Tuesday 25 April 2017

မြန်မာပြည်အပြင်ဘက် လုံးချင်းဝတ္ထုရှည် အတွက် မြန်မာပြည်အပြင်ဘက်မှ ...



ပထမဆုံး ၊ ကျွန်တော့်အားစာဖတ်တတ်စာရေးတတ်အောင်ပညာသင်ပေးခဲ့သော အညာရွာကလေးမှ တောင်သူများဖြစ်ကြသည့် အဖေနှင့်အ
မေ။ ကျွန်တော့်အား စာဖတ်ကျင့်ပျိုးထောင်ပေးခဲ့သော ကွယ်သွားပြီဖြစ်သည့် ကျွန်တော့်ဘကြီး ။ ကျွန်တော်ကြိုးစားရေးဖွဲ့ ခဲ့သော စာမူလေးများအား
မဂ္ဂဇင်း စာမျက်နှာများပေါ်သို့  ချစ်မက်စွာတင်ပေးကြပါသော အယ်ဒီတာကြီးများ။ အမှာစာရေးသားချီးမြှင့်ပေးပါသော ဆရာမ မသီတာ စမ်းချောင်းနှင့် ဆရာ မောင်နှင်းပန်း။ မျက်နှာဖုံးသရုပ်ဖော်ပုံရေးဆွဲ ချီးမြှင့်ပေးပါသော ဆရာ မြင့်မောင်ကျော်။ ကျွန်တော် ဘာအကူအညီတောင်းတောင်း စိတ်ရှည်သီးခံစွာဖြင့် ကူညီဖေးမ ပေးလေ့ရှိသော ဆရာမင်းဝေဟင် ။ ကျွန်တော် အင်တာနက် စသုံးခါစကတည်းက သင်ပြဖေးမပေးခဲ့ဖူးကြသော ဆရာမ ဝေ..စီးပွားရေး တက္ကသိုလ် ၊ ဆရာ သက်ဦးမောင်နှင့် ဆရာ ချမ်းထက်ဟန်အပါအဝင် အွန်လိုင်းလင်းရောင်ခြည်စာပေဝိုင်းမှ အတူဆွေးနွေးဝေဖန်ငြင်းခုံ ခဲ့ကြဖူးသော ဆရာ ၊ဆရာများ ။

ကျွန်တော့်ကို ယခု မြန်မာပြည်အပြင်ဘက်စာမူရေးဖြစ်အောင် တွန်းအားပေးခဲ့သော ဆရာ လင်းလက်တာရာ ၊ စာမူကြမ်းကို တစ်ထိုင်တည်း
ဖတ်ပြီး ဘာတွေ ဘာတွေ လိုအပ်တယ် ဟု အားမနာတမ်းဝေဖန်အကြံပေးခဲ့သော ၊ ကျွန်တော် ဒုက္ခတွေ တထွေးကြီးနှင့် ရန်ကုန်တက်တက်လာတိုင်း
စားစရာပေး၊ နေစရာပေး၊ စာအုပ်လက်ဆောင်ပေး တတ်သည့် ဆရာမောင်ရေချမ်း ၊ ကျွန်တော်ဘာရေးရေး မကောင်းလည်းကောင်းတယ်ကောင်းတယ်နှင့်စာတွေဆက်ရေးဖြစ်အောင် ဝိုင်းဝန်းစောင့်ရှောက်ခဲ့ကြပါသော ဆရာ ဟိန်းစံ..ပဲခူး ၊ ဆူးရဲ ၊လှိုင်ရဲအောင် ..ပြည် ၊မိုးဇက်..သခွတ္တနယ် ၊ မင်းထက်တန်..ရွှေဘို ၊မောင်ရဲမင်း..ပဲခူး ၊ လှိုင်းယူဇာ..တောင်ငူ ၊ မိုးမြင့်ရဲနေငြိမ်း ၊ မင်းခိုင်မြဲ။ မလေးရှားမှာ အတူလွင့်မျောစီးဆင်းခဲ့ကြပြီး ယခုအချိန် အထိ ကိုခါး ကိုခါးနှင့် ညီရင်းတစ်ယောက်ကဲ့သို့ စောင့်ရှောက်ပေးနေဖော်ရသော ပင်လယ်နဲ့ ပတ်သက်နေတဲ့ရွက်တွေထဲမှ ရွက်တစ်ရွက် ဖြစ်သည့် ရာဇာမျိုး..
အင်းကုန်း ။ ညီအရင်းတစ်ယောက်ကဲ့သို့ ပြောဆိုဆုံးမ သွန်သင်ဖေးမပေးတတ်သော စိတ်ခတ်ကျောက် သို့ မဟုတ် ကိုညီ သို့ မဟုတ် ကဗျာဆရာ ညီ
လင်းနိုင်။

ကျွန်တော့်စာမူအားကျွန်တော် လိုချင်သည့်အနေအထားဖြစ်အောင် ကျွန်တော် တောင်းဆိုသမျှ ကျွန်တော်ဆိုးသမျှ အနွံတာခံ နားလည်ပေး
ပြီး အစစအရာရာ ခွင့်လွှတ်ကြိုးစားပေးပါသော ကိုအောင်မြင့်သိန်းနှင့် အဖြူရောင်သဲပွင့်လေးများ စာပေ..ရေနံချောင်းမှ ကိုအောင်မြင့်သိန်းနှင့် စိတ်တူကိုယ်တူ သူငယ်ချင်းများ။

