Sunday 8 September 2024

သတိရခြင်း

ပင်လယ်ကို  သတိရလို့တဲ့

တိမ်တွေဟာ

သူကိုယ့်သူ မိုးအဖြစ် ဖန်ဆင်း

ပင်လယ်ပြင်ထဲ ခုန်ဆင်းသွားခဲ့တယ်။


တောပန်းတွေကို သတိရလို့တဲ့

လိပ်ပြာလေးဟာ

သစ်ရွက်ကလေးလိုဟန်ဆောင်

လေပွေခေါ်ဆောင်ရာနောက် လိုက်သွားခဲ့တယ်။


ချစ်သူကို သတိရလို့တဲ့ 

လူတစ်ယောက် စာရွက်ကလေးတစ်ရွက်မှာ ကဗျာရေး

စက္ကူစွန်လေးလုပ်ပြီး လေထဲဝဲပစ်ခဲ့တယ်။


   #လူခါး

၂၀၂၄-၀၆-၁၉

No comments: