Saturday 21 May 2022

အိမ်



အညာသားတွေအတွက်တော့

အိမ်ဆိုတာ ရှေးဟောင်း အမွေအနှစ်ပဲ

ခင်ဗျားတို့ ပုဂံကို တန်ဖိုးထားကြသလို

အညာသားတွေ

အိမ်ကို တန်ဖိုးထားကြတယ်။


အိမ်နဲ့အတူ မီးရှို့ခံရတဲ့ အညာသားကြီးက

အော်ပြောသွားခဲ့တယ်

အပြစ်ဆိုလို့  ကိုယ့်မြေကို ချစ်ခဲ့တာပဲ ရှိပါတယ် တဲ့။


             #လူခါး

        #၂၀၂၂-၀၅-၁၈-၁၇:၀၅

No comments: