ထက်ဝေအောင်က ပြောလိုက်တယ်။
''ဝိုး..ဒါ စက်နှိုးထားတာသေချာရဲ ့လား''
''ဟုတ်ပါတယ်ခင်ဗျာ''
ကားအရောင်းစာရေးက ခေါင်းကလေးကို ညိတ်ပြီး ရိုရိုသေသေနဲ ့ပြန်ပြောတယ်။
''စက်သံက ငြိမ်လှချည်လား ကိုယ့်လူရ''
ထက်ဝေအောင်က မယုံကြည်တဲ့လေသံနဲ ့အရောင်းစာရေးကို အတွန် ့တက်လိုက်တယ်။
''ဒီကားက ဟိုင်ဘရစ်ကားလေဗျာ''
ကားအရောင်းစာရေးက ကားကိုတစ်ချက် ညွှန်ရင်းပြန်ပြောတော့ ထက်ဝေအောင်ရဲ ့နှုတ်ကနေ 'ဟိုက်ဘရစ်ဟုတ်လား'လို ့ ပြန်မေးမိသွားရတယ်။
''ဟုတ်တယ်ဗျ..။ ဒီကားက ဓာတ်ဆီရော လျှပ်စစ်နဲ ့ရော သုံးလုုိ ့ရတဲ ့နှစ်မျိုးသုံးလို ့ရတဲ့ ကားဗျ''
ထက်ဝေအောင်ဟာ နည်းနည်းတော့ အံ့သြသွားတယ်။
''သဘောပေါက်ပြီ။ငါ့ကားထက်တော့ စက်သံငြိမ်တယ်ကွ။ငါ့ကားက ဆယ်နှစ်ရှိနေပြီ''
''သေချာပါတယ်ဆရာ။ အခုဒီကားက တကယ်ကို ကောင်းပါတယ်'' ဆိုပြီး ထက်ဝေအောင်ရဲ ့စကားကို ကားအရောင်းစာရေးက တစ်ချက် ထောက်ပေးလိုက်တယ်။
''ငါလည်း အဲ့လိုထင်တာပဲကွာ။ ငါ့မှာ ကားအသစ်တစ်စီးရှာဖို ့အချိန်မရှိတော့ဘူး ဟေ့ကောင်ရေ''
''ဟုတ်ကဲ့ပါဆရာ။ ဒီနေ ့ဟာ ဆရာ့အတွက် ကံထူးတဲ့နေ ့ပဲလို ့ကျွန်တော်ထင်ပါတယ်။ဆရာ ဒီကားကို ကြိုက်တယ်ဆိုရင် စမ်းမောင်းကြည့်လို ့ရပါတယ်ခင်ဗျာ''
''ငါ စမ်းမောင်းကြည့်ရမယ်''
''ဆရာ ဆန္ဒရှိရင်ပေါ့ ဆရာ''
''အေးကွ။ ငါလည်း ဒီလိုကား အသေးလည်းကြိုက်တာပဲ။မြို့ ထဲမှာလည်း မောင်းလို ့ပြုလို ့အဆင်ပြေတယ်လေကွာ။ဒါပေမဲ့...''
''ဆရာက ဒီထက်ပိုကြီးတဲ့ ကားကို ရှာချင်သေးတာလားခင်ဗျာ''
''အေးကွာ။ မင်းလည်း သိတဲ့အတိုင်းပဲ။ ငါ့မှာ အိမ်ထောင်နဲ့ဟ ၊ ကလေးနှစ်ယောက်လည်း ရှိနေတော့..''
''အု်ိး..ဟုတ်တာပဲ။ ဒါဆို အလတ်စား VAN ကားလေးတစ်စီးဆိုရင်ရောဆရာ''
''ငါ အဲဒီကားကို တီဗွီကြေညာထဲမှာ တွေ ့ဖူးတယ်''
''အဲဒီကားဟာ မိသားစုနဲ ့ ကလေးတွေအတွက်တော့ အတော်
လူကြိုက်များတယ် ဆရာရေ။ကျေးဇူးပြုပြီး သေသေချာချာ ကြည့်ကြည့်ပါ''
''အထဲမှာလည်း ကျယ်တယ်နော့''
''ဟုတ်တယ်ဆရာ။ ထိုင်ခုံသုံးတန်းပါတယ်။ဆရာ မလိုချင်ရင်
တစ်တန်းကို ဖြုတ်ထားလို ့ရတယ်။ပြီးတော့ မိသားစုခရီးရက်
ရှည်သွားတဲ့အခါ ဝန်စည်စလည်တွေထည့်ပို ့စင်တစ်ခုကို အဲဒီနေရာမှာ ထားလို ့ရတယ်''
''အိုကေ။ ဒါပေမဲ့ ငါတို ့က တစ်နှစ်ကို ခရီးက နည်းနည်းပဲ သွားတာကွ။ မြို ့ထဲလောက်ပဲ ပတ်မောင်းနေတာက ပိုများတယ်''
''ငါ ပိုင်တဲ့ ကျွမ်းတဲ့ နေရာလေးတွေလောက်ပဲ မောင်းတာ''
''ဒီကားက ကြီးတာတော့မှန်တယ်ဆရာ။ ဒါပေမဲ့ ကွေ ့ရပြုရတာ လွယ်ပါတယ်ခင်ဗျာ။ ဒါ့ကြောင့်လည်း လူကြိုက်များနေတာပေါ့''
''တကယ်ရော ဟုတ်ရဲ ့လားကွာ''
''ဆရာ အခု စမ်းမောင်းကြည့်ချင်ပါသလားခင်ဗျာ''
''အိုကေ..အိုကေ..။တစ်မိနစ်လောက်စောင့်ပေး''
''ဘာဖြစ်လို ့လဲဆရာ''
''ဒီကားကို ငါတကယ်ကို လိုချင်နေခဲ့တာ ကြာပြီကွ''
''ဒါဆို ဆရာ ဘာများတွေးနေစရာရှိလို ့ပါလဲ ခင်ဗျာ''
''ဒီကားအနီကို အကြိုက်ဆုံးပဲကွာ''
''ဆရာသေချာကြည့်တတ်သားပဲဗျ။ ဒါ ကျွန်တော်တို ့ဆီမှာ ရှိတဲ့ထဲက အကောင်းဆုံးကားပဲ ခင်ဗျ''
''အေးကွာ။ ငါ ကလေးဘဝကတည်းက ဒီလိုကားမျိုး လိုချင်ခဲ့တာ''
''ရှေ ့ခန်းထဲကို တစ်ချက်ဝင်ထိုင်ကြည့်ကြည့်ပါလားဆရာ''
''ကျေးဇူးပဲကွာ။ ထိုင်ခုံကတော့ အိနေတာပဲဟေ့''
''လူတွေက ဒီကားကို သွားနေတဲ့ ဧည့်ခန်းလို ့ခေါ်ကြတယ်ဆရာရေ''
''ငါကြိုက်တယ်ကွာ။ ငါက ကုမ္ပဏီမှာ ဒါရိုက်တာကွ''
''ဒါ တကယ်ကောင်းတဲ့ကား မဟုတ်လားဆရာ။ ကောင်းလည်းကောင်းပါတယ်လေ။ ဆရာ မောင်းမကြည့်ချင်ဘူးလားခင်ဗျာ''
''ဒါပေမဲ့..ခဏကွာ''
''ဘယ်လိုခဏလဲ ဆရာ''
''ဒီကားသာ တိုက်လို ကတော့ ငါ ရှော့ရပြီး သေမှာပဲဟေ့''
''အန်''
''ဒီကားဟာ ငါ့အတွက်မဟုတ်ဘူးလို ့ထင်တယ်ကွာ။ ငါ van ကားလေးပဲ ယူသင့်တယ်''
''ရပါတယ်ဆရာ။ အဆင်ပြေသလို လုပ်ပါ''
''ဒါပေမဲ့ လမ်းတွေကကျဉ်း၊ အကွေ ့တွေကများနဲ ့ကွာ။ ဘယ်ကားက ပိုအဆင်ပြေမလဲဆိုတာ...''
''ဆရာ။ ကားအားလုံးကို ဆရာစမ်းမောင်းကြည့်ပါ။ ပြီးမှ ဆုံးဖြတ်ပါဆရာ''
''ငါ စဉ်းစားလို ့ကို မရဘူး ကွာ''
''ဘာကို စဉ်းစားလို ့မရတာလဲဆရာ''
''ငါ အကုန်လုံးမောင်းကြည့်မိရင်..ငါ အကုန်လုံး လိုချင်မိမှာကွ။ ဒီနေ ့ဟာ ငါ ကားဝယ်သင့်တဲ့နေ ့ဟုတ်ဘူး ထင်တယ် ငါ့ကောင်ရေ။ ဒီတော့ ငါ သွားပြီကွာ..။ တာ့''
''နေပါဦးဆရာ...နေပါဦး။ ပြန်လာပါဦးဆရာ..ဆရာ''
ပိုက်ဆံတစ်ပြားမှ မပါသော ထက်ဝေအောင်သည် အရောင်းစာရေးလေးခေါ်နေသည့်ကြားထဲမှာ ဖင်မြီးတန်းအောင် ထွက်ပြေးလေတော့သတည်း။
အင်္ဂလိပ် ဝတ္ထု
A New Car ကို ဆီလျော်အောင် ပြန်ဆိုးထားခြင်းဖြစ်ပါသည်။
#လူခါး
No comments:
Post a Comment