အမေ့ကိုလည်းပေးရမည်
ဇနီးမယားကိုလည်းပေးရမည်
သမီးသားကိုလည်းပေးရမည်
ရှုသွင်းထားခဲ့သည့် အောက်ဆီဂျင်ကိုလည်းပေးရမည်
ရှုထုတ်ပစ်လိုက်သည့် ဟိုက်ဒရိုဂျင်ကိုလည်းပေးရမည်
ဖြတ်နင်းထားခဲ့သည့် သက္ကရာဇ်များကိုလည်းပေးရမည်
ဖြတ်နင်းသွားကြသည့် ကံတရားများကိုလည်းပေးရမည်
သမိုင်းဝင်စေမည့် အဖြူရောင်စာမျက်နှာများကိုလည်းပေးရမည်
လောကကြီးထဲ
လူတစ်ယောက်အဖြစ်တကယ်ရောက်ခဲ့တယ် ဆိုတာ
ပေးစရာရှိတာတွေပေးပြီး
သက်သေပြရမည်..။...။
လူခါး
No comments:
Post a Comment