မလေးရှားနိုင်ငံ၏ မြို့ တော် ကွာလာလမ်ပူနှင့်  တစ်နာရီခန့် ကားစီးရသော အကွာအဝေးရှိ ဆရင်ဘန်း
ပြည်နယ် ဘူကစ်ဂလန ဟူသည့်ရပ်ကွက်ကလေးတွင်ဖြစ်သည်။ ဟိုက်ဝေးလမ်းမကြီးဘေးရှိ ရှစ်ထပ်မြင့် 
သော အဆောက်အအုံ၏ မြေညီထပ်ရှိဆိုင်ခန်းကလေးထဲ၌ အသက်နှစ်ဆယ်ခန့်  အစင်းဟူသော အင်ဒို
နီးရှား လူငယ်ကလေးသည် ဖုန်စုပ်စက်တစ်လုံးဖြင့် ကြမ်းပြင်ပေါ်ရှိအညစ်အကြေးတို့အား သန့်စင်လျှက်ရှိသည် ။
ပြည်နယ် ဘူကစ်ဂလန ဟူသည့်ရပ်ကွက်ကလေးတွင်ဖြစ်သည်။ ဟိုက်ဝေးလမ်းမကြီးဘေးရှိ ရှစ်ထပ်မြင့် 
သော အဆောက်အအုံ၏ မြေညီထပ်ရှိဆိုင်ခန်းကလေးထဲ၌ အသက်နှစ်ဆယ်ခန့်  အစင်းဟူသော အင်ဒို
နီးရှား လူငယ်ကလေးသည် ဖုန်စုပ်စက်တစ်လုံးဖြင့် ကြမ်းပြင်ပေါ်ရှိအညစ်အကြေးတို့အား သန့်စင်လျှက်ရှိသည် ။
ငှင်းကောင်းနှင့် မနီးဝေးရှိကောင်တာစာပွဲတစ်လုံးတွင် ရုပ်ရည်ချောမောပြေပြစ်သော ကီဇီဟုခေါ်သည့်
အသက်သုံးဆယ်ခန့်မလေးနိုင်ငံသူအမျိုးသမီးတစ်ဦးသည် ကွန်ပျူတာတစ်လုံး နှင့် အလုပ်ရှုပ်လျှက်ရှိသည်။
သူမသည်နဖူးမှချွေးစတိုအား လက်ကိုင်ပဝါအဖြူနှင့် သုတ်လိုက်၊ ကွန်ပျူတာထဲသို့ မျက်ကလူးဆန်ပြာကြည့်
လိုက်နှင့် ရှိရာမှ
“ဟေ့ အစင်း..ဒီနေ့ တော့ တို့ ရှော့ဖြစ်ပြီဟေ့..”ဟု စိုးရိမ်သောကရှိသောလေသံဖြင့် အစင်းကိုပြော
လိုက် သည်။
လိုက် သည်။
“အိုး မိုင်ဂေါ့..”
အစင်းဟူသော ချာတိတ်ကလေးသည် “ရှော့ဖြစ်ပြီ” ဟူသောအသံကြားသည်နှင့်လက်ထဲမှ လွတ်ကျမ
လိုဖြစ်သွားသည့် ဖုန်စုပ်စက်အား ပြန်လည်ဖမ်းယူလိုက်ပြီး “အိုးမိုင်ဂေါ့” ဟူသော အာမေဋိတ်သံတစ်ခု
သာ နှုတ်မှ ထွက်သွားရလေသည်။
သာ နှုတ်မှ ထွက်သွားရလေသည်။
ရှော့ဆိုသည်မှာ ကွန်ပျူတာထဲမှ ငွေပမာဏ နှင့်  အံဆွဲထဲမှ ငွေပမာဏ ကွာခြားမှုရှိနေခြင်းကို ဆိုလို
ကြောင်း အစင်းက သိရှိထားပြီးဖြစ်သည်။ကွာဟနေသော ငွေကိုကီဇီနှင့် မိမိ ထက်ဝက်စီ ပ၏ ကျခံရပေလိမ့်
မည်။
“ရှော့ သုံးရာဖြစ်ပြီ၊ ဒုက္ခပါပဲ ၊ တို့ လုပ်သမျှ ကာလပတ်လုံးတစ်ခါမှ မဖြစ်ဖူးဘူး”
အစင်းသည် ဖုန်စုပ်စက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး စိတ်ရှိတိုင်းမွှေ့ ယမ်းပစ်လိုက်သည်။ သူမလုပ်
သမျှကာပတ်လုံး မဖြစ်ဖူးဘူးဆိုလျှင် မိမိစဝင်သည့်နေ့ မှ ဖြစ်ခြင်းဟု သွယ်ဝိုက်ဆိုလိုခြင်းဖြစ်သည်။ မိမိမှာ
လည်း သင်ဆရာ မြင်ဆရာတို့  လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း လုပ်ခဲ့သည်မှ တပါး မည်သည့်  အမှားအ
ယွင်းမျှ မဖြစ်ခဲ့ဟု သူ့ ကိုယ်သူ ထင်ထားခဲ့သည် ။
“ဘယ်တတ်နိုင်မလဲဗျာ၊ ရှော့ဆိုတော့လည်း ထုံးစံအတိုင်း...”
“ နေပါဦး ၊ တို့ ပြန်ချက်ကြည့်လိုက်ပါဦးမယ် ။ လူနည်းတဲ့နေ့ မှ ဘယ်လိုဖြစ်ရတာပါလိမ့်”
သူ့ စကားမဆုံးခင် ဖြတ်ပြောလိုက်သော ကီဇီ စကားကြောင့်  အစင်းမှာ အသာနှုတ်ဆိတ်နေလိုက်ရ
သည် ။ သူမကတော့ ကွန်ပျူတာတစ်လုံးနှင့်  စာရင်းစစ်လိုက်၊ ဂဏန်းတွက်စက်ကို တချောက်ချောက် နှိပ်
လိုက်ဖြင့်  ချွေးများပင် သီးနေလေပြီ ။ အစင်းက ကီဇီထံမှ အကြည့်တို့ ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖုတ်စုပ်စက်
ကိုသာ ဖိ၍ဖိ၍ တရွတ်ဆွဲ နေလေတော့သည် ။
( ၂ )
“ အစင်း..ဒီနေ့ ရှော့ဖြစ်တယ်ဆို..”
အစင်းအဆောင်သို့ ပြန်ရောက်သည်နှင့်  တစ်ခန်းထဲနေသူ အားလီမှ မေးလာခဲ့ဖြင်းဖြစ်သည် ။
“ ဟုတ်တယ် အစ်ကိုရေ..၊ ကျွန်တော်ကတော့ မုဆိုးမ သွားလေရာ မိုးလိုက်ရွာ ဆိုတဲ့ စကားပုံလိုဖြစ်
နေပြီ ”
“ ဟား..ဟား..ဟား...ဟား..ကံဆိုးမသွားလေရာ မိုးလိုက်ရွာတာမဟုတ်ဘူး ကွ၊ မင်းရှေ့ တန်းလိုက်မှ
လက်ဖြောင့် တပ်သားနဲ့ တိုးတာ... ”
အားလီက အပူအပင်ကင်းသည့် ကလေူတစ်ယောက်ကဲ့သို့  ဟက်ဟက်ပက်ပက်ရယ်မောရင်းပြော
သည်။ အစင်းက အိပ်ယာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်ပြီး
“အစ်ကိုပြောတဲ့ အဓိပ်ပါယ်ကို ကျွန်တော်နားမလည်ဘူး”
“နားလည်သင့်တဲ့ အချိန်ရောက်ရင် နားလည်လာမှာပေါ့ကွာ။ အတွေ့ အကြုံဆိုတာအကောင်းဆုံး
ဆရာပဲတဲ့ ။ခုတော့ မင်းဘာလိုချင်သလဲ စဉ်းစား ၊ ပြီးတော့ဘယ်လောက်ပေးနိုင်မလဲ စဉ်းစား ။ ဘယ်အရာ
မဆို မင်းပေးနိုင်သလောက်မင်းပြန်ရမယ်လို့ သိထား ”
အားလီက ပြောပြောဆိုဆို သူ့ လက်တော့ကလေးနှင့် သူ အလုက်ရှုပ်နေပြန်တော့သည်။ အားလီ
ပြောသည့်စကားတို့ အား မိမိဦးနှောက်ကပဲ ဝေဖန်ပိုင်းခြားမှုမပြုလုပ်နိုင်သည်လား ။ အားလီကပဲ မိမိနား
လည်အောင်ရှင်းမပြနိုင်သည်လား အစင်း စဉ်းစားရခက်သည် ။ သေချာသည်ကတော့ လကုန်လျှင် မိမိ
လစာ ထဲမှ ငွေတစ်ရာ့ ငါးဆယ် အဖြတ်ခံရတော့မည် ။ ထို တစ်ရာ့ငါးဆယ် သည် သူ၏ တစ်လစာ စားစ
ရိတ် နှင့် ညီမျှသည် ။
( ၃ )
“ဒီအလုပ်က ဒီလိုပဲ အစင်း ၊ ဆော့တဲ့ လူတွေအတွက် ကြွေတစ်လက်ကြက်တစ်ခုန်ဆိုသလို တို့ 
အတွက်လည်း ကြွေတစ်လက်ကြက်တစ်ခုန်ပဲ ”
နောက်နေ့ နံနက် အလုပ်ဝင်ချိန်တွင် ကီဇီက သူမလက်တော့ကလေးကို ကလိရင်း လုပ်ငန်းနှင့်
သက်ဆိုင်သည်တို့ ကို အစင်းအားလက်ချာရိုက်နေခြင်းဖြစ်သည် ။
“ တစ်ခါတလေ တို့ က ပိုက်ဆံ ပို့ ထည့် မိရင် သူတို့ က ခပ်တည်တည်နဲ့ ကစားပစ်တာရှိသလို ၊
သူတို့ ဆော့ နေတုန်း စက်တွေ ဂျန့် ဖြစ်ရင်လည်း တို့ ကဖြတ်စားလို့ ရတယ် ”
“ ဘယ်လို...ဘယ်လို..”
အစင်းက ကောင်တာစားပွဲနားအထိ တိုးကပ်ပြီးမေးလိုက်မိသည် ။ ကီဇီ ဆီမှ ထွက်လာသော ရေ
မွှေးနံ့  ရှတတသည် ကီဇီ ၏ အလှနှင့် ဆန့် ကျင်သည်ဟု အစင်းတွေးမိသည်။
“ ဒီလိုဟာ..စက်နံပါတ် တစ်ဆယ်က နှစ်ရာထည့် မယ်ထားပါတော့ ၊ ငါက နှစ်ရာကိုသုညတစ်လုံး
ပိုထည့်ပြီး ရိုက်မိရင် နှင်ထောင်ဖြစ်သွားရော ။ ပိုသွားတဲ့ သုညတစ်လုံးအတွက် ထောင့်ရှစ်ရာ ကို မှားရိုက်
တဲ့ကောင်တာ သမားနဲ့  ဘေးသမား နဲ့ တစ်ယောက်တစ်ဝက် စီခံ ။ ဆော့တဲ့လူကတော့ ပိုလာတယ် ဆိုပြီး
ဘယ်တော့မှ ပြန်မပေးဘူး”
ကီဇီ ရှင်းပြမှ အစင်းမှာ ပို၍ ကျောချမ်းသွားရသည်။ သူမပြောသလိုဆိုလျှင် မနေ့ ကသုံးရာမျှ
ရှော့ဖြစ်ခြင်းသည်ပင်လျှင် ကံကောင်းသည်ဟု ဆိုရတော့မည်။ အကယ်၍ သုံးထောင်ဆိုပါက ။
“ မစိုးရိမ်ပါနဲ့  ၊ မင်းက လည်လည်ဝယ်ဝယ်ရှိပါတယ်”
သူ့  အားမြှောက်သလို နှင့်ဆောင့်ချလိုက်သော ကီဇီ စကားကြောင့်  အစင်းမှာ အသံထွက်
အောင်ရယ်လိုက်မိသည် ။ အလုပ်စဝင်သည့် နေ့ မှာပင် သုံးရာ ရှော့ဖြစ်သော သူ့ အား လည်လည်ဝယ်ဝယ်
ရှိသည်ဟုဆိုလျှင် အဘယ်ကဲ့သို့ သောသူသည် လူအ ဖြစ်လိမ့်မည်ကို အစင်းတစ်ယောက် မတွေးတတ်
အောင် ရှိတော့သည် ။
“ ဒါဆို ကိုယ်က ဖြတ်စားတယ်ဆိုတာကရော ”
“ကိုယ်ကဖြတ်စားတယ်ဆိုတာက ၊ သူတို့ စက်ထဲ နှစ်ရာထည့် ပေးပြီး ကစားနေတဲ့ အချိန် လိုင်း
ကသိကအောက် ဖြစ်လို့ စက်တွေ ဂျန့် ဖြစ်ရင် ရပ်ရပ်သွားတတ်တယ် ။ အဲဒီအချိန်မှာ ထပေါက်လိုက်ရင်သူ
တို့ မသိဘူး ။ ရှုံးရင်တော့ သူတို့ ရှုံးပေါ့ဟာ ။ နိုင်ရင်တော့ သူတို့ စက်ပုံမှန်ပြန်မဖြစ်ခင် ကောင်တာကနေ
လှမ်းချက်ပြီး ဖြတ်စားလို့ ရယတယ်။ အဲဒီလို ကျတော့လည်း တစ်ယောက်တစ်ဝက်ပေါ့”
“အဲဒီလိုလား ၊ အဲဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့ လဲ”
“ အဲဒီထက်လုပ်လို့  ရတဲ့ နည်းတွေ ရှိသေးတယ်။ ဒီနေ့ တော့ ဒီလောက်ပဲ မှတ်ထားပေါ့။ ဟိုမှာ
လူလာနေတယ် ။ တံခါးဖွင့် ပေးလိုက်ဦး”
ကီဇီ က ကောင်တာပေါ်တင်ထားသည့်  CCTV ကိုကြည့် ကာ ပြောခြင်းဖြစ်သည် ။ အစင်း၏
လက်အစုံသည် သူမစကား မဆုံးမီပင် ဘောင်းဘီတွင်ချိတ်ထားသော ရီမုတ် လေးဆီသို့  ဖျတ်ခနဲ ရောက်
သွားသည် ။ ထပ် ဆိုသည့် အသံနှင့် အတူ ပွင့် သွားသောတံခါးဆီမှ CUSTOMER တစ်ယောက်သည် ငွေ
ကြေးကို သက်သေထား၍ ကံနှင့် အလောင်းအစားပြုလုပ်ရန် ဆိုင်လေးထဲသို့  တစ်လှမ်းချင်း လှမ်းဝင်လာ
လေသည် ။
( ၄ )
“ ဘယ်ကလာ တစ်ယောက်တစ်ဝက် ရမှာလဲကွ၊ စားစရာ ရှိရင်ကောင်တာကလူက ပိုစားတယ်
ကွ ၊ အေး..ရှော့ဖြစ်ရင်တော့ တစ်ယောက်တစ်ဝက်ဆိုတာ ဟုတ်တယ် ”
အစင်းက အလုပ်ချိန်ပြီး၍ အဆောင်ပြန်ရောက်တိုင်း ဆိုင်တွင် ကြုံတွေ့ ရသော ကိစ္စ အဝဝ တို့ 
ကို ပြန်ပြောပြ၍ အားလီမှ အမှားအမှန်ဝေဖန်ပိုင်းခြားပြခြင်းဖြစ်သည် ။ အားလီ သည် အစင်းနှင့်  အလုပ်
ချင်းတူ၍ ဆိုင်မတူသော သူဌေးတစ်ဦးတည်းဖြစ်သည့် ဂိမ်းဆိုင်အလုပ်သမားပင်ဖြစ်သည် ။သို့ သော် လုပ်
ငန်း အတွေ့ အကြုံ နှင့်  ပတ်သက်၍ သဘာရော ၊ ဝါအရပါ သူတို့ နှစ်ယောက်မှာ ဝါးရင့်နှင့်ဝါးနု ကဲ့သို့  ကွာ
ခြားလွန်းလှသည် ။ ပြီးနောက် အားလီက လက်ရှိကောင်တာသမား ၊ မလေးနိုင်ငံသား ။ အစင်း က ဘေးသ
မား ၊ ဖော်ရိန်နာ ။
“ကီဇီက ကျွန်တော့်ကို ပညာပြလိုက်တာလား အစ်ကို ။ ကျွန်တော်က တော့ အလုပ်သမားအ
ချင်းချင်း ဒီလိုမလုပ်လောက်ဘူး ထင်တာပဲ ”
“အေး..မင်းရဲ့ ထင်တာပဲတို့  ၊ မလုပ်လောက်ဘူး တို့ ကို အင်ဒိုမှာပဲထားခဲ့ ။ ဒီမှာက ကိုယ့်ကိုယ်
ကိုယ်တောင် အသက်ရှူ ၊ မရှူ ဆိုတာ နှာဝ လက်တေ့ကြည့်ပြီးမှ သြော် ငါအသက် ရှူ နေပါလား လို့ ယုံ၊
ဟုတ်ပြီလား ”
အားလီက စေတနာ သက်သက်ဖြင့်  ပြောနေမှန်း အစင်းသိပါသည် ။ သူ့ နိုင်ငံ၊ သူ့ လူမျိုး ရဲ့ 
အထာကို ငါ့ထက်ပိုသိမှာ ပေါ့လေဟုတွေးရင်း
“ အစ်ကိုပြောမှပဲ အလုပ် လုပ်ရမှာတောင် ခပ်လန့် လန့် ဖြစ်လာပြီ ”
အားလီက ပေါင်ကြားထဲသို့ ခေါင်အုံး ကို ဆွဲယူ ညှပ်သွင်းလိုက်ရင်း
“ အစ ကတော့ ဒီလိုပဲ ။ တရားမဝင်ကလည်းဖွင့် ထားပြန် ၊ အဖမ်းအဆီးကလည်း ကြမ်းပြန်ဆို
တော့ ကြောက်ကြတဲ့လူတွေချည်းပဲ ။နောက်တော့လည်း အလုပ်ဆင်းရမှာ ပျင်းလာရင် ဆိုင်ကလေး အဖမ်း
ခံရပ်စေ ပဲ ဆုတောင်းနေရတာ“
“ အချုပ်ထဲ ရောက်ရင်ရော ဘယ်လိုလုပ်သလဲ အစ်ကို ” အစ်စင်းက နောက်ထပ်သိချင်တာကို
မေးလိုက်မိသည် ။
“ တို့  လို ဒီနိုင်ငံသားကတော့ တစ်ညအိပ်ပြီးရင် အပြင်ရောက်ပြီ ။ မင်းတို့ လို ဖော်ရိန်နာတွေက
တော့ နှစ်ပတ်လောက်တော့ကြာတယ် ။ သူဌေးက လိုက်ပေးပါတယ် ။ အလုပ်မှာတော်မှ နော် ။ နုံတိ နုံအ
ဆိုလို့ ကတော့ ဒီအတိုင်းပစ်ထား လိုက်တာ ။ အချုပ်ထဲမှာ နာစေးလာမာ့ ( ထမင်းကြမ်း ) နဲ့ နှစ်ပါးသွားပေ
ရော့ ”
“ အေးဗျာ..”
အစင်း က “အေးဗျာ” ဟု သံရျည်ဆွဲပြီး ညည်းပြတော့ အားလီက လှဲနေရာကနေ ထထိုင်လိုက်
ပြီး
“ညည်းမနေ ပါနဲ့ ကွာ။ လုပ်ငန်းကိုကျွမ်းကျင်သွားရင် မင်းကို ကုတ်နဲ့ ကော်ထုတ်တောင် ဒီအ
လုပ်က ထွက်ချင်မှာ မဟုတ်တော့ဘူး..ဟင်း...ဟင်း....ဟင်း...”
ထိုနေ့ က အားလီ၏ ရယ်သံ နောက်မှ ကုတ်နဲ့ ကော်ထုတ်တောင် ဒီအလုပ်က မထွက်ချင်
လောက်အောင် ဆွဲဆောင်သော အရာသည် မည်သည့်အရာဖြစ်သည်ကို အစင်းတစ်ယောက် မတွေးတတ်
အောင်ရှိတော့သည် ။
( ၅ )
“ကျွန်တော်မလုပ်ချင်ဘူး အားလီ“
“မလုပ်ချင်လို့ မရဘူး အစင်း၊ ဒါ သူဌေးက ခိုင်းတာ ။မင်းလည်းကောင်တာရနေပြီ ပဲကွာ ။ ဘာ
မှစိုးရိမ်စရာမရှိပါဘူး။ ပြီးတော့ ဘေးပေါက်ကလေးဘာလေး”
အားလီက သူ့ စကားကိုရှေ့ မဆက်ဘဲ အစင်းကို မျက်စ တစ်ချက်ပစ်ပြသည် ။ သုံးလအလွန်
တွင် အစင်းအား သူဌေးမှ ဆိုင်သစ်တစ်ဆိုင်၌ ကောင်တာထိုင်ခိုင်ခြင်းဖြစ်သည် ။ ဘေးသမားတစ်ယောက်
အနေဖြင့် ငွေကောက်၊ ကြမ်းတိုက်တို့ ထက်စာလျှင် ကောင်တာသမားသည် စာရင်းဇယားကို ကွန်ပျူတာ
တစ်လုံးနှင့်  လုပ်နေရုံပင် ။သို့ သော် အစင်း မလုပ်ချင် ။ ဘေးသမားတို့  တပ်အပ်သောပညာရပ်တို့ အစင်း
ကျွမ်းကျင်ခဲ့ပြီ ။ ယခု ကောင်တာ သမားတို့ ကျွမ်းကျင်သောပညာရပ်ကိုလည်း ကျွမ်းကျင်ကြောင်းပြရပေ
လိမ့်မည် ။နောက်ဆက်တွဲ ပါလာမည့်  အဖြူ အမည်း မသဲကွဲသည့် ပြသနာများကို အစင်းတတ်နိုင်သမျှ
ရှောင်ချင်သည် ။
ထို့ နောက် အားလီ၏ ဘေးပေါက်ကလေး ဘာလေးဆိုသည့်စကားက ဘယ်အတိုင်းအတာ
အထိ ရောက်သွားသည်ကို အစင်းစဉ်းစားမိသည် ။ လုပ်အားကို အရင်းပြု၍ ငွေကြေးရှာဖွေကြသူအချင်းချင်း
တောက်ကျောကိုဓားနှင့်ထိုးသည့်  အလုပ်မျိုး အစင်းခံပြင်းသည်။
“လစာလည်းတိုးမယ်။ သူဌေးနဲ့ လည်း တိုက်ရိုက်ထိတွေ့ ရမယ် ။ လုပ်ငန်းထဲမှာလည်း တည်
တည် တံ့တံ့ နေရမယ် ။ မင်းကို လုရမယ် ၊ ဖွက်ရမယ်လို့ ပြောတာမဟုတ်ဘူး။ လူဆိုတာ တစ်နေ့ ထက်တစ်
နေ့  တိုးတက်ပြေင်းလဲနေရမယ်ကွ ”
အားလီ၏ အလယ်အလတ်ကျသော စကားတို့ ကို ချင့် ချိန်စဉ်းစားပြီး အစင်းခေါင်းညိတ်လိုက်
သည် ။ အစင်းအနေဖြင့် တိုးမည့် လစာကိုမမက်သော်လည်း ဘေးသမားတစ်ယောက်ဘဝမှ ကောင်တာသ
မား တစ်ယောက် ကြုံတွေ့ ရည့်  အတွေ့ အကြုံသစ်ကိုတော့မက်မောသည် ။ အစင်းကကောင်တာသမားဖြစ်
လာသောအခါ အစင်းကဲ့သို့ အတွေ့ အကြုံသစ်ကိုငတ်မွတ်သည့် လူငယ်တစ်ယောက်က ဘေးသမားတစ်
ယောက်အဖြစ် ဆိုင်သစ်လေးသို့  ရောက်ရှိလာခဲ့သည် ။
( ၆ )
နံနက်ဆိုင်ဖွင့် သည်နှင့်  အစင်းတစ်ယောက်ဆိုင်ထဲရှိ ဆယ့်ရှစ်လုံးသော စက်တို့ ကို ကောင်
တာမှ နေ၍တစ်လုံးချင်းချက်နေမိသည်။ ငွေလက်ကျန်ရှိလျှင်အတိအလင်းထုတ်ယူသုံးစွဲပိုင်ခွင့်ရှိ၍စေတနာ ရှိက ဘေးသမားကိုပေးနိုင်သည် ။ ဒါသည် ကောင်တာထိုင်မှ ထပ်သိရသောဗျူဟာအသစ်များဖြစ် သည်။
“အစ်ကို ကျွန်တော် စားစရိတ် ပြတ်နေပြီ ....၊ သူဌေးဆီမှာချေးငွေ ထုတ်ပေးပါဦး”
အစင်းစက်တွေကိုချက်နေရာမှခေါင်းညိတ်ပြလိုက်သည်။ဆိုင်ကိုကောင်တာသမားမှဦးစီးရသလိုအထက်သို့ တင်ပြစရာရှိလျှင်လည်း ကောင်တာသမားက ခေါင်းခံရသည် ။ ပိုက်ဆံလို၍ ချေးငွေတင်လျှင်ပင် ကောင်တာသမား၏ လက်မှတ်ပါမှ သူဌေးက ချေးငွေထုတ်ပေးသည် ။
“ နေပါဦကွ ၊စက်တွေထဲ ရှိလိုရှိငြား ၊ ရှိရင်လည်းမင်းယူပေါ့ ”
ည နှင့် နံနက် နှစ်ဆိုင်းရှိသည့် အနက် ညသမားတို့  မေ့ကျန်ခဲ့သည့်အချမျိုးနှင့်ကြုံလျှင်ရလေ့ရထ ရှိတတ်သည်ကို ရည်ညွန်း၍ အစင်းကပြောလိုက်ခြင်းဖြစ်သည်။စက်အားလုံးပင်နှံ့ တော့မည်။လက်ကျန်ဟူ၍ တစ်ပြားတလေမျှပင်မတွေ့ ။ဘေးသမားလေးသည်မကြာခင်ရွာချတော့မည့်မိုးအား စောင့်မျှော်နေသည့် ရေငတ်နေသူတေစ်ယောက်ပမာ မလှမ်းမကမ်းတွင်ရှိနေသည်။
“ အိုကေ ”
စက်နံပါတ်ဆယ့်ခြောက်သိုအရောက်ဝမ်းသာလုံးစို့ စွာဖြင့် အစင်းထခုန်လုမတတ်အော်ပစ်လိုက်သည် ။ ဘေးသမားလေးသည် ပထမဆုံးကျလာသည့် မိုးရေစက်ကိုထိတွေ့ ခွင့်ရလိုက်သလိုပျော်ရွှင်မှု မျိုးဖြင့်  ကောင်တာဆီသို့ ပြေးကပ်လာသည် ။
“ အို ..ဆောရီး...ဆောရီး ”
မထင်မှတ်ထားသောထိုတဒင်္ဂအတွင်းတွင်ဖြစ်သည်။အစင်းထံသို့ ပြေးကပ်လာသောဘေးသမား ကလေး အနားသို့ မရောက်သို့ မရောက်မီ အစင်း၏ လက်အစုံက အစင်းကိုယ်တိုင် ထင်မှတ်မထားသည်ကို လုပ်ပစ်လိုက်သည် ။
“ မဟုတ်ဘူးကွ ”
မော်နီတာ၏ အထက် ဘယ်ဘက်ထောင့်ရှိ အနီရောင်ကြက်ခြေခတ်လေးသို့ မောက်ဖြင့် 
ကလစ်၍ မြင်ကွင်းအားလုံးကို ပိတ်ပစ်လိုက်ရင်း အစင်းက ပြောလိုက်သည် ။
“ မတွေ့ ပါဘူး ကွ ၊ ကဲ ပေးပေး ..မင်းချေးငွေ ဘယ်လောက်တင်မှာလဲ ”
ပြောပြောဆိုဆိုအစင်းက ဘေးသမားချာတိတ်လေးထိုးပေးသော ချေးငွေစာရွက်ပေါ်တွင် လက်မှတ်တစ်ချက်ထိုးပေးလိုက်သည် ။ ချေးငွေတစ်ရာ ၊ တာဝန်ခံ အစင်းဟူ၍ ။
ဘေးသမား ချာတိတ် ကလေး ကောင်တာအနားမှ ငေါင်တောင်တောင်နှင့် ထွက်ခွာ
သွားချိန်တွင် အစင်းသည် ငွေစက္ကူတချို့  ကို သူ၏ ဘေးအိပ်ကပ်ထဲသို့  ထည့်လိုက်ရင်းတွေးမိသည်။
ငွေကြေးသည် လူတစ်ယောက်အပေါ်၌ မည်မျှ သြဇာသက်ရောက်မှုရှိသည်ကိုသူ့ 
ထက်အတွေးအခေါ် ရင့် သန်သော အားလီကိုမေးရဦးမည် ။
လူခါး
၂၀၁၁၊ စက်တင်ဘာ၊ မဟေသီ မဂ္ဂဇင်း
No comments:
Post a Comment