Friday 13 January 2012

မင်း . . ဘာလူမျိုးလဲ


ထွက်ပေါက်မရှိတဲ့  ဂူထဲ
ဘယ်သူအရင်  စ, ဝင်ခဲ့သလဲ . ..
ဇာတ်တူသားစားဖို့ 
အလှအပဆုံး  အပြုံးတွေဖန်ဆင်းခဲ့
ဇာတ်တူသားစားဖို့ 
အချိုသာဆုံး  စကားလုံးတွေရွေးသုံးခဲ့။
ဖုန်းတစ်လုံးပေးရုံနဲ့ 
ဘဝတစ်ခုလုံး  ဆုံးရှုံးရတော့မှာလား
ဒါဆိုရင်. . . .
ရွှေဆိုတဲ့စကားလုံး  မင်းဂုဏ်ပုဒ်ထဲထည့်မသုံးနဲ့ ။
ရွှေ ဆိုတာ. . .
တမြေတည်းနေ  တစ်လှေတည်းစီး
ဘယ်ခရီးမဆို  အတူသွားခဲ့ကြတယ်
ရွှေထီးကို  အတူဆောင်းခဲ့ကြတယ်။
ခုတော့
ရွှေ ဆိုတဲ့ လက်နက်နဲ့ ထိုးကော်(သန်းခေါင် စာရင်းထဲ)
အဖေမပေါ်ပဲမွေးခဲ့တဲ့ကလေးတွေဘယ်နှစ်ယောက်ရှိပြီလဲ
ရွှေ ကို ရွှေချင်းထပ်တာ  မြတ်ပေမယ့်
ရွှေ ကို ရွှေကတော့ ပြန်မသတ်နဲ့ 
ရွှေ ကို ရွှေကတော့ ပြန်မသတ်န့ဲ။....။

                      
                                             လူခါး
                                             သတင်းကွန်ယက်(မလေးရှား)၊၂၀၀၉

No comments: