ဂျပန်မှာ အိမ်ထောင်ပြုပြီး သားသမီးယူတဲ့ အရေအတွက်
နည်းပါးလာတော့ လူဦးရေ တိုးနှုန်း နည်းလာတယ်။ ဒါကို
ဖြေရှင်းဖို့ ဂျပန်အစိုးရက ကြော်ငြာချက်ထုတ် တယ်။ အိမ်ထောင်စု တခုမှာ သားသမီးတယောက် မွေး ရင် သောင်းလေးဆယ် ထောက်ပံ့ကြေး အဖြစ် ပေးမယ် တဲ့။
အဲဒီသတင်းကြောင့်ပဲ ဗီယက်နမ်တယောက်က မရှိတဲ့ က
လေးကို အိမ်ထောင်စုဇယားအတုနဲ့ အရှိပြပြီး ထောက်ပံ့
ကြေး လိမ်ထုတ်လို့ အစိုးရနဲ့ ရဲ ပေါင်းပြီး ဖော်ထုတ်လိုက်
တဲ့ သတင်းဟာ ဂျပန်မှာ အတော်လေး နာမည်ကြီးသွား
တယ်။
ကျနော့်ရဲ့ မစ္စတာမိုးကတော့ အဲဒီဗီယက်နမ် လို မဟုတ်
ဘူး။ အရင်ကဆို ရည်းစားထားဖို့ မပြောနဲ့ ဖုန်းနဲ့ အမျိုး
သမီးအဆိုတော် ဆိုတဲ့ သီချင်းတောင် မဖွင့်ဘူး။ ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးရဲ့ တရား ဖွင့်ရင်ဖွင့်၊ မဟုတ်ရင် ဦး ဇောတိကပဲ။
ရိုးသားလိုက်တာကလည်း ဖုန်းတောင် ပါ့ဝါ့မခံဘူး။သူ့
ဖုန်းကို ဘယ်သူပဲ ယူကြည့်ကြည့် ဒီအတိုင်းထားတာ။
အိုင်ဖုန်းကြီး ကိုင်ပြီး အဲလိုတော့ မလုပ်နဲ့ဗျ လို့ ကျနော်က အကြံပေးမှ ပါ့ဝါ့ကို ၇၇၇၇ ဆို ပြီး ၇ လေးလုံးထားတာ။
ကျနော်တို့နေတဲ့ ဂူးမားကို လာလည်လို့ မြန်မာတွေ့ရင်
ဖုန်းခဏငှါးပြီး ပါ့ဝါ့ရိုက်ထည့် ကြည့်၊ ၇၇၇၇ နဲ့ ပွင့်
တယ်ဆိုရင် အဲဒီ ဖုန်းပိုင်ရှင်ဟာ မစ္စတာမိုးပဲ။
ဂူးမားမှာ မစ္စတာမိုးက ပျိုတိုင်းကြိုက်တဲ့ ဂျပန်ယန်းပဲ။ ကိုရီယားက ဟန်ဂုရွာတို့၊ တိုကျိုက လစ်တဲလ်ရန်ကုန်တို့
မှာ မြန်မာပေါတယ်ဆိုတာ ကျနော်တို့ ဂူးမားက ရယ်တာ
ပေါ့။ ယောက်ျားချည်းကို ပရီးမီးယားလိဒ် အသင်းအား
လုံးက ဘောလုံးသမားတွေထက် ပိုများတယ်။
အဲဒီလို များလှတဲ့ မြန်မာတွေ ကြားထဲမှာမှ မစ္စတာမိုးက
မျက်နှာအတော်ပွင့်တယ်။ ကားလိုင်စင်ကလည်းရှိ၊ စီးတဲ့
ကားကလည်း Alphard ဆိုတော့ မျက်နှာပွင့်တာ ဆန်းတော့ မဆန်းဘူးပေါ့။ ဒါပေမဲ့ မစ္စတာမိုးက ခပ်ချေချေပဲ။
မ,ဆို ဖုန်းကီးဘုတ်က မ , အက္ခရာတောင် မရိုက်ဘူး။
အဲဒီလိုလူက ဂျပန်အစိုးရရဲ့ ကလေးတယောက် သောင်း
(၄၀) ထောက်ပံ့မယ့် အစီအစဉ်လည်း ကြားရော ကောင်
မလေးတယောက် ဂူးမားကို ကောက်မ လာပါလေရော။
ဖိတ်စာတွေ ဝေ၊ မင်္ဂလာဆွမ်းတွေကျွေးနဲ့ ဂူးမားတရွာလုံး
မီးခိုးတိတ်ပဲ။ သူကသာ နေထူးနိုင်ရုပ်ဗျ၊ ကောင်မလေး
က အိချောပို ကျနေတာပဲ။
၁နှစ်-၂နှစ်-လောက်နေတဲ့ အထိ ကလေးလည်း မရရော
မစ္စတာမိုးတယောက် ဆင်ကြံ ကြံပါလေရော။
အဲဒါက ဒီလို။
ဂူးမားရွာထဲက ကွီးဇော်ဆိုတဲ့ အစ်ကိုကြီးကို သူ့အိမ်ကို ထ
မင်းစားဖိတ်တယ်။ ကွီးဇော်က မြန်မာပြည်မှာ မိသားစု ရှိ
တယ်။ ကလေးက အမွှာပူး အမွှာပူး လေး ခါမွေးထားတာ
ဆိုတော့ ရှစ်ယောက်ပေါ့။
ကွီးဇော်ကို ထမင်းစားဖိတ်ပြီး ထမင်းစားနေတုန်း မစ္စတာ
မိုးက သူ့ကောင်မလေး အိချောပိုနဲ့ ကွီးဇော်ကို အခန်းထဲ
နှစ်ယောက်တည်း ထားခဲ့ပြီး အခန်းအပြင်က သော့ခတ်ပစ်ခဲ့တယ်။
တနာရီနဲ့လည်း ပြန်မလာ နှစ်နာရီနဲ့လည်း ပြန်မလာတော့
ကွီးဇော်က ကျနော့်ဆီ ဖုန်းဆက်တယ်။ အစ်ကိုရေ မစ္စတာ
မိုးအိမ်လာခဲ့ပါဦး၊ အရေးကြီးလို့တဲ့။
ကျနော်ရောက်သွားတော့ အေးလှတဲ့ ဆောင်းထဲ အခန်း
အပြင်ဘက်မှာ မစ္စတာမိုးက ကွေးကွေးလေး။ နှုတ်ခမ်း
တွေလည်း ပြာလို့။
ဟေ့လူ ဘာလုပ်နေတာတုန်းဆိုတော့ ရှူး..တဲ့။ ဟာ ဘာရှူး
တာတုန်း၊ ကွီးဇော်က ခင်ဗျားအခန်းကို အရေးတကြီးလာ
ခဲ့ပါဆိုလို့ လာတာဆိုတော့ သွားပြီဗျာ၊ အကြံအစည်တွေ
ပျက်ပြီ ဆိုပြီး သူ့ အခန်းသော့ကို ထဖွင့်တယ်။
အခန်းထဲမှာ ကွီးဇော်က မစ္စတာမိုးကို နားမလည်တဲ့
မျက်လုံးတွေနဲ့ ကြည့်လို့။ အိချောပိုကဆို ဒေါသတွေထွက်လွန်းလို့ အံတကြိတ်ကြိတ်နဲ့။
ကွီးဇော်လည်း ပြန်သွားရော အိချောပို က ချုံးပွဲချ ငိုပါ
လေ ရော။ သူ့ကို သူစိမ်းယောက်ျားတယောက်နဲ့ တခန်း
တည်းထားပစ်ခဲ့လို့ ဆိုပြီး သူ့ရင်ဘတ်သူ ထုထုပြီး ငို
တယ်။
ကျနော်လည်း မစ္စတာမိုးကို လက်ကုပ်ပြီး အခန်းပြင် ခေါ်
ထုတ်ရတယ်။
ခင်ဗျား ဘာလို့ အဲ့သလို လုပ်ရတာလဲ။
အခန်းအပြင်ရောက်တော့ ကျနော်က တည့်ပဲ့မေးချပစ်
လိုက်တယ်။ မစ္စတာမိုးက သူ့ခေါင်းသူ ကုပ်ရင်း ဖြေ
တယ်။
ဂျပန်အစိုးရကို စိတ်နာလို့ဗျာ..တဲ့ ။
ဂျပန်အစိုးရကို စိတ်နာတာနဲ့ ခင်ဗျားကောင်မလေးကို
သူများနဲ့ ထားခဲ့တာ ဘာဆိုင်လို့လဲဗျာ လို့ ကျနော်က အား
မလို အားမရနဲ့ မေးတော့..
ဂျပန် ရောက်ကတည်းက ကိုယ်ကပဲ အခွန်ဆောင်နေရတာ။ အလကားရဖူးတာ ဆိုလို့ ရှင်ဇိုအာဘေး လက်ထက်က ရဖူးတဲ့ နှာခေါင်းစည်း နှစ်ခုပဲ ရှိတယ်။
ဒီတခါတော့ ကလေးတယောက် သောင်းလေးဆယ်ဆိုလို့ သောင်းရှစ်ဆယ် ရပြီလို့ တွက်ထားတာ ခင်ဗျား လာရှုပ်
လို့.. တဲ့။
အောင်းမငီးဗျာ။
ကျနော်လည်း ကိုယ့်နဖူးကို ရိုက်ရုံမှတပါး။
#လူခါး
၂၀၂၃-၀၆-၁၅၊ဂျပန်
No comments:
Post a Comment