Tuesday 30 October 2012

မြို့ ပြဝါကျများ

ဟေ့ ..ညီလေး အိမ်ကိုမင်းလွမ်းနေသားနဲ့ တေပေပြီး
ခုလောက်ထိတော့ မင်းမခွဲစဖူး
လမ်းဘေးနားက အကြော်ဆိုင်ဘေးမှာ မထိုင်နိုင်ဘူး
ဝမ်းတီး တူးတီး ကာဖီဆိုင်မှာ မသောက်ချင်ဘူး
မာစီဒီးပေါ်ဝယ် ဇိမ်နဲ့ နေမယ်
သတင်းထူးတွေ သတင်းထူးတွေ
မျှော်စင်ကျွန်းရှိုးပွဲမှာ ဂျောက်ဂျက်ကို
ကလေးတစ်ယောက်က ရိုက်ခွဲပစ်လိုက်ပြီ တဲ့
သတင်းထူးတွေ
ပြဿနာတွေတက် အိုပြဿနာတွေ တက်
ငါတို့ အဖွဲ့ ကို မဲပေးရင်ပေး ၊ မပေးရင်
ပြဿနာတွေ တက် အိုပြဿနာတွေ တက်
ပြည်သူ့ အတွက် ပြည်သူ့  အတွက် ပြည်သူ့ အတွက်
သူ့ မိန်းမက ပြည်မြို့  ကလေ (ဟဲ..ဟဲ..ခိုက်မိတဲ့ ကာတွန်းတစ်ကွက်)
ရင်ထဲကို အေးမြသွားမယ် ရေခဲရေ
သောက်ဦးမလား အစ်ကို့  သောက်ဦးမလား အမ
သောက်ဦးမလား အစ်ကို့  သောက်ဦးမလား အမ
ရေခဲရေ ရေခဲရေ ရေခဲရေ
ဘုရားရင်ပြင်တော်ပေါ်တွင် မဖွယ်မရာ မပြုလုပ်ရ၊ တွေ့ ရှိက အရေးယူမည်
ပုံ ဘုရားဖူး အဖွဲ့ (အဲဒီလိုရေးရမယ် ကွယ်ရို့ )
ဒီကနေ့  လိမ်၍ ရသော အမြတ်သည် မနက်ဖြန် ရွှေဝယ်ရန်ဖြစ်သည်
တောက်..ဘယ်ကောင်လက်ကမြင်းသွားတာလဲ ကွ ..ဟေ
ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအားဆန့် ကျင်ကြ
ကျုပ် အင်္ဂလိပ်စာ သင်တာ ကျုပ်ကို ဆဲ ရင် ပြန်ဆဲဖို့ ဗျ
လက်ဖက်ရည်ဖိုးလေးများ ပေးမသွားချင်ဘူးလား..၊ ဟဲ ဟဲ ကြည်စားသလား
လုပ်လိုက်တော့ ဟေ့ လုပ်လိုက်တော့
ယမန်နေ့ က ဖွဲ့ စည်းလိုက်သော အဖွဲ့ ဝင် ခြောက်သောင်းရှစ်ထောင်ပါ
ကဝိမျက်မှန်ပညာရှိကြီးများအဖွဲ့ သည် တစ်ယောက်နှင့်တစ်ယောက်
သဘောထားခြင်းမတိုင်ဆိုင်ပါသဖြင့် ဒီကနေ့ သဘောထားကြီးစွာ ဖျက်
သိမ်းလိုက်ပြီ ဖြစ်ကြောင်း
မျိုးရိုးနဲ့ တန်ခိုးရှိခဲ့ပေ ထီးနန်းနဲ့ စံမြန်းလာတာတွေ။

                                                                            ပြုံးစရာ မဂဇင်း၊2013
                                                                               လူခါး

No comments: