Monday 28 January 2019

ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ



အလုပ် ပိတ်ရက်ကလေးမှာ ကျွန်တော့် မိတ်ဆွေ များအတွက် ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ နေ့ 
စဉ်နေထိုင်မှုပုံစံထဲက ဂျပန်တွေ လိုက်နာ ကျင့်သုံးကြတဲ့ အချက်ကလေးတွေကို မျှပေးပါရစေ။

၁..အချိန်ကို လေးစားတန်ဖိုးထားခြင်း

ဒါကတော့ တကယ်ကို ကမ္ဘာကျော်တဲ့ ကမ္ဘာက သိတဲ့ အချက်ပါပဲ။ ဂျပန်တွေဟာ အချိန်ကို 
အင်မတန်မှ လေးစားကြပါတယ်။ အချိန်ဟာဂျပန်တွေ အတွက်တော့ ငွေပါပဲ။ ဒါကြောင့်
လည်း လုပ်အားခကို တစ်နာရီ ယန်း ဘယ်လောက်ဆိုပြီး နာရီနဲ့ တိုင်းတာတွက်ချက်တတ်
ကြတာပါပဲ။

ကျွန်တော် ဂျပန်ကို စရောက်တော့ ရေလုပ်ငန်းတစ်ခုမှာ အလုပ်သင်သင်တန်းသားတစ်
ယောက် အနေနဲ့ အလုပ်လုပ်ရပါတယ်။ အလုပ်စတဲ့အချိန်က မနက် ၇ နာရီခွဲမှပါ။ ဒါပေမဲ့ 
အလုပ်ကို မနက် ၇ အရောက် သွားရပါတယ်။ အလုပ်သမားတိုင်းလည်း ရောက်အောင်လာ
ကြပါတယ်။ အလုပ်သမားတွေရောက်လို့ သူဌေးကရောဆိုတော့ သူဌေးလည်း ရောက်နှင့်နေ
ပါပြီ။ 

အလုပ်ရောက်တာနဲ့ ဓားသွေးတာ၊ စားပွဲခင်းတာ ၊ အမှိုက်ပုံးပြင်ဆင်တာ၊ လက်အိတ်တွေ ၊ 
စက္ကူပုံးတွေ ပြင်ဆင်တာ ၊ရေပုံးတွေထဲ ရေဖြည့်တာတွေ လုပ်ရပါတယ်။ အားလုံးအဆင်
သင့်ဖြစ်ပြီဆိုရင်တော့၇နာရီ မခွဲခင်အထိ ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာတို့ 
ကို လုပ်လို့ ရပါတယ်။ 

ကျွန်တော်ရောက်စကတော့ ကျွန်တော်တို့ ကိုယ်ပိုင်အချိန်ထဲကနေအချိန်ခိုးယူခြင်းခံနေရတာ
လို့ တွေးမိပြီး အင်မတန် စိတ်တိုပါတယ်။ဒါပေမဲ့ ကြာလာတာနဲ့ အမျှ ကိုယ်တိုင်လည်း လိုလို
ချင်ချင်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတာကို ပျော်ရွှင်လာပါတယ်။ ကြိုတင်ပြင်ဆင်မှု
ရဲ့ တန်ဖိုးကို နားလည်လာပါတယ်။ 

ရေလုပ်ငန်းမှ မဟုတ်ပါဘူး။ ကားစက်ရုံမှာ အလုပ်ဝင်ဖြစ်တော့လည်း ကြိုတင်ပြင်ဆင်မှုဆို
တာ ရှိတာပါပဲ။  မနက်၈ နာရီအလုပ်စမယ်ဆိုရင် မနက် ၇နာရီခွဲကတည်းက လိုအပ်တဲ့ပြင်
ဆင်မှုတွေလုပ်နေကြတာသတိထားမိပါတယ်။ 

ပြီးတော့ ရထားစီးတာမျိုးရောပေါ့။ ဂျပန်တွေဟာ ရထားချိန်မနီးဘဲနဲ့ ကျွန်တော်တို့ ဆီမှာလို 
ဘူတာမှာ လာစောင့်နေတာမျိုး လုံးဝမရှိကြပါဘူး။ ရထားချိန်နီးမှသာ ကားလေး စက်ဘီး
လေးနဲ့ ပြေးလာပြီးရထားပေါ်တက်ကြတာပါ။ 

တစ်ယောက်နဲ့ တစ်ယောက် အလုပ်ကိစ္စနဲ့ အချိန်းအချက်လုပ်ကြရင်လည်း ဘယ်တော့မှ
 နောက်ကျလေ့မရှိပါဘူး။

၂..အကောင်းမြင်စိတ်ရှိခြင်း

ဒါလည်း အရေးကြီးတဲ့ အချက်ပါပဲ။ ဂျပန်တွေ ဟာ လူတစ်ယောက်ကို ဘယ်တော့မှ မင်း 
ဘာဖြစ်တယ် ဘာဖြစ်တယ် ဆိုပြီး *(ကျွန်တော်တို့ ဆီမှာလို ပေါ်တင်ပြောတယ် ဆိုတာမျိုးပေါ့)
 ပြောလေ့မရှိကြပါဘူး။ မပြောဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကွယ်ရာမှာ ပြောကြတဲ့
ဂျပန်တွေကို တွေ့ ဖူးပါတယ်။ ဒါပေမဲ့ ရှေ့ တင်တော့ အင်မတန်ဆင်ခြင်ကြပါတယ်။  ဘာပဲဖြစ်
ဖြစ် လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို တော်လိုက်တာ၊ ကောင်းလိုက်တာ၊ အရသာရှိလိုက်တာ ဆို
ပြီး ချီးကျူးပြောဆို ကြလေ့ရှိကြတာကတော့ အများစုပါပဲ။

၃....စုပေါင်းအင်အားကို အသုံးချတတ်ခြင်း

ဂျပန်တွေဟာ ခေါင်းဆောင်ရဲ့ စကားကိုတသွေမတိမ်း လိုက်နာတတ်ကြပါတယ်။ ကိုယ်က 
တစ်ခုခုလုပ်ချင်ပြောချင်ရင်တောင် ခေါင်းဆောင် ခိုင်းတဲ့အတိုင်းအရင် လုပ်ပါတယ်။ နား
ထောင်ပါတယ်။ တစ်ယောက် ချင်းစွမ်းရည်တွေမှာ အခြားကမ္ဘာအရပ်ရပ်က လူတွေနဲ့ မသာ
လွန်ပေမယ့် အုပ်စုဖွဲ့ လုပ်ဆောင်တဲ့ ကိစ္စတွေမှာတော့ ဂျပန်တွေဟာ ပြိုင်စံရှားပါပဲ။

၎...စည်းကမ်းလိုက်နာခြင်း

ဂျပန်နိုင်ငံဟာ ဆိုင်းဘုတ်တွေ အများဆုံးရှိတဲ့ နိုင်ငံလို့တောင် ကမ္ဘာနဲ့ ချီပြီး ဆိုလိုက်ချင်ပါ
တယ်။ နေရာတိုင်းမှာ လမ်းညွှန်ဆိုင်းဘုတ်တွေရှိပါတယ်။ ရထား၊ ကား၊ လူသွားလမ်း၊ စက်
ဘီးစီးလမ်း၊ က အစ အမှိုက် ပုံးတွေအထိ စာတွေကပ်ထားတတ်ပါတယ်။ စာကပ်ထားတဲ့ 
အတိုင်း လမ်းညွှန်ထားတဲ့ အတိုင်းလည်း အမြဲ လိုက်နာကျင့်သုံးကြပါတယ်။
အလုပ်ခွင်ကို ဝင်တာနဲ့ အလုပ်ခွင်မှာ လိုက်နာရမယ့် စည်းကမ်းဆိုတာမျိုးတွေကနေ လူတစ်
ယောက် နေ့ စဉ်နေထိုင်စာေးသာက်မှုတွေအထိ လမ်းညွှန်ချက်တွေနဲ့ အသက်ရှင်ကြတဲ့လူမျိုး
ပါ. စာအုပ်ကြီးသမားတွေလို့ ဆိုကြတာ ဒါကြောင့်ပေါ့။ စည်းကမ်းလိုက်နာတတ်ကြခြင်း ဟာ
လည်း ဂျပန်တွေ ရဲ့ အမှတ်တံဆိပ်ပါပဲ။

၅...အလုပ်ကြိုးစားခြင်း

ဒါလည်း နာမည်ကြီးပါတယ်။ အလုပ်လုပ်ရင်းသေမယ်ဆိုတဲ့ လူမျိုးတွေပါ။ အလုပ်ထဲမှာ ကျွန်
တော်တို့ လုပ်တဲ့အလုပ်တွေကို အသက် ၆၀လောက် ဂျပန်တွေ မငြီးမညူ လုပ်လေ့ရှိပါတယ်။
အသက်ရလို့ အချိန်ပိုတော့ မလုပ်ဘဲ စောပြန်မယ်ဆိုတာမျိုး ဂျပန်တွေမှာ မရှိပါဘူး။ အလုပ်ပါး
တဲ့ လတွေမှာ အချိန်ပို ခွဲပေးရင်တောင် မရအရ ယူပြီး အချိန်ပိုလုပ်ချင်ကြပါသေးတယ်။ ဂျပန်
တွေ အလုပ်ကြိုးစားကြလွန်းလို့  အလုပ်စွဲတဲ့ ရောဂါတောင်ရတဲ့အထိပါပဲ။ အလုပ်နားဖို့  အ
လုပ်ပျက်ဖို့ကိုလည်း အင်မတန် စိုးရိမ်တတ်ကြပါသေးတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ ဂျပန်
အစိုးရက ၄ လကို တစ်ကြိမ် တရားဝင် ပိတ်ရက်ရှည် သတ်မှတ် ပေးပြီး အလုပ်ကနေ နားဖို့ 
စည်းကမ်းထုတ်ရတဲ့ အထိပါပဲ။

၆...KAIZEN ကိုင်ဇန်နည်းပညာကို အမြဲအသုံးပြုခြင်း

ကိုင်ဇန်နည်းပညာဆိုတာကတော့ ဂျပန်နိုင်ငံကြီး အဖက်ဖက်ကကျရှုံးနေတဲ့အချိန် ၊ဂျပန်နိုင်ငံ
ကို ပြန်လည် ထူထောင်ရာမှာ ဂျပန်တွေ ကျင့်သုံးခဲ့တဲ့ နည်းပညာပါပဲ။KAIဆိုတာကContinuousအဆက်မပြတ်လို့အဓိပ္ပါယ်ရပြီး"ZEN"ဆိုတာကImprovementတိုးတက်ခြင်း
လို့.အဓိပ္ပါယ်ရပါတယ်။.

P
D
C
A လို့ အတိုမှတ်လို့ ရပါတယ်။
P က plan ပါ။
D က do ပါ။
C က check ပါ။
Aက adjust ပါ။

လုပ်မယ်လို့ ဆုံးဖြတ်မယ်။
လုပ်မယ်။
အမှားအယွင်း၊ အပေါ့အစ စစ်ဆေးမယ်
ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မယ်။

တစ်နေ့ လုပ်တဲ့ အလုပ်ထက် နောက်တစ်နေ့ လုပ်တဲ့ အလုပ်က ပိုကောင်းရမယ် ဆိုတဲ့ ကိုင်
ဇန် နည်းပညာကို ဒုတိယ ကမ္ဘာစစ်ကြီး ရှုံးပြီးခဲ့ ကတည်းက ခုချိန်ထိ လက်ကိုင်ထားကြတုန်း
ပါပဲ။

၇..အမှားကို ဝန်ချတောင်းပန်တတ်ခြင်း

ဒါကလည်း တော်တော်ကို အတုယူစရာ ကောင်းတဲ့ ကိစ္စပါပဲ။ ဂျပန်တွေလည်း လူတွေပါပဲ။ 
မှားတတ်ကြပါတယ်။ ဒါပေမဲ့ ဂျပန်တွေဟာသူတို့ မှားရင် ချက်ချင်းတောင်းပန်တတ်ကြပါတယ်။
လူတစ်ယောက်အနားကနေ ဖြတ်သွားတာမျိုး၊ မတော်တဆ ပွတ်မိတာမျိုးကနေ ဘယ်လိုကြီး
တဲ့ ကိစ္စဖြစ်ဖြစ် မှားတဲ့ လူက နေရာမှာတင် ချင်ချင်းတောင်းပန်တတ်ကြတာပါပဲ။ ဒါကြောင့်
လည်း ဂျပန်မှာ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ်တယ်ဆိုတာ အင်မတန်ရှားပါတယ်။
ဖြစ်ရင်လည်း လက်ပါလို့ မရပါဘူး။ လက်ပါတဲ့လူက ဂျပန်ယန်း သောင်း၃၀ ၊မြန်မာငွေ သိန်း
၄၀ လောက် လျော်ကြေးပေးရပါတယ်။  အလုပ်မှာမတော်တဆ စကားများရင်တောင် နောက်
နေ့ အထိ သယ်လာတာမျိုး ရှားပါတယ်။
ကျွန်တော် ဂျပန်တစ်ယောက်ကို မေးဖူးပါတယ်။ မင်းတို့ ဟာက တစ်ခုခုဆို တောင်းပန်တယ်
ဆိုတာချည်းပဲ။ ဘယ်အရွယ်ကတည်းက တောင်း ပန်တယ်ဆိုတဲ့ စကားကို သင်ပေးကြတာ
လဲ ဆိုတော့ စကားပြောတတ်ကတည်းက..တဲ့။

ဒါဟာ ဂျပန်နိုင်ငံတိုးတက်ရခြင်းရဲ့ အဓိက အကြောင်းတရားတွေပါပဲ။

                       လူခါး
            2019.01.27, sun;18.39 PM

                  Chiyoda Machi, JP

No comments: