Monday 13 February 2012
''BASIC ကြေး ၂၁ ရင်းဂစ်နဲ့  မွန်းနစ်နေ တဲ့ ကဗျာ''
အချစ်က မျက်နှာကြီးရာဟင်းဖတ်ပါတော့
ဟင်းဖတ်ကြီးရာ မျက်နှာလွှဲ တတ်လာတာက ဘဝ
လောလောဆယ်တစ်ခါသုံးဖုန်းကဒ်လေး မဝယ်နိုင်သေးဘူး
ခဏ ခဏ မေ့မေ့ သွားတဲ့ ချစ်သူ့ နာမည်
ခဏ ခဏ စိတ်နာမိတဲ့ ပစ္စက္ခ
အခန်းကျဉ်းလေးထဲ မချောင်လည်သေးတဲ့ စိတ်ကူးဒြပ်စင်များ
လွှတ်တင်လိုက်  ကျကွဲလိုက်
ချည်နှောင်လိုက်  ပြတ်တောက်လိုက်
ငါတို့ ကို လောင်မြိုက်နေတဲ့ လောကဓံ
ကြားလား
                                                လင်းလက်တာရာ ၊လူခါး
No comments: