Monday 29 August 2016
မူးနေတဲ့ ပင်လယ်
ပင်လယ်ဟာ
ဘယ်နေ့ အိမ်ပြန်ရမလဲဆိုတဲ့စိတ်နဲ့ 
ဘီယာဗူးကိုဖွင့်တယ်
ပင်လယ်ဟာ
ဘယ်အချိန် စစ်မြေပြင်ထွက်ရမလဲဆိုတဲ့စိတ်နဲ့ 
ဘီယာဗူးကိုဖွင့်တယ်
ပင်လယ်ဟာ
မိသားစုကို ဘယ် channel နဲ့ မိအောင်ဖမ်းရမလဲဆိုတဲ့စိတ်နဲ့ 
ဘီယာဗူးကိုဖွင့်တယ်
ပင်လယ်ဟာ
တုံးဆိုတိုက် ကျားဆိုကိုက်ဆိုတဲ့ စိတ်နဲ့ 
ဘီယာဗူးကို ဖွင့်တယ်
ပင်လယ်ဟာ
ဘယ်ဘီယာဗူးကို ဖွင့်ဖွင့်
ရိုးရိုးသားသားစိတ်တစ်ခုတည်းနဲ့ ဖွင့်တယ်
ဘယ်လောက်ရိုးသားခဲ့သလဲဆို
သူဖွင့်ခဲ့တဲ့ ဘီယာဗူးပေါင်း
ဘယ်လောက်ရှိခဲ့ပြီလဲ ဆိုတာတောင်
သူကိုယ်တိုင်မသိခဲ့တဲ့  ပင်လယ်ပေါ့
ပင်လယ်ဟာ မူးနေတယ်။
လူခါး
28.06.2016;tue, 08:08 pm
wakayama ken
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment