Friday 17 August 2012
ယနေ့ ခေတ် လူရာဝင်မှု အနုပညာ
ကြေသွားပြီဆိုတော့
လွှင့်ပစ်လိုက်ရုံပေါ့
ညစာ
မိုးတိမ်ပေါ်တင်လိုက်တဲ့ အတ္ထုပတ္တိ
အဖေ့သွေးပါတဲ့ သမီးနဲ့ ငါနဲ့ ငြိခဲ့ 
ကောင်းကင်နဲ့ ဆုံတဲ့ အခါ
ဖွင့်မပြောဖြစ်သမျှ
မြေကြီးပေါ် ချနင်းပစ်လိုက်တော့မယ်
လူတို့ သည် ကြောက်စရာကောင်း၍
သူမသည် ချစ်စရာကောင်းမှန်းသိသောအခါ
မြွေဟောက်သည် လျှာ နှစ်ခွ နှင့်ရှိနှင့်ပြီ
အို..လောကဓံ
ကုလားထိုင်တစ်လုံးနှင့်  ဆုံတဲ့အခါ
စိတ်ကြီးဝင်နေခဲ့သလား
ငါ့ အား ပြောပါ ။   ။
                                                လူခါး
                             စာပွင့်လွှာ မဂ္ဂဇင်း ၊ ၂၀၁၂ ၊ ဇူလိုင်
No comments: