Monday 31 August 2020

လေဟာနယ်




တစ်ယောက်ယောက်

စောင့်နေမလားဆိုတဲ့ အတွေးနဲ့

ဂစ်တာကို ထခေါက်


တိမ်တွေကို 

လက်ဖျံရိုးပေါ် ဖမ်းချည်ထားချင်စိတ်နဲ့

မနက်ခင်းတိုင်းကို 

အားလုံးထက်စော​အောင်

ထကြိုနေမိတဲ့ သင်းကွဲငှက်


သူ့မှာ သေနတ်တစ်လက် ရှိတယ်

ဘယ်သူ့ကိုမှ မပစ်မိအောင် 

အကျဉ်းချထားတဲ့ သေနတ်တစ်လက်


ချစ်တာကိုလည်း ဝှက်ထားရ

လွမ်းတာကိုလည်း မေ့ထားရ


တောင်တွေ 

ဘယ်လောက်မြင့်သလဲ သိပေမယ့်

မြက်ခင်းတွေကိုပဲ ချစ်တတ်ခဲ့သူ


ပျောက်ဆုံးမသွားခင် 

စာတစ်စောင် ရေးထားခဲ့တယ်

သူ့ကို မေ့လိုက်ပါတော့ တဲ့


ကျွန်တော်

သူ့ကို

မေ့နိုင်ပါရစေ အရှင်ဘုရား။


                     လူခါး

         ၂၀၂၀.၀၉.၀၁၊ ဂျပန်





No comments: