ကျွန်တော်တို့  ရွှေတွေအတွက်တော့
ဂြိုဟ်ဆိုးပဲ
ရှေ့ လည်းမတိုးသာ
နောက်လည်းမဆုတ်ရဲ
ဘဝတွေကိုဆုတ်ဖြဲလို့ 
ဒီမြို့ မှာ..။
အိပ်မက်တွေထဲမှာ
အသက်ကို ဖက်နဲ့ ထုပ်တဲ့အကြောင်း
ခဏ ခဏ မက်တယ်
ခွေးအ တွေပေါတဲ့
ဒီမြို့ မှာ....။
သူမှားတာတွေ
ငါမှားတာတွေ အသာထား
အမှန်တရာအတွက်
ကံတရားက ကိုယ့်ဘက်မှာမရှိဘူး
ဒီမြို့ မှာ။
ဒီမြို့ မှာပဲ
လှေလှော်ရင်းနဲ့  ရေနစ်
(မြေချခွင့် မရှိလို့ )
ပြာ ဖြစ်သွားတဲ့ လူ
ဘယ်နှစ်ယောက်ရှိပြီလဲ...။
ဒီမြို့ မှာပဲ
ပင်မြင့်စံကနေ အနင်းခံဖြစ်
နွံနစ်သွားတဲ့သူ
ဘယ်နှစ်ယောက်ရှိပြီလဲ ..။
မျက်လုံးစိမ်းစိမ်း
စကားလုံးစိမ်းစိမ်းတွေနဲ့ 
ကျွန်တော်တို့ ကို သိမ်းရိုက်နေတဲ့မြို့ .၊
အကြင်နာတရားမရှိတဲ့မြို့ 
မင်္ဂလာတရားမရှိတဲ့မြို့ 
အဲဒါ ဂျိုဟိုးမြို့ ။
လူခါး
နယူးလမ်းသစ်ဂျာနယ်
၂၀၀၉
ဂြိုဟ်ဆိုးပဲ
ရှေ့ လည်းမတိုးသာ
နောက်လည်းမဆုတ်ရဲ
ဘဝတွေကိုဆုတ်ဖြဲလို့ 
ဒီမြို့ မှာ..။
အိပ်မက်တွေထဲမှာ
အသက်ကို ဖက်နဲ့ ထုပ်တဲ့အကြောင်း
ခဏ ခဏ မက်တယ်
ခွေးအ တွေပေါတဲ့
ဒီမြို့ မှာ....။
သူမှားတာတွေ
ငါမှားတာတွေ အသာထား
အမှန်တရာအတွက်
ကံတရားက ကိုယ့်ဘက်မှာမရှိဘူး
ဒီမြို့ မှာ။
ဒီမြို့ မှာပဲ
လှေလှော်ရင်းနဲ့  ရေနစ်
(မြေချခွင့် မရှိလို့ )
ပြာ ဖြစ်သွားတဲ့ လူ
ဘယ်နှစ်ယောက်ရှိပြီလဲ...။
ဒီမြို့ မှာပဲ
ပင်မြင့်စံကနေ အနင်းခံဖြစ်
နွံနစ်သွားတဲ့သူ
ဘယ်နှစ်ယောက်ရှိပြီလဲ ..။
မျက်လုံးစိမ်းစိမ်း
စကားလုံးစိမ်းစိမ်းတွေနဲ့ 
ကျွန်တော်တို့ ကို သိမ်းရိုက်နေတဲ့မြို့ .၊
အကြင်နာတရားမရှိတဲ့မြို့ 
မင်္ဂလာတရားမရှိတဲ့မြို့ 
အဲဒါ ဂျိုဟိုးမြို့ ။
လူခါး
နယူးလမ်းသစ်ဂျာနယ်
၂၀၀၉
No comments:
Post a Comment