ခပ်လှမ်းလှမ်းကနေကြည့်
ကိုးယို့ ကားယား အဝတ်တွေ စတွေ့ ရလိမ့်မယ်။
အဝင်ဝမှာ ထင်နေတဲ့ခြေရာတွေက
နီပေါ၊မြန်မာ၊တရုတ် ဒီဇိုင်းစုံပေါ့၊
လှေကားတက်မှာလဲ
ဘယ်ကောင်ပြေးတက်ထားတာလဲ မသိဘူး
ခုထိ. . .ခြေသံတွေကြားနေရတုန်းပဲ။
လှပ်စရာမလိုတဲ့ အခန်းတံခါးဝမှာ
ဧည့်ကြိုကြွက်ကလေးက တာဝန်မပျက်ရပ်လို့ ။
ရေများ ရေနိုင် မီးများမီးနိုင် . . .တဲ့၊
ခု . . ကြည့်ပါဦး ဒီမှာ
ရွှေများပေမယ့် ရွှေမနိုင်ကြတဲ့ဘဝ။
ယုံမလားတော့ မသိဘူး
အကုန်လုံး အလွမ်းပုံပြင်တွေပြောလို။့
ထသူကထ ထိုင်သူကထိုင်
အခန်းထောင့်မှာ ဠင်းတ မှိုင် မှိုင်နေတဲ့လူက
ငွေမပို့ နိုင်တာ ငါးလရှိပြီ . . .။
ဖွတ်ကျော ပြာစု လို့ ပဲ ဆိုချင်ဆို
ခု . .ကျွန်တော်တို့ အားလုံး ငိုနေရတယ်.။
ဟုတ်တယ်. . ကျွန်တော်တို့ အားလုံး
ငွေလိုနေကြတယ် . . .။
လူခါး
လမ်းသစ်ဂျာနယ်(မလေးရှား)၊၂၀၀၉
ကိုးယို့ ကားယား အဝတ်တွေ စတွေ့ ရလိမ့်မယ်။
အဝင်ဝမှာ ထင်နေတဲ့ခြေရာတွေက
နီပေါ၊မြန်မာ၊တရုတ် ဒီဇိုင်းစုံပေါ့၊
လှေကားတက်မှာလဲ
ဘယ်ကောင်ပြေးတက်ထားတာလဲ မသိဘူး
ခုထိ. . .ခြေသံတွေကြားနေရတုန်းပဲ။
လှပ်စရာမလိုတဲ့ အခန်းတံခါးဝမှာ
ဧည့်ကြိုကြွက်ကလေးက တာဝန်မပျက်ရပ်လို့ ။
ရေများ ရေနိုင် မီးများမီးနိုင် . . .တဲ့၊
ခု . . ကြည့်ပါဦး ဒီမှာ
ရွှေများပေမယ့် ရွှေမနိုင်ကြတဲ့ဘဝ။
ယုံမလားတော့ မသိဘူး
အကုန်လုံး အလွမ်းပုံပြင်တွေပြောလို။့
ထသူကထ ထိုင်သူကထိုင်
အခန်းထောင့်မှာ ဠင်းတ မှိုင် မှိုင်နေတဲ့လူက
ငွေမပို့ နိုင်တာ ငါးလရှိပြီ . . .။
ဖွတ်ကျော ပြာစု လို့ ပဲ ဆိုချင်ဆို
ခု . .ကျွန်တော်တို့ အားလုံး ငိုနေရတယ်.။
ဟုတ်တယ်. . ကျွန်တော်တို့ အားလုံး
ငွေလိုနေကြတယ် . . .။
လူခါး
လမ်းသစ်ဂျာနယ်(မလေးရှား)၊၂၀၀၉
No comments:
Post a Comment