Thursday 26 January 2012

''ဘာမှမရှိတဲ့အရပ်''

အလားအလာအကောင်းဆုံးကစားသမား
ပွဲထွက်ခွင့်တွေများလွန်းလို့ 
ကိုယ့်ကိုယ်ကိုအနီကဒ်ပြယူရတဲ့အထိ
လက်ခုပ်သံများကိုယ့်ဂိုးပေါက်ကို ပြန်ပြန်ခြိမ်းခြောက်ခဲ့တာတောင်
ကြက်ခြေခတ်တိုင်းဟာ အမှားမဖြစ်နိုင်ဘူးနှစ်သိမ့်လို့ 
ပင်နယ်တီလွဲတဲ့ဖိနပ်
လေလံတင်ဖို့ ချော့မြူခံရ
အဝတ်လဲခန်းထဲမှာအင်တာဗျူးဖြေခဲ့တယ်
ကျွန်တော်ပြန်ချင်ပြီ...။...။


                                 လူခါး

No comments: