Monday 29 August 2016

မြို့ သစ်



ဖုန်တွေနဲ့ ထုဆစ်ထားတဲ့မြို့ ကလေး
မြို့ ကြီးပြကြီးတွေက
သူ့ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီးဟစ်တယ်
မြို့ ညစ် တဲ့
အနာဂတ်ကို ရွေ့ နေတဲ့ အဖြူရောင် တိမ်ကလေးတွေ ရှိတယ်
ဥယျာဉ်မှူးနဲ့ ဝိရောဓိ မဖြစ်တဲ့  ရွှေဝါရောင် စပါးခင်းတွေ ရှိတယ်
ချွေးနဲ့ ပါးစပ် ဓာတ်ရိုက် ဓာတ်ဆင် လုပ်ထားတဲ့ 
ရိုးသားခြင်းကို ကျားကန်ထားသူတွေရှိတယ်
ဘောင်ခတ်မထားတဲ့ ဝတ်ကျေတန်းကျေ ဈေးကလေးရှိတယ်
ရွှေမရှိပေမယ့် ရဟန်း ရှင်လူ ရိုသေတဲ့ ဗုဒ္ဓဟူးနံ နဲ့ ဘုရာကြီး ရှိတယ်
လူသိ သူသိ ကဗျာဆရာ တွေက
သဟဇာတ မဖြစ်လို့ တဲ့ 
မြို့ ကလေးကို ကဗျာရေးဖို့ ငြင်းဆိုတယ်
မြို့ ကလေးက
မေတ္တာသုတ်နဲ့ ဆယ့်နှစ်မျိုး ဂျင်းသုပ် မကွဲပြားတဲ့ လူကိုရှောင်တယ်
ဂျက်စတင်ဘီဘာ နဲ့ အရိန္ဒမာ  မကွဲပြားတဲ့ လူကို ရှောင်တယ်
အငွေ့ မထွက် အသံမကျယ်တဲ့ စက်တပ်ယာဉ်တွေကို ရှောင်တယ်
လမ်းကောင်းမှ လမ်းတောင်းချင်တဲ့ မိတ်သင်္ဂဟ တွေကို ရှောင်တယ်
သူ့ ကိုသူ မြို့ တစ်မြို့ အဖြစ် သတိရနေဖို့ 
မြို့ သစ်မြို့ လို့  စာလုံးကြီးကြီးနဲ့ ရေးထားတယ်
အိပ်မက်တွေ ဘဝတစ်ဖွဲ့ စာနဲ့ 
အချိန်မမှန်တဲ့ ရထားကြီး ကိုမျှော်ငေးရင်း
ယုံကြည်ချက်တွေ ထုပ်ပိုးထားတဲ့
မြို့ သစ် ။

                            လူခါး
ပင်လယ်နဲ့ ပတ်သက်နေတဲ့ ရွက်တွေ ကဗျာစာအုပ်မှ

No comments: