ဂျပန်ကို အတူလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ပြီးခဲ့တဲ့
အလုပ်ပိတ်ရက်က တိုကျိုမှာ ဆုံဖို့ ချိန်းကြတယ်။ ဘာဘာဘူ
တာမှာ ဆုံရင်းမြန်မာဆိုင်တစ်ဆိုင်မှာ အေးအေးဆေးဆေး
စကားသွားပြောကြရအောင်ကွာ ဆိုပြီး ကုန်းတံတားအောက်က
နေ မြန်မာဆိုင်တွေဘက် လမ်းဖြတ်ကူးနေကြတုံး နောက်ကနေ
“ဆန်းဆေး.. ဆန်းဆေး.. “ လို့ ခေါ်သံကြားလိုက်ရလို့ ကျ
နော်တို့ သုံးယောက်လုံး ပြိုင်တူလှည့်ကြည့်မိကြတယ်။ ခေါ်နေ
တာက ညီငယ်တစ်ယောက်။
ကျနော်တို့ သုံးယောက်လည်း တစ်ယောက်မျက်နှာ တစ်
ယောက်ကြည့်မိကြရင်း “ဒီကောင် ဘယ်သူ့ကို ခေါ်တာလဲ ..”
လို့ အချင်းချင်း ပြိုင်တူမေးမိတော့ တစ်ယောက်က “ငါ့လား
မသိဘူး.. ငါက သင်တန်းတစ်ခု ဖွင့်ထားတာလေ.. “တဲ့။
နောက် တစ်ယောက်ကကျ “ငါ့လားမသိဘူး.. ငါကလည်း ဒီမှာ
သင်တန်းမျိုးစုံဖွင့်နေတာကွ.... “တဲ့။
ကျနော်လည်း မျက်နှာကို တင်းလိုက်ပြီး ခပ်တည်တည်နဲ့ ပြော
ပစ်လိုက်တယ်။ “ ငါ့ကို ခေါ်တာလည်း ဖြစ်နိုင်တယ်လေ.. ငါလည်း စာရေးဆရာပဲ.. “လို့ ဟောက်လိုက်တော့ ဟိုနှစ်
ကောင်လည်း “ဟုတ်သားပဲ..”တဲ့။ ငြိမ်သွားတယ်။
ဒါနဲ့ ခေါ်တဲ့ ညီငယ်ကို “မင်း ဘယ်သူ့ကို ခေါ်တာလဲ..” လို့ မေးလိုက်တော့ သူက ကျနော်တို့ နောက်ကျောဘက်ကို လက်ညှိုး
ထိုးပြပြီး “ ဟိုကို ခေါ်တာပါ”..တဲ့။
သူ့လက်ညှိုးအတိုင်း လှည့်ကြည့်လိုက်ကြတော့ လူအုပ်ကြီး။
သူတို့ကလည်း သူတို့ထဲက ဘယ်သူ့ကိုခေါ်တာလဲ ဆိုတဲ့
မျက်လုံးတွေနဲ့ ခေါ်တဲ့ ညီငယ်ကို ကြည့်ကြလို့။
ကျနော်လည်း “နောက်ဆို ဆန်းဆေးလို့ပဲ မခေါ်နဲ့၊ နာမည်ပါ တပ်ခေါ် ၊ ဒီမှာက ဆန်းဆေးတွေက အများကြီး.. “လို့
ပြောရင်း သူ့အနားက အမြန် လှည့်ထွက်လာခဲ့တော့တယ်။
#လူခါး
၂၀၂၄-၀၅-၁၇၊JP
No comments:
Post a Comment