Thursday 26 May 2016

ရန်​ကုန်



တစ်ဖက်ခန်းက
လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် တဲ့

တစ်ဖက်ခန်းက
ဘယ်ကောင့်မှလူမထင်ဘူး ဆိုပြီးဆဲလို့ 

အခန်းဟာ
နှစ်ပေ ခြောက်ပေ မဟုတ်ဘဲ
ဆယ်ပေ ခြောက်ပေ ဖြစ်နေတာကိုပဲ
ကြံဖန်ကျေးဇူးတင်နေရ

ရန်ကုန်မှာတော့
ငရဲကြီးရှစ်ထပ်ဟာ
မီးရှိဖို့ မှ မလိုအပ်ဘဲ။

                            လူခါး

No comments: