Monday 29 August 2016

ပင်လယ်ကမ်းစပ်၌တရားထိုင်ခြင်း


ပင်လယ်ကြီးနဲ့ အတူ ပြန်လိုက်သွားလို့ ရရင် ဘယ်လောက်ကောင်းလိုက်မလဲ
ဒီအချိန်ဆို သမီးတို့ ဘာလုပ်နေကြမလဲ
အငယ်မလေးက စက်ဘီးစီးတတ်နေပြီလား
မိန်းမကရော အလုပ်ကတစ်ဖက် စားဝတ်နေရေးကတစ်ဖက်
ဈေးဆိုင်ကတစ်ဖက် အဆင်မှပြေပါ့မလား
သူ့ မိသားစုကရော အမြဲစောင့်ရှောက်နိုင်ပါ့မလား
ဦးထွန်းလွင်ကြေညာထားသလိုဆို မုန်တိုင်း အန္တရာယ်လည်းရှိတယ်
မိုးကြိုးအန္တရာယ်လည်းလဲရှိတယ်
အရင်နှစ်တွေက ဗွက်ထနေတဲ့အကြီးမတို့ ကျောင်းလမ်းကိုရော
အစိုးရသစ်လက်ထက်မှာ ပြင်ပေးမှာလားမသိ
ငါ့စာအုပ်တွေကိုရော ခြတွေကစိတ်ရှိလက်ရှိ စားနေကြပြီလား
ရှားရှားပါးပါးရထားတဲ့ ငါ့ ဆုတံဆိပ်ကလေး
အိမ်ထောင်ဦးစီးမရှိတဲ့ မိသားစု တစ်စု ဆိုတာ
ဘာနဲ့ တူတယ် ညာနဲ့ တူတယ်ဆိုပြီး
သူမ စိတ်ဓာတ်ကျနေပြီလား
ဟူး....
ဒီလ လစာ ဘယ်လောက်ထွက်ပါ့မလဲ။

                         လူခါး
          18.05.2016;thu. 02:40 pm
                wakayama ken

No comments: