Friday, 29 May 2026

အမျိုးသားစာပေဆုရှင် လူခါး၏ ကိုယ်ရေးအကျဉ်း

 “အမျိုးသားစာပေဆုရှင် စာရေးဆရာ လူခါး၏ 

ကိုယ်ရေးအကျဉ်းနှင့် ထွက်ရှိထားပြီးသော စာအုပ်များ”


 


 အမည်ရင်း သိန်းဇော်ညွန့်ဖြစ်သည်။ ၁၉၈၃ ခုနှစ်၊ မကွေးတိုင်း၊မြို့သစ်မြို့နယ်တွင် အဖ ဦးစိုးဆင့်၊အမိ ဒေါ်မြအုန်းတို့မှ မွေးဖွားခဲ့သည်။

 ၂၀၀၉ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် လမ်းသစ်ဂျာနယ်တွင် ဖော်ပြခံရသော “ဂျိုဟိုးဆောင်” ကဗျာသည် ပထမဆုံး ပုံနှိပ်စာမူဖြစ်သည်။ မဟေသီမဂ္ဂဇင်း(ဖူးသစ်ဖွဲ့သီကဏ္ဍ)၊ ရွှေအမြုတေမဂ္ဂဇင်း (ရွှေအသစ်ကဏ္ဍ) တို့မှတဆင့် ပြည်တွင်းစာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

 ပထမဆုံး လုံးချင်းရှည်ဖြစ်သော “မြန်မာပြည်အပြင်ဘက်” လုံးချင်းဝတ္ထုရှည်ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်ဖြင့် အမျိုးသားစာပေ(ဝတ္ထုရှည်)ဆုကို ရရှိခဲ့သည်။ ၂၀၀၈ခုနှစ်၊ တောင်တွင်းကြီးမြို့နယ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ကျင်းပသည့် ဝတ္ထုတိုပြိုင်ပွဲတွင် “ဆင်းရဲသားတို့ဥစ္စာ” ဝတ္ထုတိုဖြင့် ပထမဆုရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ကျင်းပသော ကဗျာခံစားမှု ဆောင်းပါးပြိုင်ပွဲတွင် ဆရာကြီးမင်းသုဝဏ်၏ “ဖိုးမောင်လာ”ပြီ ကဗျာခံစားမှုဖြင့် မြနဒီစာပေဆု ရရှိခဲ့သည်။ မလေးရှားနိုင်ငံတွင် ထုတ်ဝေခဲ့သော စာပွင့်လွှာရသစုံမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။  ၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်းပါ “တံဆိပ်ပျောက်ကြသူများ” ဝတ္ထုတိုဖြင့် စာရေးသူများ၏ ရသစာဖတ်ဝိုင်းမှ ပေးအပ်သည့် “စိတ်ကြိုက်ရသစာပေဆု” ရရှိခဲ့သည်။ 

 ၂၀၁၈ ခုနှစ်တွင် “ကျွန်တော်မရေးရသေးသည့် လူကြိုက်များဦးမည့်ဝတ္ထုနှင့် ပင်ကိုရေးမဂ္ဂဇင်းဝတ္ထုတိုများ”၊ ၂၀၁၉ ခုနှစ်တွင် “ဆာကူရာထက်လှပါစေ” ၊၂၀၂၀ ခုနှစ်တွင် “မန္တလေးကလာတဲ့လူ” ၊၂၀၂၁ ခုနှစ်တွင် “မာရီယာ” ၊၂၀၂၂ခုနှစ်တွင် “အင်ဂျလီနာဂျိုလီဖတ်ဖို့ ငါ့ဒိုင်ယာရီ”  ၊၂၀၂၂ ခုနှစ်တွင် "ဦးအောင်သင်းကို မော့ကြည့်ခြင်း၊"၂၀၂၄ ခုနှစ်တွင် "ငါတို့အကြောင်း" ကဗျာရှည်များ၊ ၂၀၂၅ ခုနှစ်တွင် "အိမ်မပြန်ဖြစ်တဲ့အကြောင်းတွေ" ၊ ၂၀၂၅ ခုနှစ်တွင် "ဂျပန်များနှင့်နေထိုင်ခြင်း" ၊ ၂၀၂၆ တွင် "အဖေနဲ့အမေရဲ့ချစ်ပုံပြင်" စသဖြင့် ရသစာအုပ်ပေါင်း (၁၁) အုပ် ရေးသားထုတ်ဝေထားခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဂျပန်နိုင်ငံတွင် နေထိုင်ရင်း ရသစာပေများ ရေးသားလျက်ရှိပါသည်။ 


                                ——————


(၁) မြန်မာပြည်အပြင်ဘက် (လုံးချင်းဝတ္ထုရှည်)

       (ပထမအကြိမ်၊၂၀၁၇၊အညာနေစာပေ)

       (ဒုတိယအကြိမ်၊၂၀၁၈၊အညာနေစာပေ)

       (တတိယအကြိမ်၊၂၀၁၉၊အညာနေစာပေ)

       (စတုတ္ထအကြိမ်၊၂၀၂၀၊ဇလပ်နီစာပေ)

       (ပဉ္စမအကြိမ်-၂၀၂၂-ဇလပ်နီစာပေ)

        (ဆဌမအကြိမ်-၂၀၂၄-ဩဂုတ်လ-ဇလပ်နီစာပေ)


(၂)ကျွန်တော်မရေးရသေးသည့် လူကြိုက်

      များဦးမည့် ဝတ္ထုနှင့် ပင်ကိုရေး မဂ္ဂဇင်း

      ဝတ္ထုတိုများ

       (ပထမအကြိမ်-၂၀၁၈-အညာနေစာပေ)


(၃)ဆာကူရာထက်လှပါစေ(လုံးချင်းဝတ္ထုရှည်)

      (ပထမအကြိမ်၂၀၁၉-အညာနေစာပေ)

      (ဒုတိယအကြိမ်-၂၀၁၉-အညာနေစာပေ)

      (တတိယအကြိမ်-၂၀၂၅-ရွှက်လွှာရိပ်စာအုပ်တိုက်)


(၄)မန္တလေးကလာတဲ့လူ(ဝတ္ထုတိုများ)

       (ပထမအကြိမ်-၂၀၂၀-ဇလပ်နီစာပေ)


(၅)မာရီယာ(ဝတ္ထုလတ်)

       (ပထမအကြိမ်၊၂၀၂၁၊ဇလပ်နီစာပေ)


(၆)အင်ဂျလီနာဂျိုလီဖတ်ဖို့ ငါ့ဒိုင်ယာရီ

       (ပထမအကြိမ်၊၂၀၂၂၊ဇွန်လ-ပန်းဆက်လမ်းစာပေ)


(၇)ဦးအောင်သင်းကို မော့ကြည့်ခြင်း

      (ပကြိမ်-စာရိပ်မြိုင်စာပေ၊၂၀၂၂-အောက်တိုဘာလ)


(၈) ငါတို့အကြောင်း

       (ပကြိမ်-အညာနေစာပေ၊၂၀၂၄-မေလ)


(၉) အိမ်မပြန်ဖြစ်တဲ့ အကြောင်းတွေ

       (ပကြိမ်-Satori Publishinh၊၂၀၂၅၊ဇူလိုင်လ)


(၁၀)ဂျပန်များနှင့်နေထိုင်ခြင်း

      (ပထမအကြိမ်၊၂၀၂၅၊ဇူလိုင်လ၊ဇလပ်နီစာပေ)


(၁၁) အဖေနဲ့အမေရဲ့ချစ်ပုံပြင်

        (ပကြိမ်-၂၀၂၆-ဖေဖော်ဝါရီလ၊စာရိပ်မြိုင်စာပေ)


(၁၂) ဧရာဝတီဖြစ်ကြီးသိပါသည်

        (ပထမအကြိမ်၊ ၂၀၂၆-ဇွန်လ၊စာရိပ်မြိုင်စာပေ)

No comments: