ကျည်ဆန်တွေက ငှက်တွေလိုပျံတယ်
ဗူးထဲကထမင်းတွေ သိုးနေပြီလား
တဒိုင်းဒိုင်းပြေးတက်လာတဲ့သေနတ်သံတွေကို
ရင်ဘတ်နဲ့ စီးကာထားရမလား
ပစ်လိုက်တိုင်းလဲကျသွားတာ ရန်သူစစ်စစ်မှ ဟုတ်ရဲ့ လား
ဟော ...ရေဒီယိုက လာနေပြီ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြု...တဲ့ 
ဒိုင်း.....။
လူခါး
19 july
့
No comments:
Post a Comment