Saturday 8 September 2012
လူတိုင်
အဲဒီနေ့ က ခင်များနဲ့ ငြင်းရတာပျော်တယ်
ဒီလိုပါပဲ ကို ZAY  ရယ်
ဘဝဆိုတာ ဒီဘက်နားကဝင်ပြီး ဟိုဘက်နားကထွက်သွားတဲ့စကားလိုပဲ
လူတွေဟာ ဂဏန်းတစ်ကောင်ကို ပျက်ရယ်ပြုတာထက် ပိုကြီးတဲ့ ရည်ရွယ်ချက် မရှိတော့ဘူးလား
သန်းသန်းရီ နဲ့ တွေ့ တဲ့အခါ မေးကြည့်ရဦးမယ်
(သန်းသန်းရီ ဆိုတာ ကျွန်တော် ကျိတ်ချစ်နေတဲ့ ကောင်မလေး)
ဒိုင်ယာယီထဲ ကိုယ့်အကြောင်းကိုရေးတဲ့နေ့ က
ဓါးအိမ်ထဲကဓါးဟာ ဟိုဟိုဒီဒီ လမ်းသလားချင်တဲ့အကြောင်း
ဘယ်သူမှမကြားအော်လို့ 
တွေ့ လား ခိုတွေလေ ဟိုး......အဝေးကို ပျံထွက်သွားကြတာ
စားမယ်၊ သောက်မယ် ၊ လိင်ဆက်ဆံမယ်
ဖြစ်နိုင်ရင် အဲဒီ သုံးခုပဲ လုပ်ချင်တော့တယ်
သဘာဝကျကျ သရုပ်ဆောင်ရတဲ့ ဇာတ်မှာ
ကျွန်တော်နေရာရတာက ခေါင်းတလားထဲမှာ ငြိမ်နေရတဲ့ အခန်း
ခန်းစီးစအောက်က ဆတ်ခနဲ မြင်လိုက်ရတဲ့ အရာဟာ
နှုတ်ခမ်းထောင့်မှာ ငြိနေတဲ့ သွေးစ
သိပ်ရယ်ရတာပဲ သိလား ကို ZAY
ဘယ်သတ္တဝါမှ အမှတ်တမဲ့ ဆိုပြီး ဘယ် ဘက်ရင်အုံမှာ တက်တူး မထိုးဘူး
လေအဝေ့မှာ သစ်ရွက်တစ်ရွက်လို ကြွေကြည့်ချင်တဲ့ ဗီဇ က
ပါတ်လမ်းထဲ ရောက်နေတဲ့ ကမ္ဘာ လို ဟိုလိုလို ဒီလိုလို
ဖယောင်းတိုင်ဟာ အလင်းရောင်ပေးမှ အရည်ပျော်ကျ ခွင့်ရတာ ဓမ္မတာလား ကို ZAY
လာ   ၊ ကျွန်တော်တို့  ကိုယ့်ကိုယ်ကိုယ် အရည်ပျော် ကြည့်ရအောင်
ဘယ်သူတွေ လင်းသွားမလဲ ဆိုတာ
                                                                   လူခါး
No comments: