ညကြီးထဲ
ဖုန်းတစ်ကောလ်က ကျည်တစ်တောင့်လို
ရင့်သီးလွန်းခဲ့
ပါသွားပြီ တဲ့
နုတ်ယူသွားသောကြီးကောင်ဝင်ခြင်းများ
လမ်းဘေး သူတောင်းစားတစ်ယောက်လှဲအိပ်သလို
အေးအေးဆေးဆေးတံဆိပ်ကပ်ခွင့်မရတဲ့ကံကြမ္မာ
ညဟာ ခုလိုပဲ
မိုးမချုန်း လျှပ်မလက်ဘဲ
ငါ့သူငယ်ချင်းကိုခေါ်သွား
အောင်သေအောင်သား စားခဲ့ပေါ့...။....။
လူခါး
ဂိမ်းဆိုင်အလုပ်သမားကလေးတစ်ယောက်အားစာနာသောအားဖြင့်
No comments:
Post a Comment