Thursday 8 November 2012

စွန်ဂိုင်းဘလို့ အကျဉ်းသား


ကျော်ကြီး
ညည အိပ်မက်ဆိုးတွေ မက်သေးလား
ငါတော့ မင်းအထဲ ရောက်သွားမှ လောကကြီး နဲ့  ပိုနီးလာသလိုပဲ
ဘီယာတွေ ကစ်တတ်လာတယ်
ပိုက်ဆံမက်ရတာ ရှက်တတ်လာတယ်
မင်းဆိုနေကျ မျိုးကြီးရဲ့  ရိုးရှင်းတဲ့ ဘဝ လို
ရိုးတွင်းချဉ်ဆီထဲက ရိုးရှင်းချင်လာတယ်
သူဌေးက မင်းကို ပြန်မထုတ်ပေမဲ့
ငါတို့ ကိုဆက်ခိုင်းဖို့ 
(ကျောင်းသင်ခန်းစာထဲက တံငါသည် ပုံပြင်အတိုင်း)
သူ့ စက်တွေကို ပြန်ထုတ်ထားတယ်
မင်းကို ဆွဲသွားတဲ့ ဆိုင်ထဲမှာ
အခု ငါက မင်းကိုယ်စား casino အလုပ်သမားပဲ
ငါ့ဘဝကို ခဏ ခဏ လျော်နေရတုန်းပဲ
အရင်လို အော်တွေ ဆွဲတုန်းပါပဲ
ဓါးပြတွေလည်းအရင်လို တိုက်တုန်းပဲ
ငါတို့ လည်းအရင်လို မိုက်တုန်းပဲ
အဲဒီပင်လယ်ထဲ ဂျက်စပဲရိုးလ် နဲ့ တွေ့ သေးလား
ဆက်သွယ်လို့ မရတဲ့ ဧရိယာထဲမှာ
ကျန်းမာရေး ဂရုစိုက်ပါ
ဘုရားတရား သတိရပါပါ
မိခင် ဖခင် ရဲ့ ဂုဏ်ကျေးဇူး အောက်မေ့ပါ
ရေနဲ့ တွေ့ တဲ့ အခါ ရေလိုပဲ ကျင့်ပြီး
မီးနဲ့ တွေ့ တဲ့ အခါ ရေလိုပဲကျင့်ပါ
ငါတို့ မျှော်လင့်နေတဲ့ အပြာရောင်ကမ္ဘာကြီး မဝေးတော့ပါဘူးကွာ
ကမ္ဘာကြီး အရောင်ပြာလာတဲ့အခါ
ဇီဝစိုး ငှက်တစ်ကောင်ရဲ့  အန်ဖတ်နဲ့ တူတဲ့ ငါ့ကဗျာကို ဖတ်ပါ
မင်းဘော်ဒါ ကဗျာဆရာတစ်ယောက်အနေနဲ့ 
ငါလုပ်ပေးနိုင်တာ
မင်းလွတ်လွတ် လပ်လပ် လွတ်လပ် ဖို့ 
ဆုတောင်းပေးနေရုံသာ ။

                                              လူခါး

No comments: