ငါ့ညီမလေးနှစ်ယောက်က
နယ်စပ်မြို့ တစ်မြို့ ရဲ့ ဟမ်းဆက်ဆိုင်မှာ
ကြိုငွေယူထားခြင်းခံရ
ညီလေးက သူ့ စိုက်ခင်းနဲ့ သူ ပိုးကျလို့ 
ကြီးမှအိမ်ထောင်ကျသွားတဲ့အမကြီးကတော့
မိခင်ဘဝပီပြင်ဖို့ မြန်နှုန်းမြှင့်ထားလေရဲ့ 
ပါးပြင်ပေါ်ကလွင့်ပျယ်နေတဲ့သနပ်ခါးနဲ့ အမေ
ထိချက်မမှန်တော့တဲ့အဖေ့ဓါးချက်တွေကို ရေနေတဲ့အချိန်
ငါက ပြည်ပနိုင်ငံတစ်ခုရဲ့  အချုပ်ခန်းထဲမှာ ။ ။
လူခါး
စာပွင့်လွှာရသစုံ မဂ္ဂဇင်း၊ ၂၀၁၂ ၊ နိုဝင်ဘာ
No comments:
Post a Comment