့
မကျည်းကိုးပင် ပုံပြင်တွေကို
အိပ်ယာဝင်တေးအဖြစ် ငါ ဆိုပေးမယ်...။
မင်းတုန်းမင်းရဲ့ မူကို ယူပြီးတော့
တပင်လဲတပင်ထူစနစ်ကို
ပင်လယ်ထဲမျှောပစ်မယ်
အပြုံးတုတွေနဲ့  သြကာသဝဲဂယက်ထဲ
အချစ်ကိုဖိနပ်လုပ်စီးပြီး
မိုးမမြင်လေမမြင် ရွက်လွှင့်ကြမယ်..။
အိုင်တွေ့ လို့ မှခြေမဆေးရဲရင်
ဘယ်သူ့ အပြစ်ဖြစ်မလဲ
ကြောင်ခံတွင်းပျက်ဆိုတဲ့နာမည်ကို
ဆရက်တောင်ပံကျိုးနေ့ က အမည်ပေးခဲ့
မီးလောင်တိုက်သွင်းပြီး
ဟီရိသြတပ္ပတရားတွေကို
သားကောင်တစ်ကောင်လို ချနင်းပစ်လိုက်တယ်...။
သဲကိုးဖြာကို ဖိန့် ဖိန့် တုန်ရမယ့်ခေတ်ကကုန်ခဲ့ပြီ
မယုံရင် အချစ်ရှိသည်ဇုန်ထဲ ဝင်လာခဲ့
မကျည်းကိုးပင် ပုံပြင်တွေကို
အိပ်ယာဝင်တေးအဖြစ် ငါ ဆိုပေးမယ်...။
မင်းတုန်းမင်းရဲ့ မူကို ယူပြီးတော့
တပင်လဲတပင်ထူစနစ်ကို
ပင်လယ်ထဲမျှောပစ်မယ်
အပြုံးတုတွေနဲ့  သြကာသဝဲဂယက်ထဲ
အချစ်ကိုဖိနပ်လုပ်စီးပြီး
မိုးမမြင်လေမမြင် ရွက်လွှင့်ကြမယ်..။
အိုင်တွေ့ လို့ မှခြေမဆေးရဲရင်
ဘယ်သူ့ အပြစ်ဖြစ်မလဲ
ကြောင်ခံတွင်းပျက်ဆိုတဲ့နာမည်ကို
ဆရက်တောင်ပံကျိုးနေ့ က အမည်ပေးခဲ့
ဖျာလိုအနင်းခံလိုသူများ အမြန်ဆက်သွယ်ပါ...။
ဇနီးမယား သမီးသားနဲ့  ကြွေးများစွာကို
မလေးရှားမှာ ကလေးကစားစရာလို လုပ်ပစ်မယ်
အလုပ်ဖြစ်ချင်တယ်ဆိုရင်တော့
016 ကို misscall လေး ပစ်လိုက်
နောက်တစ်ယောက်မတွေ့ ခင်အထိ
နွံ..နွံ....နွံတွေထဲမှာ နှစ်ပစ်လိုက်မယ်..။
ဇနီးမယား သမီးသားနဲ့  ကြွေးများစွာကို
မလေးရှားမှာ ကလေးကစားစရာလို လုပ်ပစ်မယ်
အလုပ်ဖြစ်ချင်တယ်ဆိုရင်တော့
016 ကို misscall လေး ပစ်လိုက်
နောက်တစ်ယောက်မတွေ့ ခင်အထိ
နွံ..နွံ....နွံတွေထဲမှာ နှစ်ပစ်လိုက်မယ်..။
လူခါး
(အပြုသဘောဖြင့်ရေးပါသည်)
၂၀၀၉ ၊သတင်းကွန်ယက်(မလေးရှား)
No comments:
Post a Comment