Wednesday 17 June 2020

အရေးပေါ် အခြေအနေ


နံရံမှာ
ပင်အပ်နဲ့ စိုက်ထားတယ်
စက္ကူဖြူတစ်ရွက်
စက္ကူပေါ်မှာ
စာ တစ်ကြောင်းတည်း
သွေးနဲ့ ရေးထားတယ်
တစ်ယောက်ယောက်ဆီမှာ
ဓါး ရှိနေရဲ့လားခင်ဗျာ
ရှေ့ကနေ အထိုးခံဖူးချင်လို့ပါ...တဲ့
ကျနော် ရယ်မိတယ်
ခေတ်ထဲ
ဘယ်သူမှ ရှေ့ကမထိုးတော့ဘူး။

           လူခါး
      ၂၀၂၀.၀၆.၁၈၊ဂျပန်

No comments: