Tuesday 25 April 2017

လှိုင်သာယာ


ထမင်းချိုင့်ဟာ အနာဂတ်ပဲ
လကုန်ရက်ရောက်တိုင်း 
ကျူးကြေးကို အရက်ဖိုးပေးသလိုပေးနေရ
မနက်လင်းလို့ ခြေနင်းခုံပေါ်စတက်လိုက်တာနဲ့ 
အရှက်ကို လက်ဆွဲခံရသေး
အမှောင်ထဲ
ဖိနပ်သံတဖျတ်ဖျတ်ကြားတိုင်း
မေးငေါ့ခံရသူလေးပေါ့
ခါးကြားထဲက ပိုက်ဆံကို
မပေါ် ပေါ်အောင်ပြတတ်သူတွေကြားထဲ
ငါးပါးသီလထက်
ကိုယ်ကျင့်တရားကို ထဘီလိုမြဲဖို့ ကြိုးစားနေရတယ် အမေ။

လူခါး
6.jul.2016,JP

No comments: