ကျွန်တော့်ဘဝကို မလှမပနဲ့ 
ချပြရမှာ အားနာတယ်....
နွေညတွေရဲ့ အကြောင်း
ပြီးတော့....
မျက်ရည်တွေ မြေခ,နေတဲ့အကြောင်း...။
ကွာလာလမ်ပူရယ် ကျွန်တော်ရယ်
တစ်နှစ်မှ တစ်ခါပဲဆုံတယ်...
သူကဘီလူးဆိုင်းတွေတီးပြီး က,တယ်...
ကျွန်တော်က ကဗျာတွေထုတ်ထုတ်ပြီး ပြတယ်...။
သွားဟယ်လာဟယ်နဲ့  ဘဝအမောတွေကို
ကျွန်တော်လေ...
မျက်လုံးတွေနဲ့  သယ်သယ်လာမိတယ်...။
ကြီးနိုင်ငယ်ညှင်း မဟုတ်ရပါပဲနဲ့ 
ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့
ဦးချိုလှလှနဲ့  သမင်မလေးရယ်...
သနပ်ခါးပါးကွက်ကျားနဲ့ ...
ကွမ်းယာကွမ်းယာ ဆိုတဲ့ကောင်လေးရယ်..
ကျွန်တော်....မျိုးချစ်စိတ် တစ်ကျပ်ဖိုးဝယ်တယ်...။
နွေခေါင်ခေါင် မာယာမြိုင်ထဲမှာ
တောကအရှုပ်ကြီး ရှုပ်ခဲ့တယ်...
အိမ်အပြန်လမ်းမှာတော့
ထင်းကောင်းတစ်ချောင်းလောက်တောင်
ထမ်းမပြန်နိုင်ခဲ့ဘူး...။
တစ်ချို့ က အရူးကွက်တွေနင်းလို့ ...
တစ်ချို့ က မထူးဇာတ်တွေခင်းလို့ 
အဲဒီနေ့ က...ကျွန်တော်...
ဦးသုမင်္ဂလကို ဝင်ဖူး,ခဲ့သေးတယ်...။
ဟိန်းလတ်....လို
မောင်စိန်ဝင်း(ပုတီးကုန်း)...လို
ပြီးတော့....
ခင်ခင်ထူး လိုပေါ့
ကျွန်တော်လည်း တစ်နေ့ 
မလေးရှားမှာ...
ရွှေစစ်စစ် လာတူးဦးမယ်...။
လူခါး
ချပြရမှာ အားနာတယ်....
နွေညတွေရဲ့ အကြောင်း
ပြီးတော့....
မျက်ရည်တွေ မြေခ,နေတဲ့အကြောင်း...။
ကွာလာလမ်ပူရယ် ကျွန်တော်ရယ်
တစ်နှစ်မှ တစ်ခါပဲဆုံတယ်...
သူကဘီလူးဆိုင်းတွေတီးပြီး က,တယ်...
ကျွန်တော်က ကဗျာတွေထုတ်ထုတ်ပြီး ပြတယ်...။
သွားဟယ်လာဟယ်နဲ့  ဘဝအမောတွေကို
ကျွန်တော်လေ...
မျက်လုံးတွေနဲ့  သယ်သယ်လာမိတယ်...။
ကြီးနိုင်ငယ်ညှင်း မဟုတ်ရပါပဲနဲ့ 
ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့
ဦးချိုလှလှနဲ့  သမင်မလေးရယ်...
သနပ်ခါးပါးကွက်ကျားနဲ့ ...
ကွမ်းယာကွမ်းယာ ဆိုတဲ့ကောင်လေးရယ်..
ကျွန်တော်....မျိုးချစ်စိတ် တစ်ကျပ်ဖိုးဝယ်တယ်...။
နွေခေါင်ခေါင် မာယာမြိုင်ထဲမှာ
တောကအရှုပ်ကြီး ရှုပ်ခဲ့တယ်...
အိမ်အပြန်လမ်းမှာတော့
ထင်းကောင်းတစ်ချောင်းလောက်တောင်
ထမ်းမပြန်နိုင်ခဲ့ဘူး...။
တစ်ချို့ က အရူးကွက်တွေနင်းလို့ ...
တစ်ချို့ က မထူးဇာတ်တွေခင်းလို့ 
အဲဒီနေ့ က...ကျွန်တော်...
ဦးသုမင်္ဂလကို ဝင်ဖူး,ခဲ့သေးတယ်...။
ဟိန်းလတ်....လို
မောင်စိန်ဝင်း(ပုတီးကုန်း)...လို
ပြီးတော့....
ခင်ခင်ထူး လိုပေါ့
ကျွန်တော်လည်း တစ်နေ့ 
မလေးရှားမှာ...
ရွှေစစ်စစ် လာတူးဦးမယ်...။
လူခါး
No comments:
Post a Comment