ကျွန်တော် ကြေးထူသမျှ စလယ်ဆုံး အကုန် စိတ်ရှည်သီးခံစွာဖြင့် အိုကေ ..အိုကေ..နှင့် မဖြစ်ဖြစ်အောင်လုပ်ပေးခဲ့ပါသော ...Z ART III
Design and Advertising မှ သူငယ်ချင်း အစ်ကို နန္ဒဇော်။

မလေးရှားမှာ လမ်းစရိတ်မရှိတာက အစ အကျီ င်္လေးတစ်ထည် နွမ်းနေတာမျိုး ၊ စာအုပ်ကလေးတစ်အုပ် ဝယ်မဖတ်နိုင်တာမျိုးအထိ စိတ်ပူ
ပေး၊ ဖေးမပေး၊ သားအရင်းတစ်ယောက်ကဲ့သို့ စောင့်ရှောက်ပေးခဲ့ပါသော လက် ဦးဆရာ တေးရေးတေးဆို ဆရာမမြနဒီ ။ကျွန်တော်ကလည်း သူလုပ်
တာမကြိုက် ၊ သူကလည်းကျွန်တော် လုပ်တာ မကြိုက်သဖြင့် face book သူငယ်ချင်းစာရင်ထဲတွင်တောင်မထားတော့ပေမယ့်လည်း အမြဲသတိတရ
ရှိနေမိသော ကျွန်တော့်အားလည်း သတိရနေလိမ့်မည်ဖြစ်သော အစ်ကိုလိုခင်ရပြီး မလေးရှားမှာ အတူလက်စွမ်းပြခဲ့ကြဖူးသော ဇော်ထွန်းဦး..ဆိုပျော်။

ကျွန်တော့်ဘဝတွင် မလေးရှားမှာ လင်းလက်တာရာနှင့် ရာဇာမျိုး..အင်းကုန်းပြီးလျှင် ကဗျာဆရာအရင့်အမာကြီး ၊ ကဗျာဆရာ စစ်စစ်ကြီး
အဖြစ် ပထမဆုံးစတင်ဆုံတွေ့ ဖူးခဲ့ပြီး ကျွန်တော့်မဖွယ်မရာ ကဗျာလေးများကို ဖတ်ပြီး အားပေးခဲ့ ၊ စကားပြေဖိရေးဖို့ တွန်းအားပေးခဲ့ပါသော မကွေးမှ
အစ်ကို ကဗျာဆရာ ရိုးသက်။

မင်း မလေးရှားသွားတာ ဘယ်လောက်ရခဲ့သလဲ ဟု မေးပြီး..အေး ..ဘာမှ မရ ရ ၊ လူခါးဖြစ်လာတာ ဝမ်းသာတယ် ဟု အားရပါးရကြီး
ထောပနာပြုပေးခဲ့သော၊ ကျွန်တော် စာကြမ်းပိုးလေး ဘဝကတည်းက ရင်းနီးနွေးထွေးစွာ ဆက်ဆံဖော်ရွေခဲ့ပါသော တောင်တွင်းကြီးမှ အစ်ကို ကဗျာ
ဆရာနေပန်ဦးနှင့် ငါ့ကောင်ကြီး...ငါ့ကောင်ကြီးနှင့် ယနေ့ ဆုံသည်အထိ အားရ ဝမ်းသာခေါ်လေ့ရှိသော တောင်တွင်းကြီး မြို့ မဈေးတောင်ဘက်
အပေါက်ဝမှ ဆိုက်ကားနံပါတ် ၁၀၉ သို့ မဟုတ် မောင်ယဉ်ဌေး..တောင်တွင်း ။

စာရေးသူဖြစ်တာလေးကိုအကြောင်းပြုပြီး ကျွန်တော့်အား အမြဲတစေ အားပေး စောင့်ရှောက်ခဲ့ကြပါသော ဧရာဝတီတိုင်းမှ သူငယ်ချင်း
အရင်းခေါက်ခေါက်များ နှင့် ရန်ကုန်မှ သူငယ်ချင်းများ ၊ ကျွန်တော့်ဇာတိ မြို့ သစ်မှ သူငယ်ချင်းများ ။ကျွန်တော့် စာမူများကို ဖတ်ပေးဖော်ရကြသော စာဖတ်ပရိတ်သတ်များ ။ ကျွန်တော် နှင့်လူချင်းရင်းနီးသော မရင်းနီးသောကျွန်တော့် facebook acc ထဲမှ ကျွန်တော့်မိတ်ဆွေ၊ ဆရာ ၊ ဆရာများ ။

စာလေးတစ်လုံးစ နှစ်လုံးစရေးတတ်ရုံကလွဲပြီး မိသားစုအတွက် လောက်လောက်လားလားအားမကိုးရသော ကျွန်တော့်အား အိမ်ထောင်ဦး
စီးနေရာတွင် အပြုံးမပျက် နေရာပေး ချစ်မက်ခဲ့ပါသော ချစ်ဇနီး ရီ နှင့် ကျွန်တော့်ကို ယုံယုံကြည်ကြည်ဖြင့်ကျွန်တော့်ဘဝထဲသို့ ပျော်ရွှင်စွာ ဝင်လာခဲ့ကြသော သမီးဆုနှင့် ရမအ အပါအဝင် ဖိထောင်းခဲ့ ထိုးချခဲ့ သော လောကဓံ
တရားတို့ အား ထာဝရအတွက် မှတ်မှတ်ရရ ကျေးဇူးတင်ပါသည် ။

လူခါး
20.04.2017,thu;
Oura gun, Oura machi,Jp
11.30 am

No comments: