Tuesday 4 September 2012

ခင်များဟာ ကဗျာဆရာ ဆိုရင် ဒီကဗျာက ခင်များအတွက်ပါ ။ခင်များဟာ ကဗျာဆရာမဟုတ်ဘူး ဆိုရင်တော့ ဒီကဗျာက ခင်များအတွက်မဟုတ်ဘူးပေါ့ ။

သိတယ်
ပင်လယ်ဟာ
သူ့ ဆာလောင်မှုနဲ့ သူ
စီးဝင်လာသမျှ
တစ်စက်မကျန် ဝါးမြို ပစ်မယ်ဆိုတာ ။
သိတယ်
မီးဟာ
သူ့  ခက်ထန်မှုနဲ့ သူ
ချဉ်းကပ်လာသမျှ
တစ်ပွင့်မကျန်လောင်မြိုက်ပစ်မယ်ဆိုတာ ။
သိတယ်
ဆူးဟာ
သူ့ မာန နဲ့ သူ
ကျူးကျော်လာသမျှ
တစ်ယောက်မကျန် နစ်ဝင်ပစ်မယ်ဆိုတာ။
မသိခဲ့ဘူး
ကဗျာဆရာဟာ
သု့ ထည်ဝါမှုနဲ့ သူ
ကဗျာရေးဖို့ ကြိုးစားလာသူ မှန်သမျှ
တစ်ဖက်သတ်ကြီး မျက်မုန်းကျိုးနေမယ်ဆိုတာ
မသိခဲ့ဘူး ။
ကျွန်တော် တကယ်ကို မသိခဲ့ဘူး ဗျာ ။   ။

                                                                           လူခါး

No comments: