အသားမည်းတာကလွဲရင်
သူဟာကဗျာဆရာ
'' ကြာပြီ ''
အဲဒါ သူရေးတဲ့ကဗျာပေါ့
အိမ်ပြန်ချင်တာလည်းကြာပြီ
အိမ်မပြန်ဖြစ်တာလည်းကြာပြီ တဲ့
ခုတော့
ရေးဖော်ရေးဖက်တွေကိုပစ်
သူတကယ်အိမ်ပြန်ဖြစ်သွားပြီ
သူဟာကဗျာဆရာ
စာစာနာနာနဲ့ 
ဒီကဘဝတွေကို ကဗျာဖွဲ့ သွားတာ
သူဟာကဗျာဆရာ
မလေးရှားမြေမှာ ထာဝရ ရှင်ကျန်ရစ်မယ့်
ကဗျာဆရာ...။......။
လူခါး
ရာဇာမျိုး(အင်းကုန်း)...သို့ 
No comments:
Post a Comment