Monday 29 August 2016

ပင်လယ်ကို အားနာခြင်း



ပင်လယ်ဟာ ကျွန်တော့်အရင် ဂျပန်ရောက်နေသူပါ
ဂျပန်စကားနဲ့  ဆန်ပိုင် ပေါ့
သူ လုပ်ချင်ရာ လုပ်တယ်
သူ ပြောချင်ရာပြောတယ်
သူ စိတ်ပါရင် အိပ်ပျော်နေတဲ့ ကျွန်တော့်ကို စကားတခေါ်ခေါ်နဲ့ 
သူ စိတ်မပါရင်တော့
ကျွန်တော်မနိုးခင် စက်ဘီးတစ်စီးနဲ့ ထွက်သွားတော့တာပဲ
တစ်နေ့ ကျွန်တော့်နောက်က နှစ်ယောက်ထပ်ရောက်လာတယ်
အဲဒီအခါ ကျွန်တော်က ဆန်ပိုင်ပေါ့
ကျွန်တော် လုပ်ချင်ရာ မလုပ်ဘူး
ကျွန်တော် ပြောချင်ရာ မပြောဘူး
ကျွန်တော် အကြောက်ဆုံးက
ရှေ့ က အရင်ပွင့်ခွင့် ရ နေပြီး
အနံ့ မရှိတဲ့ ပန်း ဖြစ်မှာ စိုးနေမိမှာကိုပဲ
ဒါ ကို
ပင်လယ်ကြီးသိအောင်
ကျွန်တော် မပြောရက်ဘူး
ပင်လယ်ကြီးကိုအားနာ လို့ ။

                                      လူခါး
                                  1 4 sat; 2016

No comments: