ရှည်နေတဲ့အရပ်ဟာ
ဖွင့်ကြည့်စရာမလိုတဲ့ သူ့ စိတ်
လေဝှေ
့ထားတဲ့သစ်ပင်ရဲ့  အကိုင်းအခက်လို ဆံပင်တွေက
ဖောဖောသီသီပြေကျလို
့
“ငါ့စိတ်ရှိတိုင်းသာလုပ်ရရင်….ကမ္ဘာကြီး….’’
အဲဒီ
ဂါထာကို လက်ဖျံရိုးထဲမှာ စိုက်ပျိုးထားရဲ့ 
သူဟာ
ချဲလ်ဆီးက
အရှလ်လေကိုး ကိုတောင် လမ်းပြိုင်လျှောက်ဝံသူပေါ့
မဆီမဆိုင်
klcc ပေါ်တက်ထိုင်ချင်တဲ့ စိတ်ကူး၊
ဘယ်သူက
ခေါ်ခေါ်
’’အာရုံမလာရင်ရတနာသိုက်တောင် မတူးဘူးကွ.’’.တဲ့
ခေါင်းထဲမှာ
တိုက်ပုံနဲ့ တောင်ရှည်ကို ထပ်ခါထပ်ခါ ထုတ်ထုတ်ဝတ်
ခု
ချိန်ထိ
မိန်းမတစ်ယောက်
ရအောင်မယူနိုင်သူပေါ့
တစ်နည်းအားဖြင့်
လူပျိုကြီးလည်းဖြစ်တယ် ။ ။
ဘော်ဒါ တစ်ယောက်အားခင်မင်သောအားဖြင့်
လူခါး
No comments:
Post a Comment