Thursday 18 October 2012

စကားစမြည် စိုက်ခင်း


အရေးအကြောင်းဆို ဒီဖုန်းက ခေါ်မရဘူး
မနေ့ က မက်တဲ့ အိပ်မက် ဒီနေ့ မှ ပုခက်ထဲ ထည့်လွှဲပစ်ရတယ်
ခြိမ်းလည်း ခြိမ်းတယ် ရွာလည်းရွာလည်း ရွာတယ် ဆိုတော့ ခြိမ်းသောမိုး ရွာပေါ့
အဆောက်အဦးတွေ တစ်ခုပြီး တစ်ခု ဆောက်လာတာ ငါတို့ လွပ်လပ်ခြင်းတွေ
တစ်ခုပြီး တစ်ခု ပျောက်ဆုံးသွားတာပေါ့ ညီမလေးရယ်
မင်းပြောတာမှန်ပါတယ် ဖိနပ်တစ်ဖက်ဟာ လိပ်ဆို ဖိနပ်တစ်ဖက်ဟာ ယုန်ပဲ
အဲဒီနှစ်ကောင်ညီမှ ငြိမ်းချမ်းရေး ရမယ်ဆို မိန်းမတစ်ယောက်ယူပြီး
မွေးလာတဲ့ကလေးကို ငြိမ်းချမ်းရေးလို့ နာမည်ပေးမယ်
ရရောပေါ့ ဟုတ်ဘူးလား...ဟား....ဟား...ဟား.ဟား.........
တွေ့ တယ် တွေ့ တယ် အဲဒီလူ တော်တော်စားတယ် သူငယ်ငယ်ကတည်းက
ဘတ်(စ်)ကားစီးရင်တောင် အရိုးမထွင်ဘူး ကြားတဲ့ စကားအကုန်စားတာပဲ
ဘယ်ကစရမလဲဆို ရောက်ရအရပ်က ပြန်စမယ် ကဲ ငါပြောသလိုလုပ်
ငါလုပ်သလိုမလုပ်နဲ့  ဟိုတစ်စ ဒီတစ်စ ဟိုဘက်အစနဲ့ ဒီဘက်အစ
ပူးချည်ခွာချည် လုပ်ကြည့် လုပ်ကြည့် အစနေရာမှာ ဆုံးနေတဲ့ အစ တစ်စ
ပြန်တွေ့ ရလိမ့်မယ် အစ
မေတ္တာနဲ့ တရားဟာ စာလုံးချင်းဆက်မသွားခင် ပင့်ကူတစ်ကောင်လို အမျှင်တွေ
ထုတ်ရင်း ထုတ်ရင်း သေဆုံးသွားခဲ့တယ်
နံခြားလက်ထောက်သည့်ဗေဒင်ပညာအရ
မိုးသည် မြေကြီးကို ဗုံလုပ်တီးသည့်နေ့ ကမ္ဘာကြီးပျက်လိမ့်မည်
Wo Ai Ni



                                                                       လူခါး

No comments: