Friday 27 May 2016
နိုင်​ငံ​တော်​လုပ်​ကြံကြသူများ
                               ၁
ခွေးကလေးတစ်ကောင်ဖြစ်ပါတယ်။ နာမည်က ဟချိကို။
 ခွေးကလေဟချိကို။  သူ့ ကို အခိတစီရင်စု ..Odate မြို့ အနားမှာရှိတဲ့
လယ်တောတစ်ခုမှာ ၁၉၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ မှာ
မွေးဖွားခဲ့တယ်။မျက်နှာက အဖြူရောင်နဲ့ ရွှေအိုရောင် ကိုပေါင်း
စပ်ထားတဲ့ မက်မွန်ရောင်။ သူ ရဲ့ ပိုင်ရှင်နာမည်က
ဟိဒဲစဘုရို ယူနီနို ။
ခွေးကလေး ဟချိကို ကျော်ကြားခဲ့တဲ့ အဓိက အချက်ကတော့
သူ့ သခင် ယူနီနိုစံ ပြန်မလာပေမယ့် သူ့ သခင်ပြန်လာနေကျ
ရှိဘုယ ဆိုတဲ့ ဘူတာမှာ နှစ်ကာလ ၉ နှစ်ကျော် မပျက်မကွက်
စောင့်စားရင်းသေဆုံးသွားခဲ့တဲ့အတွက်ပဲ။ ၁၉၃၅ခုနှစ် မတ်လ
၈ ရက်နေ့ အသက် ၁၁ နှစ်အရွယ်မှာ သေဆုံးခဲ့တာ ဖြစ်တယ်။
သူ့ ကို Minato က Aoyama သင်္ချိုင်းမှာ မြှုပ်နှံပေးခဲ့ကြတယ်။
သူ့ ရဲ့ သခင်ဖြစ်သူအပေါ် သစ္စာစောင့်သိမှုကို ဂုဏ်ပြုတဲ့အနေနဲ့ 
သူ့ သခင်ကို သူသွားစောင့်နေကျ ရှိဘုယ ဘူတာ မှာ သူရုပ်ပုံ
ကို ကြေးသားနဲ့ ထုလုပ်ထားရှိခဲ့ကြတယ်။ဂုဏ်ပြုခဲ့ကြတယ်။
အဲဒီနေရာဟာ အများနှစ်သက်တဲ့ နေရာလေးတစ်နေရာအဖြစ်
ယနေ့ တိုင်ရှိနေသေးပြီး အများသူငှာလည်ပတ်တဲ့ ထင်ရှားတဲ့
နေရာလေးတစ်နေရာဖြစ်နေဆဲပဲ။
                                           ၂
လူတစ်ယောက် ။ နာမည်က  မစဘုမိ ဟိုဆိုနို။ သူ့ ကို ၁၈၇၀မှာ
မွေးပြီး ၁၉၃၉ မှာ သေဆုံးသွားခဲ့တယ်။ သူဟာ ကမ္ဘာကျော် တိုက်
တန်းနစ်သင်္ဘောကြီးနစ်မြှုပ်မှုမှာကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့ တစ်
ဦးတည်းသော ဂျပန်နိုင်ငံသားတစ်ယောက်ဖြစ်တယ်။ သူ့ ရဲ့ အသက်
ရှင်လွတ်မြောက်မှုအတွက် ဂျပန်တစ်နိုင်ငံလုံးက ချီးကျူးထောပနာ
ပြုကြတယ်။ ဂျပန်နိုင်ငံရဲ့ အထင်ကရသတင်းစာတွေ ရုပ်သံသတင်း
ဌာနတွေက သူ့ အကြောင်းကို တခမ်းတနားဖော်ပြကြ။ ချီးကျူးရေး
သားကြတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ သူ့ အကြောင်းဟာ လယ်ပြင်မှာ ဆင်သွား
သလို ဗွင်းဗွင်းကြီးပေါ်လာတယ်။ သူဟာ တိုက်တန်းနစ်သင်္ဘောနစ်
မြှုပ်မှုကနေ ရိုးသားစွာအသက်ရှင်လွတ်မြောက်လာသူ မဟုတ်ပေ
ဘူး။
သင်္ဘောကြီးနစ်မြှုပ်နေချိန်မှာ ကလေးသူငယ်တွေ ကိုယ်ဝန်ဆောင်
မိခင်တွေ သက်ကြီးရွယ်အိုတွေ ကို ဦးစားပေးစံနစ်နဲ့ ကယ်ဆယ်ခဲ့
တဲ့ အချိန်မှာ မလောက်မင ဖြစ်နေတဲ့ အသက်ကယ် လှေပေါ်ကို ဟိုဆို
နို ဆိုတဲ့ ဂျပန်နိုင်ငံသားဟာ အမျိုးသမီး တစ်ယောက်အဖြစ် ဟန်
ဆောင်ပြီးလိုက်ပါခဲ့တယ်။ ဒါကြောင့် သူဟာ အသက်ရှင်ခွင့်ရခဲ့တယ်။
ဒါကို သိလိုက်တဲ့ အချိန်ကစပြီး ဂျပန်နိုင်ငံသူ နိုင်ငံသားတွေဟာ
ဟိုဆိုနိုကို လူလိမ်တစ်ယောက် သရဲဘောကြောင်သူတစ်ယောက်
အဖြစ်မြင်ခဲ့ကြပြီး ဝိုင်းဝန်းပြစ်တင်ဝေဖန်ခဲ့ကြတယ်။ ဂျပန်နိုင်ငံရဲ့ 
ထင်ရှားတဲ့ ယာကုဆာ ဂိုဏ်းတွေက ဆိုရင် အရှက်ရ ရှုံးနှိမ့်သူတို့ 
ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားဖို့အထိ ပြောဆိုဝေဖန်
ကြတယ်။
ဂျပန်အစိုးရဟာ လည်း ဟိုဆိုနိုရဲ့ အကြောင်းကို အဖြစ်မှန်သိလိုက်ပြီး
တဲ့နောက်ပိုင်း ဂျပန်ရဲ့ မူလတန်းသင်ရိုးတွေထဲအထိ စေ့စေ့စပ်စပ်
မှန်မှန်ကန်ကန် ထည့်သွင်းဖော်ပြခဲ့ပြီး နောက်လာနောက်သားတွေ
သိရှိဆင်ခြင်ဖို့ လှုံ့ ဆော်ခဲ့တယ်။  ဟိုဆိုနိုဟာ အသက်မသေခင်က
တည်းက ဘဝသေခဲ့တဲ့ လူတစ်ယောက်အဖြစ် ကမ္ဘာလောက ထဲက ထွက်ခွာခဲ့ရသူ ဖြစ်သွားခဲ့တယ်။
စုံမက်မှုဆိုတဲ့ စိတ်ကြောင့်ဖြစ်လာခဲ့တာပါပဲ။ သခင့်ပြန်အလာကို
၉ နှစ်တိုင်တိုင်တစ်နေရာတည်းမှာ လာလာစောင့်နေတဲ့ ခွေးကလေး
ဟချိကိုကို ကြေးရုပ်သွန်းလုပ်ပြီး အမှတ်တရဂုဏ်ပြုခဲ့ကြတယ်။
ဒါဟာ သစ္စာတရားကို မြတ်နိုးမှု ဆိုတဲ့ ပြယုရ်တစ်ခုပဲ။ ခွေးကလေး
တစ်ကောင်ဖြစ်ပေမယ့် သမိုင်းအမှန် အဖြစ်အပျက်ကို   သမိုင်းအမှန်
အတိုင်း မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြတယ်။
တိုက်တန်းနစ်သင်္ဘောပေါ်ကနေ လွတ်မြောက်အသက်ရှင်လာတဲ့ 
ဟိုဆိုနို ဆိုတဲ့ လူတစ်ယောက်ကို ကျတော့ လူတစ်ယောက်ဖြစ်နေလို့ 
ဆိုပြီး မဟုတ်မမှန်လုပ်ရပ်အပေါ်မှာ  သက်ညှာမပေးခဲ့ဘူး။ အသက်
ရှင်ခွင့်ရပေမယ့် ဘဝသေသွားတဲ့ လူတစ်ယောက်ဖြစ်အောင် သမိုင်း
အမှန်ကို သမိုင်းအမှန်အတိုင်းချပြီးထိထိရောက်ရောက် အရေးယူခဲ့
တယ်။ ဒါဟာလည်း အမှန်တရားကို ရှေးရှုမှုပဲ။  ဂျပန်နိုင်ငံဟာ ဒီ
အဖြစ်အပျက် နှစ်ခုကို ကြည့်ပြီးသုံသပ်မယ် မှတ်ကျောက်တင်မယ်
ဆိုရင်တောင် အရည်ပြည့်မှီတဲ့ ပတ္တမြားတစ်ပွင့် လိုပဲ။ ကမ္ဘာက ယ
နေ့ အထိ ဦးညွှတ်နေရတာဟာလည်း ဒီစိတ်ဓာတ်တွေကြောင့်ပဲ။
                             ၃
ကျွန်တော်တို့ဆီမှာ  ၁၈.၀၅.၂၀၁၆ ဗုဒ္ဓဟူးနေ့ မှာ စစ်ကိုင်းကနေ လမ်းလျှောက်ချီတက်လာတဲ့ အလုပ်သမားသပိတ်ကို စစ်ကိုင်းတိုင်း
တာဝန်ရှိသူတွေက အင်အားသုံးဖြိုခွင်းပြစ်လိုက်တယ်ဆိုတဲ့ သတင်း
ကို ဖတ်လိုက်ရတယ်။
သတင်းကိုဖတ်နေရင်း ရင်ထဲမှာပူလာသလိုလို။ အကူးအပြောင်းကာ
လအစမှာ မဖြစ်သင့်တာတွေဖြစ်ကုန်မှဖြင့်။ အလုပ်သမားသပိတ်ဆို
သော်လည်း ကျောင်းသားများကလည်းပါနေသေးဆိုတော့ စိုးရိမ်စိတ်
က ငယ်ထိပ်တက်စောင့်တော့တယ်။
သိပ်မကြာဘူး သတင်းတွေ ခပ်စိပ်စိပ်တက်လာတာကိုလည်းတွေ့ ရ
တယ်။ အလုပ်သမားသပိတ်ကိုခေါင်းဆောင်လုပ်တဲ့ လူတွေဟာ လုပ်
စားသူတွေ ဖြစ်ကြောင်သတင်းအစအနတွေ ဖတ်လာရတယ်။ ဒီအခါမှာ သူ့ ထက်ငါ ဆဲကြ မဲကြပြန်တယ်။
 ပြောချင်တာက ကျွန်တော်တို့ ဆီက လူတွေက ကြိမ်းကျေလွယ်ကြ
တယ်။ မကျေနပ်ဘူး မကျေနပ်ဘူး အော်ကြ အော်ကြ။ ပြီးတော့
လည်း သူ့ ထက်ငါမေ့ပြစ်ကြရော။
ကျွန်တော်တို့ ငယ်ငယ်က တိုင်းပြည်ကို ဆင်းရဲတွင်းထဲဆွဲချ ခဲ့တဲ့ဦး
နေဝင်းဆိုသူကြီးကိုအလွန်မုန်းတယ်။ သူ့ မြေးတွေ ဖြစ်တဲ့ နေဝင်း
ရထားတွဲတစ်တွဲလုံးကို  လည်းမုန်းတာပဲ။ အဲ သိပ်မကြာဘူး။ နိုင်ငံ
တော်လုပ်ကြံမှုဆိုပြီး တစ်တွဲလုံး အထဲရောက်ကုန်တယ်။ အဲ သိပ်မ
ကြာဘူး ပြန်လွတ်လာတယ်။ကျတုန်းကတော့အမှုကအကြီးကြီး။ နိုင်
ငံတော် လုပ်ကြံမှု။ ပြန်လွတ်လာတော့ နိုင်ငံ့ အချမ်းသာဆုံးစာရင်းထဲ
က နေရာမပျက်။ တစ်ယောက်ကဆို မရှက်မကြောက်စာပေအနုပ
ညာသမားအဖြစ်တောင် ခပ်တည်တည်နေရာယူလိုက်သေးတယ်။
ပြီးတော့ ဘာကြာသေးလို့ လဲ။ တိုင်းပြည်ကို အဖက်ဖက်က အောက်
ကျနောက်ကျ ဖြစ်အောင် နွံထဲဆွဲနှစ် လုပ်ကြံခဲ့တဲ့ မှူးကြီးရာထူးနဲ့ 
အငြိမ်းစားယူပြီး ပင်စင်လစာ သိန်း၁၀၀ ယူနေတဲ့ လူကြီးတစ်
ယောက်။ မုန်းလိုက်ကြတာ မုန်းလိုက်ကြတာ။ သေပြီဆိုတဲ့ သတင်း
မှားတက်လာရင်တောင်  အခုမှသေသလားဟ ဆိုပြီး နောက်ကျချည်
ရဲ့ ဆိုပြီး ဝိုင်းပြီး ထောပနာ ပြုကြသေးတယ်။
သူ့ အားကိုးနဲ့ မိုက်ရိုင်းချင်တိုင်း မိုက်ရိုင်း ။ ရိုင်းစိုင်းချင်တိုင်း ရိုင်း
စိုင်းခဲ့တဲ့ သူ့ မြေဆိုတဲ့ တစ်ယောက်။ အဖေလောက်အရွယ် လည်း
ဒူးထောက်ခိုင်း ပါးရိုက်။  မှုန်ယိုနေတဲ့ ဆင်တစ်ကောင်လို မည်းမည်း
မြင်ရာ ထိုးဟောင်တတ်တဲ့ ခွေးလေခွေးလွင့်တစ်ကောင်လို တိုင်းပြည်
အပေါ် လူထုအပေါ် လုပ်ချင်ရာလုပ် အခွင့်အရေးယူ တိုင်းပြည်ကို
ချွတ်ခြုံကျအောင် အားထုတ်ခဲ့တာ တစ်နိုင်ငံလုံးအသိ။
ဟော ပြီးခဲ့တဲ့ လပိုင်းကသူ ပါဝင်သရုပ်ဆောင်တဲ့  ကာဗာဆောင်း
လေးတစ်ပုဒ် မင်းသားမင်းသမီးစုံစုံလင်လင်နဲ့ အင်တာနက်မှာ
ပေါ်လာတယ်။ share ကြ like ကြ နဲ့ လက်ကိုမလည်ကြဘူး။ ဘယ်
သူတွေလဲဆိုတော့ မုန်းပါတယ် မုန်းပါတယ် ဆိုတဲ့ လူတွေပဲ။
ကျွန်တော်တော့ဖြင့် စဉ်းစားရင်းအဖြေကိုမရဘူး။
ခုတစ်ခါ အလုပ်သမားသပိတ်မှာခေါင်းဆောင်တဲ့ လုပ်စားတွေကို
သက်ဆိုင်ရာက ဖမ်းဆီးအရေးယူ တော့ ထောက်ခံလိုက်ကြတာ။
ဘယ်သူတွေလည်း ဆိုတော့ ဒီလူတွေပဲ။ ဒီနိုင်ငံသားတွေပဲ။ တကယ်
လို့ ပြန်လွတ်လာရင်ရော အဲလူတွေက အရင် နိုင်ငံတော်ဖျက်စီးသူ
တွေလို ပဲ နေရာကောင်းမှာ ခွထိုက်လျက်သား ဖြစ်နေဦးမှာပဲလား။
နိုင်ငံသူ နိုင်ငံသားတွေကရော အရင်လိုပဲ လွယ်လွယ်ကြေပျောက်
မေ့ပြစ်ကြဦးမှာလား။သမိုင်းကို နှင်္စဝက်လောက်သာထိုးတဲ့ နိုင်ငံ။
ဂျပန်နိုင်ငံမှာတော့ ခွေးတစ်ကောင်ဖြစ်နေခဲ့တာတောင် သမိုင်းကို
အပဲ့ မခံဘူး။ တစ်ခါတည်းသေရာပါအောင် စွဲနေအောင် မှတ်တမ်း
တင်ထားခဲ့ကြတယ်။  လူတစ်ယောက်အမှားလုပ်မိတော့လည်း ခွင့်
မလွှတ်သင့်တဲ့ ကိစ္စမို့ ခွင့်မလွှတ်ခဲ့ကြဘူး။ မသေခင်က သေလူ
လို ဖြစ်အောင် ယတိပြတ် သမိုင်းအမှန်အတိုင်း ဆုံးဖြတ်အရေးယူ
ခဲ့ကြတယ်။ ဘဝသေသွားတဲ့ အထိ။
ကျွန်တော်တို့ ဆီမှာတော့ သမိုင်းတရာခံတွေက ဘုန်းတော်ဘွဲ့ တွေ
အရေးခံနေကြရလေရဲ့ ။ နိုင်ငံကို ချွတ်ခြုံကျစေတဲ့ သမိုင်းတရာခံတွေ
ပြစ်မှုကျူးလွန်သူတွေ လုပ်စားနေသူတွေဟာ ချီးမွမ်း ခုနစ်ရက် ကဲ့
ရဲ့ ခုနစ်ရက်ဆိုတဲ့ စကားပုံလေးနဲ့   ပဲ  သူ တို့ အပြစ်တွေက ကြေ
ပျောက်သွားကြလေ့ရှိတယ်။ အမြစ်သေအောင်မသတ်နိုင်သေးသ၍
ပင်စည်ကထောင်ထနေဦးမှာပါပဲ။ နှိပ်စက်ပြုမူခဲ့သူကို တစ်ဘဝစာ
လောက်တာ့ အပြစ်ပေးသင့်တယ်။ ပြီးတာ့ သမိုင်းအမှန်အတိုင်း
ကဗျည်းထိုးသင့်တယ်။ ကုသိုလ် တစ်ပဲလောက်နဲ့ ငရဲ တစ်ပိဿာအတွက် သမိုင်းကိုပျောက်မသွားစေသင့်ဘူး။
ဒါကို ဆရာကြီးဦးအောင်သင်းကတော့ အဖြစ်အပျက်တစ်ခုကို တင်
ပြတဲ့အခါ တစုံတယောက်ကို အားနာနေရင် အနာဂတ်ကို သစ္စာဖောက်ရာရောက်တယ်လို့ ခပ်ပြတ်ပြတ်ပြောထားခဲ့တယ်။ ခုတော့ တရားစီရင်ခွင့်ရသူက သက်ညှာလွန်းတာမှန်းမသိ ခံရသူတွေ
ကပဲ လွယ်လွယ်ခွင့်လွှတ်တတ်နေတာမှန်းမသိ။ နိုင်ငံတော်ကိုတံတွေး
ဆွတ်ချင်နေသူတွေက များသားကလား။
  အင်းလေ လုပ်ကြံဖို့ ကြိုးစားကြသူတိုင်းကလည်း ဘုရင်လောက်
နီးနီးတွေ နေရာမပျက်ဆိုတော့။
                                                     လူခါး
No comments: