၁
သူ့ ကို ကျွန်တော် စတွေ့ ခဲ့ သော နေရာမှာ မလေးရှားနိုင်ငံ၏
မြို့ တော် ကွာလာလမ်ပူရှိ မြန်မာဆိုင်တစ်ဆိုင်၏ အပေါ်ထပ်တွင်
ဖြစ်ပါသည်။ သူက ရှပ်အင်္ကျီလက်ရှည်ကို အနည်းငယ်ခေါက်တင်
ထားပြီး ဂျင်းဘောင်းဘီ အနက်ရောင်ကို ကပိုကရိုနိုင်စွာဝတ်ထား
၏။ သူ စီးထားသည်က သားရေစိမ်းဖိနပ်။ ဘယ့်နှယ့် ဒီကဗျာ
ဆရာ့နှယ် အင်မတန် အနေအထိုင်ပိရိလွန်းမှ ဘေးကင်းလွန်းသော
နိုင်ငံ မှာ ဘာလို့ ဒီဖိနပ်စီးထားပါလိမ့် ဟု ကျွန်တော် တွေးမိသေး
သည်။ ကျွန်တော့် အတွေးကို သူ သိမည်မထင်။
သူက သူ့ ညာဘက်လက်ကို ဆန့် တန်း လွှတ်လိုက်ရင်း ကိုယ်က
ရိုးသက် ပါ ညီလေး ဟု ခပ်ပြုံးပြုံးလေးဆိုသည်။ သူကသာ ပြုံးနေ
တာဖြစ်ပြီး သူ့ လက်တွေက မာကျောလှတာကို ထိုအချိန်ကတည်းက
ကျွန်တော် သတိထားမိခဲ့ပါလေသည်။
သြော် ကဗျာဆရာ ၏ လက်ကား မာကျောလှပါတကားဟု သူနဲ့ 
ခွဲခွာပြီးပြန်လာသည်အထိ ကျွန်တော်ခဏခဏ ရေရွတ်နေမိသည်အ
ထိ။
မင်းက ဘယ်ကလဲ ကွ
သူ နဲ့ ဆုံပြီး ပထမဆုံးပြေးထွက်လာသောမေးခွန်းမှာ ထိုမေးခွန်း
ဖြစ်ပါသည်။
ကျွန်တော် တောင်တွင်းကပါ အစ်ကို
ကျွန်တော်ကတောင်တွင်းဇာတိ မဟုတ်သော်လည်း တောင်တွင်း
တွင် ငယ်ကတည်းကနေထိုင်ကျင်လည် ခဲ့ဖူးတာကို အစွဲပြုပြီး သူ့ 
ကို အဖြေပေးလိုက်မိသည်။
အေး မင်းတို့ တောင်တွင်း သားတွေက အဲလိုပဲ။ လူပုံက အမြဲ
ကော့ လို့ 
သူပြောလိုက်မှ ကျွန်တော့်ကို ကျွန်တော် တစ်ချက်ပြန်ငုံ့ ကြည့်မိ
ရသည်။ သူ ပြောသလိုကျွန်တော် ဝတ်ပုံစားပုံမှာ အနည်းငယ်ကော့
နေပါသည်။ သို့သော်ကော့ချင်လွန်းလှ၍ တော့ မဟုတ်ပါ။ အဖမ်းအ
ဆီးများလှသော မလေးရှားမှာ ကော့နေမှသာ ရဲ က ရှိန်ပြီး စစ်လား
ဆေးလား မလုပ်မှာဟု သိထားသဖြင့် ကော့ရခြင်း ဖြစ်ပါသည်။
ထိုနေ့ က သူရယ် ကျွန်တော်ရယ် လင်းလက်တာရာ ရယ် ရာဇာ
မျိုး (အင်းကုန်း) ရယ် မိုးဇက်သခွတ္တနယ် ရယ် လှိုင်ရဲအောင်(ပြည်)
ရယ် ဆူးရဲ ရယ် မင်းထက်တန် (ရွှေဘို) ရယ် ကိုတာရာယာ ကုန်
တိုက်ဘေးရှိ SN ခန်းမမှာပြုလုပ်သည့် စာပေဟောပြောပွဲကို သွား
ရောက်နားထောင်ခဲ့ကြသည်။
ဟောပြောသည့် ဆရာများက ဆရာ အကြည်တော်။ ဆရာမ ခင်
ခင်ထူး နှင့် ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ ဖြစ်ကြသည်။
သူ့ ခဗျာ စာပေဟောပြောပွဲ ရှေ့ တွင်သာ ထိုင်နေသော်လည်း
ကောင်းကောင်းနာမထောင်ရပါလေ။ ကျွန်တော်ရေးလာသော တိုတို
ထွာထွာကလေးများကို ဖတ်ပေးနေရပြီး တစ်ပုဒ်ချင်း တစ်ပုဒ်ချင်း
ကို သုံးသပ်ပြနေရသေးသည်။
ကျွန်တော်ကလည်း စာပေဟောပြောပွဲ ထက် သူပြောသောစကား
များကို သာ၍ နားထောင်ချင်နေမိလေသည်။ စင်ကိုငေးနေရမည့်
အစား သူ့ ကိုသာ ငေးနေမိသည်။
မင်းက ကဗျာထက် စကားပြေ ဖိရေးကွ။ မင်းလက်က စကား
ပြေ လက်။
ထိုစကားလုံးမှာ သူနဲ့ ပတ်သက်ပြီး တတိယမြောက် မှတ်မိနေသော
စကားလုံးဖြစ်ပါသည်။ ထိုနေ့ က စာပေဟောပြောပွဲ ပြီးတော့ ကျွန်
တော်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကာ လမ်းခွဲခဲ့ကြသည်။ အလုပ်
ခွင်ရှိရာသို့ ကိုယ်စီ ကိုယ်စီ ပြန်ခဲ့ ကြရသည်။
ရှေ့ လျှောက် ဆက်လက်ပြီး ကျွန်တော့် စာပေဘဝကို သူ အုပ်စိုး
ထိန်းကျောင်းသွားလိမ့်မည် ဟု ထိုစဉ်က ကျွန်တော် မသိခဲ့ပေ။
သူနှင့်တွေ့ ပြီးပထမဆုံးသတိထားမိသည်ကသူ့ စကားလုံး
များ၏အဓိပ္ပါယ်။
သူ၏ အချို့ စကားများကို အဓိပ္ပါယ်ဖွင့်၍မရအောင်ဖြစ်
ခဲ့သည်။ သူ့ စကားများက ရှေ့ ကို နှစ်ကွက် သုံးကွက်ခန့် စောနေ
တတ်သောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ အချို့ စကားများက သူ
ပြောပြီး ၅ မိနစ်ခန့် စဉ်းစားပြီးမှ ပြုံးနေမိရတတ်သည်။ သဘော
ပေါက်သွားလျှင်လည်း မမေ့တော့။ဟာသနှင့်အတူ ဒဿနစကား
များကို တိုတိုထိထိပစ်သွင်းတတ်လေသူ။
ကျွန်တော်နဲ့ သူနဲ့ ထိုနေ့ ကစတွေ့ ခဲ့ သည်။ သူကစင်ပေါ်က ကဗျာ ဆရာ။ ကျွန်တော်က စင်အောက်က ကဗျာငေးသူ။ သူ့ ကို
မသိမသာငေးလိုက်။ အားကျလိုက်။ သက်ပြင်းချ လိုက် စသဖြင့်
တစ်ယောက်တည်း အမြင့်မှာ ဒါန်းစီးနေရသလို ခံစားနေရသည်။
တစ်ခါမြင်ဖူးရုံနှင့်မှတ်မိနေမည်ဖြစ်သော ဥပဓိ။ နဖူးပေါ်တွင်
လိပ်ခွေကာ တည်ရှိနေသော သူ့ ဆံပင်အချို့ က သူ့ မဟာနဖူး
ကို လုံခြုံမှု အမြည့်အဝ မပေးနိုင်။
ကျွန်တော်တို့ လမ်းခွဲလာတော့ ကျွန်တော့်မှာ ပဟေဋိတစ်ပုဒ်
ပါလာသည်။
သိုးထိန်း
သူ့ ကဗျာတစ်ပုဒ် ဖြစ် သည်။ သူ ရွတ်ပြခဲ့ သော သူ့ ကဗျာ
သိုးထိန်း။ ကျွန်တော့် ဘဝတွင် ပထမဆုံးဖတ်ဖူးသော သူ့ ကဗျာ။
နာမည်က
သိုးထိန်း တဲ့ လေ။ သြော် သိုးထိန်း။ သိုးထိန်း။
၂
သိုးထိန်း
-----
အာဆွတ်ရုံမျှ
သောက်ရမယ့်ရေအေးတစ်စက်ကို
ဆူကျက်အောင်လုပ်ပစ်ခဲ့တယ်။
အရိပ်ခိုရမယ့်
ပါးစပ်မရှိတဲ့သစ်ပင်လေးကို
နုတ်ပိတ်ပစ်ခဲ့တယ်။
ဝတ်ထားတဲ့
ရောင်စုံအင်္ကျီလေးကိုလည်း
ဆေးသားပြယ်ထိ စားပစ်ခဲ့တယ်။
သိုးတွေရဲ့ 
အမွှေးများကိုလည်း
တုံးသွားစေခဲ့တယ်။
ငါ၊ နွေကိုမုန်းလို့ မဆုံးတော့ ။ ။
ရိုးသက်
အမှတ်(၁၀၉) ဇူလိုင်၊၂၀၀၂၊ စတိုင်သစ်
ကျွန်တော့်ဘဝတွင် အခက်ခဲဆုံးအလုပ်ကို ပြရမည်ဆိုလျှင် ကဗျာ
တစ်ပုဒ်၏ အနက်ကိုတူးဖော်ရခြင်းပင်ဖြစ်ပါလိမ့်မည်။ သူနဲ့ 
ပတ်သက်၍ပထမဆုံးဖတ်ဖူးသောသူ့ ကဗျာကို ကဗျာဖတ်သက်အ
တော်အတန်ရမှ နားလည်လာခဲ့သည် ဟု ကျွန်တော် အမှန်အတိုင်း
ဝန်ခံပါသည်။
သူ့ ကဗျာတစ်ပုဒ်ကို အနက်တူးရခြင်းထက် သူ့ ကို နားလည်
ခံစားစေဖို့ က ပို၍ ခက်ခဲကြောင်းကိုတော့ ထိုစဉ်က ကျွန်တော်မသိ
ခဲ့ရိုးအမှန်။ မှန်ပါသည်။ သူရေးသော ကဗျာများထက် သူက ပို၍
အနက်ရှာရန်ခက်ခဲ ခဲ့ပါသည်။သူခံစားသောအရာကို အခြားသူ
ခံစားမိစေဖို့ ဆိုသည်မှာ သူ ၏ ယုံကြည်မှုကို တစ်ရာ ရာနှုန်းအ
ပြည့်ရမှာသာ ဆင့်ပွားပေးတတ်လေသောသူရယ်။
ကျွန်တော်တို့ (လင်းလက်တာရာ ရယ် ရာဇာမျိုး(အင်းကုန်း)
သုံးယောက်ပေါင်းထုတ်ခဲ့သော ပင်လယ်နဲ့ ပတ်သက်နေတဲ့ 
ရွက်တွေ ကဗျာစာအုပ်ပါ ကဗျာများကို သူ ရွေးချယ် ပေးခဲ့သည်။
သူကားကျွန်တော့်ကဗျာများ၏ ကနဦး စရဲ့  အယ်ဒီတာ။
ကျွန်တော်၏ ကဗျာတစ်ပုဒ်ဖြစ်သော မြို့ သစ်ကဗျာကိုဆိုလျှင်
သူက အဆုံးသတ်မကြိုက်ဟုဆိုကာ ပြင်ပေးသဖြင့် ကျွန်တော်
လည်း သူ ပြင်ပေးသည့်အတိုင်းပင် အသုံးပြုခဲ့သည်။
ထိုမျှမကသေး ပြုံးစရာမဂ္ဂဇင်းတွင်အဖွင့်ကဗျာအနေဖြင့်ဖော်
ပြခံခဲ့ရသော အသစ်ရှာဖွေတွေ့ ရှိထားသောအဟောင်း ကဗျာ၏
ခေါင်းစဉ်အားလည်း သူကပင် ပြင်ပေးခဲ့ခြင်းဖြစ်သည်။
မင်းမှတ်ထား
ခေါင်းစဉ်ပေးရင် မြန်မာ နာမည် ပေး ဟု သူ ဆိုဖူးသည်။ သို့ 
သော် ကျွန်တော်ကလည်း ယခုအချိန်အထိ ပေးချင်ရာပေးမြဲ။
မလေးရှားတွင် သူ နဲ့ တွေ့ ဆုံခဲ့သည့် အကြိမ်များစွာထဲမှ
အမှတ်တရ အရှိဆုံးကတော့ မောင်ရဲမင်း(ပဲခူး)၏ အခန်းတွင်
ဆုံခဲ့ကြသော ညကြီးတစ်ည ဖြစ်ပါလေသည်။ထိုအချိန်ကလူစာရင်း
အတိုင်းဆို လူအတော်ဆုံခဲ့ပါသည်။ ဒီဇိုင်းဆရာ တစ်ယောက်ဖြစ်
သည့် ကိုနေဝန်းနီပင်ပါသေးသည်။
မောင်ရဲမင်းအိမ်က လွပ်လပ်သလို ကျွန်တော်တို့ အဖွဲ့ ကလည်း
အင်အားအပြည့်ဖြင့်ဖြစ်သည်။ သောက်စရာ စားစရာကလည်းအ
ပြည့်။
ရောက်ပြီးမကြာမီပင် ပုလင်းဖွင့်ပွဲကြီးစလေတော့သည်။ ထိုအချိန်
တွင် ကျွန်တော်နဲ့ သူက မီးဖိုခန်းထဲတွင် ကြက်သားအိုး တည်နေကြ
သဖြင့် ဝိုင်းထဲမပါနိုင်ပါလေ။စစချင်း အလွှတ်ကြမ်းသဖြင့် အားလုံး
အာကောင်းကောင်းဖြင့် ပွဲဆူနေလေပြီ။
သူက ပွက်ပွက်ဆူနေသော ကြက်သားအိုးကို လက်ခုအသေး
လေး ဖြင့်ကိုင်ကာ မဖို့ လုပ်နေလေသည်။
အစ်ကို ..ဘာလုပ်မလို့ လဲ
ကျွန်တော်က သူ့ လုပ်ရပ်ကို နားမလည်သဖြင့်မေးတော့
ဟင်းအိုးကသေးနေလို့ အကြီးနဲ့ ချိန်းမလို့  ဟု ဆိုသည်။ ကျွန်
တော်လည်း ဘာမှထပ်မမေးဖြစ်တော့ဘဲ အသာကြည့်နေလိုက်တော့
သည်။
သူက ဟင်းအိုးကိုမလိုက်ပြီး အိုးအကြီးနှင့် မချိန်းရသေးမီမှာပင်
ဟင်းအိုးက လွတ်ကျသွားတော့၏။
ဟာ ခနဲ အော်ကာ စားပွဲဝိုင်းမှာထိုင်နေသူများကို ကျွန်တော်
အထိတ်တလန့် ကြည့်လိုက်တော့ အားလုံးမသိကြပေ။ သူတို့ 
ဇော နှင့်သူတို့ အသောက်မပျက်။
ကျွန်တော့် ဆရာက လျှင်သည်လေ။ အောက်က ကြွေပြားပေါ်
ကျနေသော ကြက်သားဖတ်များကို လက်နှစ်ဖက်နှင့် ပယ်ပယ်နယ်
နယ် ကိုင်ကာ ဟင်းအိုးထဲ ပြန်ထည့်နေလေသည်။ ကျွန်တော်က
မတ်တပ်။
ကိစ္စ မရှိပါဘူး ကွာ ဟုလည်း ခပ်ပြုံးပြုံးဆိုလိုက်သေး
သည်။ သူပြောသလိုပါပဲ။ တကယ်ကို ကိစ္စ တစ်စမှပင်မရှိခဲ့။ ကျွန်
တော်ကိုယ်တိုင်ပင် မေ့သွားလေပြီ။ ကြက်သားလေးစားလိုက်
သောက်စရာလေး သောက်လိုက်နှင့်။
သောက်ပွဲ လက်စနှင့်ပင် ကျွန်တော်တို့ ကဗျာရွတ်ကြသည်။
ကဗျာဆရာစစ်စစ်တစ်ယောက် ကဗျာရွတ်ခြင်းကို ထိုညက ကျွန်
တော်ကြားဖူးခဲ့ ခြင်းဖြစ်သည်။ သူသည် အသံမာမာဖြင့် သူ့ 
ကဗျာကို ရွတ်လေသည်။
ဟသာင်္မလေး မရှိတော့တဲ့ အခါ
တံခါးရွက်က ပတ္တာတွေ ဖြုတ်ပစ်မယ်
ကျွန်တော်တို့ လည်း အလှည့်ကျ ရွတ်ကြသည်။ ကဗျာရွတ်ခြင်း
ကို ထိုညက သူ လက်ဆင့် ကမ်းပေးလိုက် ခြင်းပါလား လို့ 
ယခုထိ ကျေးဇူးတင်နေရသည်။တစ်သက်လုံးအတွက်ဆိုပါတော့။
ကဲ ဒီညကို နာမည်လှလှလေး တစ်ခုပေးပါဆိုတော့ သူပဲ
ကောက်ခါငင်ခါ နာမည်ပေးခဲ့သေးသည်။
ဘုံကိုးဆင့် ကဗျာ ရွတ်ပွဲ။
သြော် ...ကဗျာရွတ်သံတို့ သည် ယခုထိ ကြားနေရသည် ထင်။
အစ်ကိုရေ ဟင်္သာမလေး ရှိသေးလား။
၃
တစ်နေ့ ကျွန်တော့်ဆီ သူ့ ဖုန်းဝင်လာသည်။ သူ ဆေးရုံတက်နေရ
သည်တဲ့။
ညကိုးနာရီမှ မနက်ကိုးနာရီအထိ အလုပ်ဆင်းရသော ကျွန်တော်
အလုပ်ပြီး သည်နှင့် သူ့ ဆီပြေးရတော့သည်။ သူ့ အတွက် စားစရာ
အချို့ နှင့် အတူ သူ မှာသော ဖိနပ်တစ်ရံ။ သားရေဖိနပ်။ သူက သား
ရေစိမ်းဖိနပ်မှ ကြိုက်သတဲ့ လေ။
ကျွန်တော်ရောက်သွားတော့ အခန်းတစ်ခန်း၏ စက်ပစ္စည်းများ
ကြားထဲမှာ သူ တစ်ယောက်တည်း။ ခေါင်းရင်တွင် ပြနေသော သူ့ 
ကျန်းမာရေးပြ ဇယားက လှိုင်းတွန့် ကလေးတွေ ဖြစ်လို့ ။ အနား
တွင် ဗလာစာအုပ်တစ်အုပ်။
သူမှာသောဖိနပ်ကလေးကို သူ့ ခြေထောက်မှာ စွပ်လိုက်တော့
ကွက်တိ။
အရေးပေါ်ဆိုတော့ ဖိနပ်တောင်မပါဘူးကွာ။ ငါ ဆေးရုံကဆင်းရင်
ပြန်တော့မယ်
သူ အတော်ကို အားလျော့နေသည့်ဟန်။ သူ၏ အရင်းနှီးဆုံးတစ်
ယောက်အကြောင်း ပြောသေးသည်။ နှလုံးသားက ခံစားနေရတာ
ကို စက်ပေါ်မှာ ထင်မနေလည်း မြင်နေခဲ့မိပါတယ် အစ်ကို။
သူကတော့ ဆေးရုံကုတင်ပေါ်မှာ ဘာကိုတွေးနေမည်မသိ။ကျွန်
တော်ကတော့ သူ့ ကဗျာတစ်ပုဒ်ကို အထိတ်တလန့် သတိရမိ
လိုက်သည်။
ကွယ်လွန်သူရိုးသက်
--------------
သေနေတဲ့အသေက
စိတ်လိုလက်ရ အဖြောင့်အသေ ။
အရှိ အကြောင်းအရာအတိုင်း
ဖော်ပြပါအတိုင်း
မဖော်ပြတော့ပါဟုဆိုသော အသေ။
လူ့ ဘဝနေ့ ရက်တွေကို
ပုန်းညှက်သီးလေးတစ်လုံးလို ရှင်ရင်း
အမည်မသိချစ်ခြင်းတစ်ခုကို ငင်ရင်း
အသက်တစ်ချောင်း ငင်သွားတယ်
အကျအပေါက်များများ သံယောဇဉ်ဝေယျာဝစ္စများနဲ့ 
ချွတ်ပေမဲ့ မကျွတ်မလွတ်တဲ့စိတ်များနဲ့ 
ရှင်၍လုံလောက်ရုံသာ ရှင်ခဲ့တဲ့အသေ။
အသက်ရှူလိုစိတ်ကို
အရှုစိမ့်လို့  လျစ်လျူရှုလိုက်တဲ့အသေ။
ငယ်သူငယ်ချင်းက
ငယ်သံပါအောင် အော်ငိုနေတဲ့အငိုကို
အသေက လက်ခံစဉ်းစားဖို့  အချိန်မရ
ဒီမှာ ဘက်ကမ်းမှ ဟိုမှာဘက်ကမ်ဆီကူးဖို့ 
အားယူနေတဲ့ အုန်းပင်ကလေး အသေ။
အူဘယ်နှခွေ ကိုကို့ ဝမ်းထဲမှာ ရှိတာလဲ
ဝဋ် ဒုက္ခ ဘယ်နှခွေ ကိုကို့ ဝမ်းထဲမှာ ရှိတာလဲ
ကြည်နူးမှုတစ်ဝက်၊ ထိန်ချန်မှုတစ်ဝက်
အချစ်နဲ့ ပတ်သက်ခဲ့တဲ့အသေ။
ကြည့်လိုက်
အသေရဲ့ ခန္ဓာကိုယ်မှာ
အသေရဲ့ ဝိညဉ်လေးမှာ
အသေရဲ့ ချစ်မေတ္တာတော်မှာ
အိုင်းအနာကို ဆူး စူးသလို
အဆိုးကျိန်စာတွေ စူးစူးစိုက်ဝင်လို့ 
ကျေးဇူးပြုပြီး
အသေကို ပွေ့ ဖက်မငိုရှိုက်လိုက်ပါနဲ့ 
အသေကို ခြေကန်ပြီး မငိုယိုကြပါနဲ့ 
နဂိုအတိုင်း ရှိရစ်သေရစ် ပါရစေ
နဂို အသေအတိုင်း ။ ။
ရိုးသက်
၂၀၀၅၊ ဒီဇင်ဘာ၊ ပိတောက်မြေ
ထိုကဗျာကိုစဖတ်မိကတည်းက ကျွန်တော် လန့် ခဲ့ဖူးသည်။ ယခု
လည်း ကြောက်ကြောက်လန့် လန့် သတိရ။ နောက် ဒီလို ကဗျာတွေ
မရေးပါနဲ့ အစ်ကိုရယ်လို့ ကျွန်တော်မတားရဲ။
သူကတော့ ငြိမ်လို့ ။ သူ ဘာကိုတွေးစိမ့်နေမလဲ။အစ်ကို အဓွန့် ရှည်ရ
မယ်။ဧည့်ချိန်လွန်တော့ သူ့ ကိုထားပြီး ကျွန်တော်ပြန်ခဲ့ ရသည်။
ပြည်ပရောက် ကဗျာဆရာတစ်ယောက်အကြောင်းတွေးရင်း ရင်သည် နာ၏။ မြန်မာပြည်မှာ အနုပညာစစ်စစ်တွေ အတွက် ရှင်သန်ရာ ရှင်သန်ကြောင်း ဘာကြောင့်ခက်ခဲနေရပါသလဲ။
မေးခွန်းသည် တက်စီကားပေါ်အတက်မှာပင် ပြုတ်ကျကျန်ခဲ့လေသည်။
၎
ကျွန်တော် ရန်ကုန်ပြန်ရောက်လာခဲ့တဲ့ တစ်နေ့ ။ သူ ပြန်သွား
တဲ့ အချိန်နဲ့ ကျွန်တော် ပြန်လာတဲ့ အချိန် ၁ နှစ်လောက်ခြားမည်
ထင်မိသည်။ ဆူးလေ ဘုရား အနီး တွင် အမှတ်မထင် သူနဲ့ တွေ့ 
သည်။ သူ နှင့်အတူ ပန်းချီဆရာတစ်ယောက်ပါသေးသည်။
မင်း ပြီးရင် ခန်းမနားက အမိုးကြီးကို လာခဲ့ ဟု သူ ချိန်းသည်။
သို့ နှင့် အမိုးကြီးကို မရအရ ရှာကာ ကျွန်တော်ရောက်သွားတော့
သူနှင့်ပန်းချီဆရာ ထိုင်နေကြသည်။ ကျွန်တော်က မုန့် ဟင်းခါး
တစ်ပွဲစားပြီး သူတို့ က လက်ဖက်ရည်သာ သောက်ကြသည်။
သူ၏ ရန်ကုန် နေ့ ရက်တွေ အကြောင်းကို ကျွန်တော် ကြားခွင့်
ရခဲ့ သည်။ သူ့ ကဗျာတစ်ပုဒ်က ရင်ထဲ ပြန်ရောက်လာသည်။
ရိုးသက်ပုံတူ တဲ့ ။ အချိန်ကာလ များစွာကွာခြားခဲ့သော်လည်း
သူနှင့်မြို့ ပြ၏ ဆက်နွယ်မှုက အရင်လို သူစိမ်းဆန်နေဆဲပဲလား
ဟု ကျွန်တော်တွေးမိသည်။
ထို နေ့ က
မလေးရှားတွင်ထုတ်သော စာပွင့်လွှာ ရသစုံ မဂ္ဂဇင်းမှ
သူ့ စကားပြေစာမူအတွက် ဉာဏ်ပူဇော်ခနှင့် စာအုပ်ကို ကျွန်တော်
ပေးလိုက်သည်။ ရန်ကုန် ရောက်မှ သူပျော်တာကို ထိုစဉ်ကကျွန်
တော်မြင်ရသည်။
ထို့ နောက် သူနှင့်ကျွန်တော် မဆုံဖြစ်တော့ ။ တစ်ကြိမ်တော့ အင်းစိန်
ဂျပန်လမ်းထဲ ရှိ အဘထ ကျောင်းနားမှ အဆောင်တစ်ခုမှာ သူ့ကို
သွားရှာသဖြင့်ဆုံခဲ့သည်။သူသည် လူတစ်ယောက်လှိမ့်သာရုံ နှစ်
သောင်းတန်အခန်းလေးထဲ မှာ ပျော်ရာပျော်ကြောင်းရှိနေလေ
သည်။ အခန်းထဲတွင် သူ နှင့်အတူ မဖြစ်မနေ တွေ့ ရလေ့ရှိသော
စာအုပ်များ။
ရိုးသက်ပုံတူ
----------
အနစ်နာခံမိလို့ 
မြို့ ဟာ
ငါ့ကျောက်ကုန်းပေါ်ရောက်ရှိခဲ့တယ် ။
အချို ဓာတ်လျော့အရိပ်သင်္ကေတတွေ
သူ့ သားငယ်ကို ချော့သိပ်သလိုမျိုးနဲ့ 
ငါ့အတွေးအခေါ်တွေကို ချော့သိပ်တယ် ။
ပြီး
မြို့ ရဲ့ အထိအတွေ့ နဲ့ ယစ်မူးခိုင်းတယ် ။
ပြီး
ဘယ်လောက်မှဝေးတော့တာမဟုတ်တဲ့
နေ့ တွေထဲက ငါ့ကိုဆွဲထုတ်သွားတယ် ။
ပုံပျက်သွားတယ်
လေဟာနယ် အယောင်ဆောင်သစ်သီးဝလံ
ညနေနဲ့ ငါ ၊ လှုပ်ခါဖို့ အခွင့် မဲ့စွာ
ငါ့ကျောက်ကုန်းဟာ တည်ငြိမ်နေခဲ့တယ် ။ ။
ရိုးသက်
၁၉၉၇၊ အမှတ် ၃၃၊ သရဖူ မဂ္ဂဇင်း
သြော်
သူဟာ တကယ်ကို တည်ငြိမ်နေခဲ့ တယ်။
အခန်းကျဉ်းလေးထဲ။
၅
တစ်ခါက သူ့ ကလောင်အမည်နဲ့ ပတ်သက်လို့ သူဖြေထားသော
အဖြေတစ်ခုကို ဖတ်ခွင့်ရခဲ့သည်။
ရိုးသာမှု၌ သက်ဝင်ယုံကြည်ခြင်း တဲ့ 
တစ်ခါဖတ်ထားပြီး မှတ်မိနေတော့သည်။
အမှန်တကယ်လည်း သူသည် သူ့ ကလောင်နာမည် အတိုင်း
ပါပဲလေ။
တစ်ခါတုန်းကမကွေး မြသလွန်ပေါ်တွင်
သူနဲ့ ကျွန်တော်ဆုံတော့လည်း ရိုးရိုးပင်။ သူသည်
မပြောင်းလဲ။ သူ ပြောလေ့ရှိသော ဝှက်ထားသော ဝါကျများကိုသာ
ဆက်လက်သုံးစွဲနေဆဲ။ ကျွန်တော်ကလည်း သူ့ စကားများကိုခက်
်ခက်ခဲခဲ အဓိပ္ပါယ် ရှာနေရမြဲ။
ကျွန်တော် သူ ဖြစ်စေချင်သော စကားပြေသမားတစ်ယောက်
ဖြစ်လာပြီးနောက်ပိုင်း အထိ လူချင်းမတွေ့ သော်မှ စာလေးတစ်
ကြောင်းဖြစ်ဖြစ် သူ မမေ့။ ဘယ်ဝတ္ထုက ဘယ်လို ဘယ်ကဗျာက
ဘယ်သို့ ။ အဝေးကနေ လှမ်းထိန်းမြဲ။
သူ ဘာတွေ လုပ်နေမလဲ။
သူ နေကောင်းရဲ့ လား။
သူ ကျန်းမာပါစေ။
သူ့ ကိုသတိရတိုင်း သူ၏ မကွေးကဗျာ ကရင်ထဲ ပြန်ပြန်ရောက်
လာတတ်လေ့ရှိသည်။
္ဂ
့မကွေး
-----
မနာမဖျားပေမယ့်
အပူရှိန်ကများတယ်
ထနောင်းဆူးသွေးတိုက်ပြီး
ရှားမီးအပေးခံရမယ့်ကိစ္စ
ဆေးမြီးတိုတွေနဲ့ လည်း အကုသမခံချင်.....
အမြင်နဲ့ 
သံယောဇဉ်ရက်ကန်းရက်
ခရီးဆက်ဆဲ ဧရာဝတီကိုငေးလို့ .....
မြသလွန်ဘုရား ဖူးရပါစ
မရွှေဖဲကို တွေ့ ရပါစ
မြင်းခွာသံကိုကြားပါစ....
ဒီမှာ
ရင်ထဲတည့်တည့်ပြေးဝင်လာတဲ့ ''မြစ်'' က
ရင်ချင်းအပ်မိမှ ဘာကြောင့်  ကွေ့ သွားရတာလဲ ။ ။
ရိုးသက်
ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း ၂၀၀၄
ကျွန်တော်သည် သူ့ အကြောင်းကိုတွေး၏။
နာရီသည် လည်နေလေသည်။
လူခါး
09.07.2016; 01:31 pm
wakayama ken
ု
No comments:
Post a Comment