ဒုက္ခတွေကို ကော်ဖီခါးခါးထဲမှာ ထည့်ဖျော်ရင်း
အုံးသီးပေါ် ခေါင်းမအုံးပဲ
မိုးလင်းခဲ့ရတဲ့ညတွေ များပြီ
ကမ်းစပ်မှာ ငါးမျှားတဲ့လူတစ်ယောက်လို
သားကောင်ကို ထိုင်စောင့်ဖို့ အချိန်မရလေတော့
ခုလိုပဲ...
မုဆိုးကိုသာပြေးပြေးတွေ့ နေရပေါ့..။
ငါးပါးသီလထဲမှာ
မုသာဝါဒကို ထည့်မဆိုဖို့ 
ကိုယ့်ကိုယ်ကို သင်ပြပေးခဲ့တယ်
ဒါ...အမေစိတ်ချမ်းသာဖို့ တစ်ခုတည်းအတွက်ပဲ..။
ဒေါင်းယောင်ဆောင်တဲ့ ကျီးလည်းမဟုတ်ဘူး
ဒါပေမယ့်..ကျီးကန်းတစ်ကောင်လို
ချက်ဆို နားကွက်က မီးတောက်ဖို့ တော့လိုလိမ့်မယ်
အသက်ရှုသံတွေ နပ်မှန်ဖို့ အတွက်
မနက်ဖြန်တိုင်းကို မေတ္တာပို့ နေရတယ်
ကဲ...............
လူမည်းတွေကျန်းမာချမ်းသာကြပါစေ။
လူခါး
သတင်းကွန်ယက် ဂျာနယ်(မလေးရှား)၊ ၂၀၀၉
အုံးသီးပေါ် ခေါင်းမအုံးပဲ
မိုးလင်းခဲ့ရတဲ့ညတွေ များပြီ
ကမ်းစပ်မှာ ငါးမျှားတဲ့လူတစ်ယောက်လို
သားကောင်ကို ထိုင်စောင့်ဖို့ အချိန်မရလေတော့
ခုလိုပဲ...
မုဆိုးကိုသာပြေးပြေးတွေ့ နေရပေါ့..။
ငါးပါးသီလထဲမှာ
မုသာဝါဒကို ထည့်မဆိုဖို့ 
ကိုယ့်ကိုယ်ကို သင်ပြပေးခဲ့တယ်
ဒါ...အမေစိတ်ချမ်းသာဖို့ တစ်ခုတည်းအတွက်ပဲ..။
ဒေါင်းယောင်ဆောင်တဲ့ ကျီးလည်းမဟုတ်ဘူး
ဒါပေမယ့်..ကျီးကန်းတစ်ကောင်လို
ချက်ဆို နားကွက်က မီးတောက်ဖို့ တော့လိုလိမ့်မယ်
အသက်ရှုသံတွေ နပ်မှန်ဖို့ အတွက်
မနက်ဖြန်တိုင်းကို မေတ္တာပို့ နေရတယ်
ကဲ...............
လူမည်းတွေကျန်းမာချမ်းသာကြပါစေ။
လူခါး
သတင်းကွန်ယက် ဂျာနယ်(မလေးရှား)၊ ၂၀၀၉
No comments:
Post a Comment