စကားမပြောဘူး
အလုပ် လုပ်နေလည်းစကားမပြောဘူး
အတူထိုင်နေလည်း စကားမပြောဘူး
သူ့ အကြောင်းသီချင်းလုပ်ဆိုလည်း စကားမပြောဘူး
ဝမ်းမြောက်ဝမ်းသာမင်္ဂလာပါ လုပ်လည်း စကားမပြောဘူး
လေစိမ်းတွေတိုက်တယ် ကွယ်
ဒါတောင်
ငါက သူ့ ထက်မက ကျယ်ကြောင်း
ဘယ်သူ့ ကိုမှ မပြောရသေးဘူး
ငါ့ကို မနာလိုဖြစ်နေတဲ့ပင်လယ်ကြီး။
လူခါး
18.05.2016;wed.3:53pm
wakayama
No comments:
Post a Comment