ညီမလေးက စာရေးတယ်
ကိုကြီးက……….
ဖုန်းမဆက် ဘာမဆက်
နေရက်တယ် တအား…..တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
ညီလေးက စာရေးးတယ်
ခင်ဗျားက…..
အမေ့အိမ်က နွားလောက်
မိသားစုကို မစောင့်ရှောက်ဘူး….တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
အမကြီးက စာရေးတယ်
မောင်လေးရယ်……
ဘယ်ဘဝကဝဋ္ဋ်ကြွေးရှိလို့ 
အဖေနဲ့ အမေ့ကို ဒုက္ခပေးရတာလဲ…..တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
အဖေက စာရေးတယ်
မင်း….ကွာ
ပညာတွေ သင်ပေးထားတာ
ခု…..အလကား……တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
အမေက စာရေးတယ်
ဘေးမသီ ရန်မခ
ပြန်ခဲ့ပါ့ သားရယ်….တဲ့
ကျွန်တော့်ရင်ထဲ နာနာကျင်ကျင် စူးတယ်။
လူခါး
အပြင်စီးမဂ္ဂဇင်း၊အမှတ်(၇) ၊ ၂၀၁၁
ကိုကြီးက……….
ဖုန်းမဆက် ဘာမဆက်
နေရက်တယ် တအား…..တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
ညီလေးက စာရေးးတယ်
ခင်ဗျားက…..
အမေ့အိမ်က နွားလောက်
မိသားစုကို မစောင့်ရှောက်ဘူး….တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
အမကြီးက စာရေးတယ်
မောင်လေးရယ်……
ဘယ်ဘဝကဝဋ္ဋ်ကြွေးရှိလို့ 
အဖေနဲ့ အမေ့ကို ဒုက္ခပေးရတာလဲ…..တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
အဖေက စာရေးတယ်
မင်း….ကွာ
ပညာတွေ သင်ပေးထားတာ
ခု…..အလကား……တဲ့
ကျွန်တော့်ရင်ထဲ စူးတယ်။
အမေက စာရေးတယ်
ဘေးမသီ ရန်မခ
ပြန်ခဲ့ပါ့ သားရယ်….တဲ့
ကျွန်တော့်ရင်ထဲ နာနာကျင်ကျင် စူးတယ်။
လူခါး
No comments:
Post a Comment