Monday 29 August 2016

သမီးနေ့ 



သမီးဆိုတဲ့ အဖြေကိုရတော့
ဇနီးသည် က မျက်နှာမဲ့တယ်
ဟင်း...
အရင်တစ်ယောက်လည်း သမီး
အခုတစ်ယောက်လည်း သမီး တဲ့ 

မာသာထရီဆာ လည်းသမီး
နုနုရည်(အင်းဝ)လည်း သမီး
မာလီမွန်ရိုးလည်သမီး
သန်းမြင့်အောင်လည်းသမီး
ခင်နှင်းကြည်သာလည်းသမီး
ငါ့အမေလည်း သမီး
မင်းအမေလည်း သမီး

ဟေ့ ...
ဟိုမှာကြည့်
နေရောင်အောက်မှာ ဒေါင်းလိုက
လှလှပပ ပြန်ထလာတဲ့  သံမဏိနှင်းဆီ
ငါတို့ ချစ်တဲ့ 
ဒေါ်အောင်ဆန်းစုကြည်လည်း  သမီး။

                            လူခါး
                19.06.2016; sun,
                   wakayama ken

No comments: