နွားညီနောင်ကို အဖေမောင်းပြီး
ကျွန်တော်တို့ ကို ကျောင်းထားခဲ့တယ်။
ကျောင်းပိတ်ရင်တိုင်း
အဖေနဲ့ အတူ
အဖေတစ်ရှဉ်း သားတစ်ရှဉ်း
ပဲ ပြောင်း ဝါ စပါး ကအစ
နှမ်း ပဲစဉ်းငုံ
ဗူး ဖရုံ သခွားပါ မကျန်
နွားညီနောင် ထွန်မှာတပ်
မိသားစု ထမင်းနပ်မှန်ခဲ့တယ်။
ငါ့သားကြီး ကြီးလာရင်
ဘာလုပ်မလဲလို့ အဖေမေးတော့
လယ်သမားကြီးလုပ်မယ် လို့ 
မဖြေ ရဲခဲ့ဘူး
နောင်တရတယ်။
လူခါး
အဖေ သို့ 
25.07.2016.07:07pm
wakayama ken
No comments:
Post a Comment