Friday 30 November 2012
မင်းရင်ထဲမှာ အရမ်းနာနေသလား လင်းလက်တာရာ
                                              (၁)
လွန်ခဲ့တဲ့ တစ်ပါတ်လောက်က ကိုလင်း( လင်းလက်တာရာ) ဆီက ဖုန်းဝင်လာပါတယ်။
သူပြောတာက သူ့ ကဗျာမင်နီဘယ်လောက်များများ မင်ပြာဘယ်လောက်များများ ဆိုတဲ့
ကဗျာလေးမဟေသီ မှာ ပါလာတယ် တဲ့ ။ ကိုယ့်ကဗျာလေး ထိပ်သီးမဂ္ဂဇင်းကြီးမှာ ပါလာလို့ 
ခံစားရတဲ့ သူ့ အပျော်ကို ကျွန်တော်လက်ခံရရှိလိုက်ပါတယ် ။ပြီးတော့အခုတစ်ခါ ပါတာနဲ့ 
ဆို နှစ်ကြိမ် ရှိပြီ လို့ လည်း အားရ၀မ်းသာ ပြောပါတယ် ။ပိုပြီးတော့ ၀မ်းသာစရာကောင်းတာ
ကဝေးကွာလှတဲ့ တိုင်းတစ်ပါး က လှမ်းပို့ လိုက်တာကို အသိအမှတ်ပြုတာကို ပါ ။
အရင်က ဧပြီလ ထုတ်မှာ အ၀ါကဒ် ဆိုတဲ့ကဗျာလေး ကလည်းသူအခုလိုပဲ တိုင်းတစ်ပါး ကပဲ
ပို့ လိုက်တာပါ ။
   ပိုပြီးတော့ အမှတ်ရနေစရာ ကောင်းတာက ဒီလ ပါတဲ့  မင်နီဘယ်လောက်များများ မင်ပြာ
``လင်းလက်တာရာ မင်းရေးတဲ့ ကဗျာတွေ ထဲမှာငါ ဒီကဗျာ အကြိုက်ဆုံးပဲကွာ´´ လို့ ကို ရိုးသက်က
ပြောခဲ့ဖူးတာပါ ။ ကို ရိုးသက် ဆိုတာ ကျွန်တော်တို့ မလေးရှားရောက်စာရေးသူ ကဗျာရေးသူ
တွေ ကို ညီရင်းအစ်ကိုလို ဝေဖန်ထောက်ပြ သွားတဲ့ ကဗျာဆရာ ရင့်မာကြီးပါ ။
   အဲဒီကဗျာလေးဟာ စာမျက်နှာပေါ် မရောက်ခင်ကတည်း က ကျွန်တော်တို့  ကဗျာ ရွတ်ပွဲ၊
နှီးနှော ဖလှယ်ပွဲတွေမှာထည့်သွင်း ရွတ်ကြ ၊ ဝေဖန်ကြ ....စသဖြင့် တကူးတက လုပ်ခဲ့ရတဲ့ကဗျာလေးပါ .။
ပြီးတော့ အဲဒီကဗျာလေးကိုမြန်မာဆိုင် တစ်ဆိုင်က ကျင်းပတဲ့ အလှူ ပွဲတစ်ခု မှာ လက်ကမ်းစာစောင်အဖြစ်နဲ့ ထည့်သွင်း ဝေငှခြင်းခံခဲ့ရတာပါ..။ဒါဆိုရင် ဒီကဗျာက ဘယ်လောက် ထိရောက်နေသလဲလို့်  မေးလာစရာ ရှိပါတယ် ။ ကျွန်တော်ပြောချင်တာက အရေးပါတာ
ထိရောက်တာ ထက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုလေးကိုပြောချင်တာ ။
     ဒီနေရာမှာ ဒီကဗျာကို ဖော်ပြဖို့ လိုအပ်လာလို့  ဖော်ပြပေးလိုက်ပါတယ်။
မင်နီဘယ်လောက်များများ မင်ပြာဘယ်လောက်များများ
တစ်သက်နဲ့ တစ်ကိုယ်
ငါးဘယ်နှစ်ကောင် လွတ်ခဲ့သလဲ
ငါးဘယ်နှစ်ကောင် လွှတ်ခဲ့သလဲ
တစ်သက်နဲ့ တစ်ကိုယ်
ငှက်ဘယ်နှစ်ကောင် လွတ်ခဲ့သလဲ
ငှက်ဘယ်နှစ်ကောင် လွှတ်ခဲ့သလဲ
ဘဝဆိုတာ
ငိုသံတွေနဲ့ စပြီး ငိုသံတွေနဲ့ ပဲဆုံးရမှာလား
ငွေသံတွေနဲ့ စပြီး ငွေသံတွေနဲ့ ပဲဆုံးရမှာလား
တရားနည်းလမ်းကျကျ
စားခဲ့တဲ့ထမင်း ဘယ်နှစ်လုတ်
သမ္မာအာဇီဝကျကျ
ရှူခဲ့တဲ့လေ ဘယ်နှစ်ရာခိုင်နှုန်း
စိတ်ရောကိုယ်ပါမွှေးမိတဲ့ မီးဘယ်နှစ်ကီလို
စိတ်လိုလက်ရငြှိမ်းမိတဲ့မီး ဘယ်နှစ်အောင်စ
မွေးနေ့ မှာ
ငါ့ကိုယ်ငါ ပြန်မွေးရဦးမယ် ..။  ...။
                                   လင်းလက်တာရာ
အဲဒါက စာမျက်နှာပေါ်မရောက်ခင် လင်းလက်တာရာ ရဲ့  မူရင်းကဗျာပါ ။
                                                                  (၂)
ဒီနေ့ ကျွန်တော်ရယ် မင်းလုလင်ရယ် ကွာလာလမ်ပူမှာ ဆုံကြပါတယ်။ ဖြစ်နိုင်ရင် မင်းလုလင်ကို ဒီက စာရေးသူ
အားလုံးနဲ့ ဆုံပေးချင်ပေမယ့် အလုပ်မအားလပ်ကြတာကြောင့် ကျွန်တော်နဲ့ ပဲ ဆုံဖြစ်ကြတာပါ ။မင်းလုလင်က
ကျွန်တော်တို့ ရှိတဲ့ kl ကို ကားနဲ့  ၆ နာရီလောက်စီးပြီးတော့ မှ ရောက်လာရတဲ့ ကဗျာဆရာပါ။ သူက ကျွန်တော်
တို့ ကိုလည်း ဆုံရင်း တခြားကိစ္စလေး တစ်ခုလည်း လုပ်ရင်းရောက်လာတာပါ ။ မင်းလုလင်နဲ့ ကျွန်တော်နဲ့ တွေ့ တွေ့ 
ချင်း မြို့ ခံဖြစ်တဲ့ ကျွန်တော်က စာအုပ်တွေ တစ်နေရာတည်းရနိုင်တဲ့ ဆိုင်တစ်ဆိုင်ကို ခေါ်သွားခဲ့ပါတယ် ။
ခေါ်တာသွားရတာပါ ။ စာအုပ်တွေ က ရောက်တဲ့လ မှာရာက်ပြီးတော့ မရောက်တဲ့လ မှာ မေ၇ာက်တတ်ကြပါဘူး
   ဒါပေမဲ့ ကျွန်တော်တို့ ကံကောင်းပါတယ် ။စာအုပ်ဆိုင်ကိုေ၇ာက်တော့ ရွှေအမြုတေရယ် ၊ မဟေသီ ရယ် ရောက်နေတာတွေ့ 
ရပါတယ် ။လင်းလက်တာ၇ာ ၇ဲ့ ကဗျာ ပါတယ်ဆိုတာ သိတဲ့ကျွန်တော်က အားရ၀မ်းသာ မဟေသီကို ကောက်ကိုင်လိုက်ပါတယ် ။
ဒါပေမဲ့...။
                  ဒါမေဲ့....။
                                ဒါပေမဲ့...။
                                                                        (၃)
ကျွန်တော်ပြောချင်တာအဲဒီ ဒါပေမဲ့..ပါ..ခင်ဗျာ...။
     ကျွန်တော် မဟေသီ ကဗျာ ကိုချက်ချင်းကောက်လှန်လိုက်တယ် ။ လင်းလက်တာရာ၇ဲ့ ကဗျာက ရှေ့ ဆုံးမှာ။
  ကဗျာကို ဖတ်လိုက်တော့
မင်နီဘယ်လောက်များများ မင်ပြာဘယ်လောက်များများ
တစ်သက်နဲ့ တစ်ကိုယ်
ငါးဘယ်နှကောင် လွှတ်ခဲ့သလဲ
ငါးဘယ်နှကောင် လွှတ်ခဲ့သလဲ
တစ်သက်နဲ့ တစ်ကိုယ်
ငှက်ဘယ်နှကောင် လွှတ်ခဲ့သလဲ
ငှက်ဘယ်နှကောင် လွှတ်ခဲ့သလဲ
ဘဝဆိုတာ
ငိုသံတွေနဲ့ စပြီး ငိုသံတွေနဲ့ ပဲဆုံးရမှာလား
ငွေသံတွေနဲ့ စပြီး ငွေသံတွေနဲ့ ပဲဆုံးရမှာလား
တရားနည်းလမ်းကျကျ
စားခဲ့တဲ့ထမင်း ဘယ်နှလုတ်
သမ္မာအာဇီဝကျကျ
ရှူခဲ့တဲ့လေ ဘယ်နှရာခိုင်နှုန်း
စိတ်ရောကိုယ်ပါမွှေးမိတဲ့ မီးဘယ်နှကီလို
စိတ်လိုလက်ရငြှိမ်းမိတဲ့မီး ဘယ်နှအောင်စ
မွေးနေ့ မှာ
ငါ့ကိုယ်ငါ ပြန်မွေးရဦးမယ် ..။  ...။
  (စက်တင်ဘာ၊၂၀၁၂၊မဟေသီမဂ္ဂဇင်း)                          
                      လင်းလက်တာရာ
အဲဒါ က မဂ္ဂဇင်းမှာ ပုံနှိပ်ထားတဲ့ ကဗျာပါ..။ ကဗျာကိုဖတ်ရင်း ကျွန်တော် တစ်ကိုယ်လုံး တုန်လှုပ်သွားရပါတယ် ။
ကွဲပြားသွားတယ်။ ခွဲခြားထားတယ် ။ကျွန်တော်က လင်းလက်တာရာ ရဲ့ ကဗျာ ကို အလွတ်ရထားတဲ့ကောင်ဆိုတော့
စိတ်မှာ ချက်ချင်းတွေးမိသွားပါတယ် ။ လင်းလက်တာရာကို ပြောသင့်သလား။ မပြောရင်လည်း သိမှာ ပဲ။ စာအုပ်
က သူ့ အတွက် ၀ယ်ထားတာပဲ ။ အဲဒါနဲ့ ချက်ချင်း ဖုန်းကောက်ဆက်လိုက်တယ် ။
   ကိုလင်း ခင်ဗျာကဗျာပါတယ်။ ဒါပေမဲ့  ဒါတွေ ဒါတွေ ဒီလိုဖြစ်နေတယ်...ဆိုတော့ ..။
                                    (၄)
သူ့ အသံ ဟာ ကိုယ့်ရင်နဲ့ လွယ်မွေးထားတဲ့ကလေး ရေနစ်သေဆုံးကြောင်းသတင်းကို လက်ခံ ရရှိတဲ့
ဖခင်တစ်ယောက်ရဲ့ အသံ လိုမျိုး ။
                                    ကျွန်တော်ဖုန်းဆက်မယ်...ကိုခါး...ကျွန်တော်ဖုန်းဆက်မယ် ကိုခါး...တဲ့
မင်ပြာဘယ်လောက်များများကို  ဖတ်ဖြစ်ခဲ့ရင် မူရင်းအတိုင်း ဖတ်ပေးကြပါဗျာ..။
                                              (၅)
ကိုလင်းရေ....
               ကျွန်တော်
                                       ဒီလောက်ပဲတတ်နိုင်တယ်ဗျာ...။ ဆောရီးပါ ..။
                                                                                                   လူခါး
No comments: