Sunday 18 September 2016
ကျည်ဆန်ရထားပေါ်က ခုန်ချသူများ
     ကျွန်တော့်နာမည်တော့ ထည့်မရေးနဲ့ နော် အစ်ကို ဟု သူက 
ဆိုသည်။ ထို့ ကြောင့် သူ့ နာမည်အစား သူ ဟူသော နာမ်စားဖြင့်
သာ ကျွန်တော့်ဇာတ်လိုက်ကို ခေါ်ဝေါ်သုံးနှုံးသွားပါမည်။
      သူနှင့် ကျွန်တော်တွေ့ သည့်နေရာက ဂျပန်နိုင်ငံ တိုကျိုမြို့ တော်
နှင့် အတန်ငယ်ဝေးသော ဂူးမားပြည်နယ် အိုးရ မြို့ ကလေးမှာ
ဖြစ်၏။ အသက်က၂၀ကျော်။ ဇာတိက ပဲခူးတိုင်း ကဝမြို့ နယ်ထဲက
ရွာလေးတစ်ရွာ။
      သူ့ ကို ကျွန်တော်တို့ က ချစ်စနိုးနှင့် ကင်းကောင်ဟု ခေါ်ကြ
၏။အသားညိုညိုနှင့် ရှည်ကိုင်းသော သူ့ ကိုကြည့်ရသည်မှာ 
လေမုန်တိုင်းထဲ ဘယ်ညာယိမ်းနေသည့် သစ်ပင်တစ်ပင်နှင့်တူသေး
တော့သည်။ သူ ဘာတွေဖြစ်ပျက်ခဲ့ သလဲ သူ့ ကို ဘယ်သူတွေက
ဘယ်လို ကျော်ခွ အလဲထိုးခဲ့သလဲ ဆိုတာကို သူပြောပြချင်နေသည်။
ကျွန်တော်နှင့်ဆုံတော့ သူ့ ပြောစကားတွေကို နားထောင်ပေးမည့်သူ
ကိုတွေ့ ပြီဟု ဆိုကာ သူ မျိုသိပ်ခဲ့ရသမျှကို ဖွင့်ချလေတော့၏။
           ဒီလို အစ်ကိုရာ။ ကျွန်တော်တို့ အားလုံး ၇ယောက်။ မိန်းက
လေးနှစ်ယောက်။ ယောက်ကျားလေး ငါးယောက်ပေါ့။ ကျွန်တော်
တို့ အားလုံးက ရွှေဂုံတိုင်က ဂျပန်စကားပြောသင်တန်းတစ်ခုမှာ 
ကတည်းက အတူသင်တန်းတက်ခဲ့တဲ့ သူငယ်ချင်းတွေပေါ့။ အဲဒီမှာ
သင်တန်းတက်နေကြရင်း အင်တာဗျူးမလာ တာနဲ့ သင်တန်း
ဆရာရဲ့ မိန်းမဖြစ်သူကသိန်း၇၀ ကျပ်နဲ့ အလည်ဗီဇာနဲ့ ဂျပန်ကိုဝင်
လို့ ရအောင် လုပ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ ခုနစ်ယောက် စလုပ်
ခဲ့ကြတယ်။
         ဒါပေမဲ့ သံရုံးဝင်တော့အဆင်မပြေဘူးလေ။ စာရွက်စာတမ်းက
လည်းမစုံ  သူတို့ ကလည်းလိုက်ခွင့်မရှိဆိုတော့ လုံးဝအဆင်မပြေ
ဘူး။ အဲဒီမှာ စရံပေးထားတဲ့ ငွေ၁၅ သိန်းကို ပြန်ပေးတယ်။ အကုန်
ပြန်ပေးတယ်။
        အဲဒီ သင်တန်းဆရာရဲ့ မိန်းမကပဲ နောက်ထပ် ပွဲစားတစ်
ယောက်နဲ့ ချိတ်ပေးတယ်။ သူပေါ့။ ကျွန်တော်တို့ ကို လုပ်ပစ်ခဲ့တာ။
လုပ်ရက်တယ်ဗျာ။
      သူက ပြောရင်းလက်စစကားကိုရပ်ပြီး အဆောင်ရှေ့ လမ်းမဘက်
သို့ အကြည့်များကို ပို့ ပစ်လိုက်သည်။လမ်းမထက်တွင်တော့ ကား
များက အလုအရင်ပြေးလွှားနေကြ၏။ သူဘာတွေ ခံစားနေရတာပါ
လိမ့်။ ကျွန်တော်  အသာ နှုတ်ဆိတ်နေမိလေသည်။
    ပွဲစားနာမည်က ဦးဇော်ဝင်းတဲ့။ ရန်ကုန်သားပဲ။ လိပ်စာတော့
အတိအကျမသိရဘူးဗျာ။ တာမွေအ ဝိုင်းထိပ်ကနေသူ့ အိမ်ကို
လမ်းလျှောက်ရင် မိနစ်၂၀လောက်လျှောက်ရတယ်။
   သူ့ ရဲ့ အဓိက အလုပ်ကတော့ ခုလိုပဲ လူပို့ တာတို့ သံရုံးဝင်တာတို့ 
သူ လုပ်ပေးတာပေါ့။ သူက ဂျပန်မှာ အနှစ်၂၀ ကျော် နေခဲ့တာတဲ့။ 
သူနေခဲ့တဲ့ နေရာက ချီးဘား တဲ့။ သူ့ ကို ဂျပန်က လူတွေက ချီးဘား
ဇော်ဝင်း လို့ လူသိများတယ် တဲ့။
  သူနဲ့ လုပ်တာလည်း စာရွက်စာတမ်းကြးဘာညာနဲ့ တစ်ယောက်ကို
သိန်း ၇၀ လောက်   ကုန်တာပါပဲ။  အချိန်က ၂လလောက်ကြာတယ်။
ထွက်တဲ့ ရက်အထိပေါ့။ အဲဒီမှာ ပြသနာတစ်ခု ကျွန်တော်တို့ တွေ့ 
တယ်။
    ကျွန်တော်တို့ ဂျပန်ကို  သွားဖို့ ဗီဇာကျပြီးမှ သူ့ ဘက်က စကား
တစ်ခွန်းထွက်လာတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီပိုဇစ်တင်ရမယ်
ဆိုပြီး တောင်းပါလေရော။ ပထမ သူဘာပြောမှန်းနားမလည်ဘူးဗျ။
သေချာ မေးတော့မှ စပေါ်ပေါ့။ မင်းတို့ ဂျပန်မှာ ခုန်ချမှာစိုးလို့ 
တောင်းတဲ့ ငွေပေါ့။ စပေါ် သိန်း ၅၀ ကျပ်တောင်းတယ်။
ကျွန်တော်တို့ ကလည်း လာကတည်းက ခုန်ချဖို့လာတာပဲဗျာ။ သိသိ
နဲ့ နောက်ဆုတ်လို့ မရတဲ့ အနေအထားကျမှ ညစ်တာပေါ့။
     ကျွန်တော်တို့ကဘယ်ပေးနိုင်မလဲဗျာ။ ညှိရင်းညှိရင်းနဲ့ သိန်း၃၀
ကျပ်နဲ့ ပြတ်သွားတယ်ပြောပါတော့။ ကိုဇော်ဝင်းက သံရုံဘာညာကို
ဗီဇာဝင်ပေးတဲ့ သူ။ သူကနေမှ ခရီးသွားကုမ္ပဏီတစ်ခုနဲ့ ထပ်ချိတ်
ပေးတာ။စပေါ်တောင်းတာကခရီးသွား ကုမ္ပဏီဘက်ကတောင်းတာ။
ဒါကို ဦးဇော်ဝင်းက မပြောဘူး။ သံရုံးဝင် ဗီဇာကျ ငွေတွေဘာတွေ
လက်လွန်ပြီး နောက်ဆုတ်လို့မရတော့တဲ့ အချိန်မှ ပြောတာ။ခရီး
သွားကုမ္ပဏီနာမည်က Travel Zone တဲ့။
     ကျွန်တော်တို့ အားလုံး ဘာဆက်လုပ်မလဲ တိုင်ပင်ကြတာပေါ့ဗျာ။
ဒါပေမယ့် လူက မညီဘူးဗျာ။ ကျွန်တော်က တိုင်ချင်တယ်။  ဒါပေ
မယ့် ညှိမရဘူး။
    ပွဲစား ကိုဇော်ဝင်းကလည်း သိန်း၃၀ ဆိုတာ ဂျပန်မှာတစ်လစာ
ပဲရှိတယ် ဘာညာဆိုပြီး စကားလုံးတွေနဲ့ ချုပ်တာပေါ့။ သူ့ ကိုတိုင်
ရင် ကျွန်တော်တို့ ရထားတဲ့ ဗီဇာက  calcel ဖြစ်မယ်လေ။ ဒါကို
အဖြစ်မခံရဲကြဘူး။ ဖြစ်ရင်ကုန်ထားတဲလ့၇၀လည်း လုံးလုံးဆုံး
မယ်။ သွားခွင့်ရတာကမှ မျှော်လင့်ချက်ရှိသေးတယ် ဆိုပြီး ထွက်
လာကြရတာ။
     အချို့ က အိမ်ရောင်း ကားရောင်း။ အချို့ 
ကလယ်ပေါင် ယာပေါင်။ ကျွန်တော်ဆို ရှိသမျှ ကိုယ့်မိဘငွေနဲ့ မ
လောက်လို့ ဘေးက အတိုးဆွဲခဲ့ရသေးတယ်။
   အဲဒီလိုနဲ့ ကျွန်တော်တို့  ၇ ယောက် ဂျပန်ရောက်လာတယ် ဆိုပါ
တော့ဗျာ။ တစ်ယောက်ကို သိန်း ၁၀၀ ကျော်အကုန်ခံပြီး ဂျပန်ရောက်
လာတယ် ဆိုပါတော့။ ဗီဇာက ၁၅ ရက် ဗီဇာနော် .ဟား..ဟား..။
်    သူက သူ့ ဘာသူ ဘာကို သဘောကျမှန်းမသိ အားရပါးရ ရယ်
သော်လည်း ပျော်လို့ မဟုတ်။ ပြောပြနေသော်လည်း သက်သက်သာ
သာမဟုတ်တာကိုတော့ ကျွန်တော်သတိထားမိသည်။ သူက လော
ကဓံကို ခနဲ့ တဲ့တဲ့လုပ်ချင်နေသည့် အမူအယာ မျိုးနှင့်။
    ကျွန်တော်တို့ ဂျပန်ရောက်တော့ ၄ ရက်တော့ လျှောက်လည်ရသေး
တယ်ဗျ။ နာခိုရာ။ ခိုဘေး။ အိုဆာကာ။ ဖူဂျီ။ ၅ရက်မြောက်တဲ့ နေ့ ကျ
တော့ ကျတော်တို့ ၇ယောက် ရယ် ပွဲစား ကိုဇော်ဝင်းရယ် ခရီးသွား
ကုမ္ပဏီ ကလူတွေနဲ့ လမ်းခွဲခဲ့ကြတာပဲ။ အဲဒီကစ ဒုက္ခရောက်ပြီ
ဆိုပါတော့ဗျာ။
     ကျွန်တော်တို့ အဖွဲ့ တိုကျို ကို ရောက်သွားကြတယ်။ ဘာဘာ ဆို
တဲ့ နားမှာ ရှိတဲ့ အခန်းတစ်ခန်းကို ကျွန်တော်တို့ ၇ယောက်ကို ခေါ်
သွားတယ်။ အခန်းက ပေ၂၀ ပတ်လည် အခန်း။ ရေချိုးခန်း အိမ်သာ
မီးဖို စတာတွေ အကုန်ဆိုတော့ လူနေစရာက တော်တော် ကျဉ်းတယ်။
အိပ်တဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက်ခေါင်းချင်းဆိုင်အိပ်ရတယ်။
ခြေထောက်ကို ဆန့် လို့ မရဘူးနော်။ ကွေးထားရတာ။ ကျွန်တော့်ခြေ
ထောက်ဆို ပန်းကန်ဆေးတဲ့ စင်ပေါ်မှာ လှမ်းတင်ထားရတယ်။ ကျွန်
တော်တို့ အဖွဲ့ ထားမှာ လင်မယား တစ်တွဲပါတော့ ပို ဆိုးတာပေါ့ဗျာ။
   မြန်မာ ၆ယောက် ရခိုင် ၁ယောက်လာကြတာ။ ၂ရက်လောက်ရှိတော့
ရခိုင်က ပျောက်သွားတယ်။ နောက်မှ သိရတာက သူတို့ ရခိုင်အဖွဲ့ 
အစည်းက လာခေါ်သွားတာတဲ့။၆ဟောက်ကျန်တာပေါ့။
    ၆ယောက်ထဲက၁ယောက်က မုံရွာဘက်က။ သူက သူ့ မိန်းမရယ်
ကလေးရယ်ထားခဲ့ ပြီးတက်လာတာ။ ဒါပေမဲ့ ဂျပန်ရောက်ပြီး ၁လ
ကျော်လောက်မှာ သူရောဂါဖြစ်တယ်။ အသည်းမှာ ကျောက်တည်တာ
တဲ့။  မြန်မာပြည်မှာရှိတဲ့ သူ့ မိန်းမဆီကို သိန်း၂၀ ပြန်မှာပြီး ဆေးကု
တယ်။ ပိုတဲ့ ငွေကလေး လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်သွားတာပဲ။
ဟိုမှာ ဘာဆက်ဖြစ်လဲတော့လမသိဘူးဗျာ။ သေချာတာကတော့ 
လာစရိတ်က ၁၀၀ ကျော်  ။ ပြန်မှာတာက ၂၀ ဆိုတော့ ဂျပန်ကို
အလည်ဗီဇာ ၁၅ ရက်ကလေးလာဖို့ သိန်း ၁၂၀ ကျပ်လောက် ကုန်
သွားတာပေါ့။ တကယ့်ငရဲပဲဗျာ။ ယူတတ်ရင် ကျွန်တော်တို့ အဖြစ်
နဲ့ တင် သံဝေဂ ရမယ်။
   ကျန်တဲ့ အထဲက ကျွန်တော်နဲ့  ပဲခူးဘက်က အစ်ကိုတစ်ယောက်နဲ့ 
က အခု ဂူးမားကို ရောက်လာတာပဲ။ လင်မယားတွဲနဲ့ ကျန်တဲ့မိန်းက
လေးတစ်ယောက်က တိုကျိုမှာပဲ။ ခု ထိ အလုပ်မရကြသေးဘူးကြား
တယ်။ အလုပ်ကလည်း မလွယ်ဘူးလေ။ ဂျပန်မှာက အလုပ်တွေ
ရှိတယ်။ ဒါပေမယ့် အလုပ် လုပ်ခွင့်မရှိရင် ဘယ်အလုပ်ရှင်ကမှ အ
လုပ်မခိုင်းရဲဘူး။ ခိုးလုပ်တယ် ဘာဘာဆိုတာကလည်း လဝက  က မိ
ရင် အရေးယူပြီး ပြန် ပို့ တယ် ကြားတယ်  ဗျာ  ဟူး ..။
    သူက အားရကျေနပ်သွားဟန်နဲ့  သက်ပြင်းမောကြီးကို ဟူးခနဲ
မှုတ်ထုတ်ပစ်လိုက်လေသည်။  ကျွန်တော်က သူ့ ကို စကား
ထောက်ပေးလိုက်၏။
   ခင်ဗျားတို့ ကိုခေါ်လာတဲ့  ချီးဘားဇော်ဝင်း ကရော။
   အာ  သူက ၁ ပတ်လောက် နေပြီး ပြန်သွားတာပဲ။ သူဌေးတစ်
ယောက်နဲ့ သွားတွေ့ မယ်ပြောပြီး ထွက်သွားတာ ပြန်ခါနီးမှ သူ့ 
အဝတ်အစားတွေ လာယူရင်း နှုတ်ဆက်သွားတယ်။
   ဂျပန်ရောက်တော့ အဲဒီ ပွဲစားက ခင်ဗျားတို့ ခုနစ်ယောက်ကို 
ဘာတွေ လုပ်ပေးကူညီပေးလဲ။
   ဘာမှ မပေးပါဘူးဗျာ။ ပေးဖို့ နေနေသာသာ အခု  ကျွန်တော်တို့ 
လိုပဲ နောက်ထပ် ၁၀ယောက် ကို ထပ်ပို့ လိုက်သေးသတဲ့။ ၁
ယောက်ကို ၇၅ သိန်းနဲ့တဲ့။
 ဗျာ
သူ့ စကားကြောင့် ကျွန်တော်တကယ် အံ့သြသွားမိရသည်။ နောက်ထပ်အလည်ဗီဇာနဲ့ ၁၀ယာက်တဲ့ ။ ၁ယောက် ၇၅ သိန်း။
ခုဆို ဘယ်လောက် ဒုက္ခရောက်နေကြပြီ လဲမသိ။
အဲဒီအဖွဲ့ ကရော ဘယ်မှာနေကြလဲ။
အဲဒါတော့ အတိအကျမသိဘူးဗျ။ တိုကျိုမှာပဲ လို့ တော့သိတယ်။
ဒါဆို ခင်ဗျားတို့ အခု ဂျပန်ရောက်တာ ဘယ်လောက်ကြာပြီလဲ။
အာ  မေလ ၃၀ ရက်နေ့ ကဝင်တာဗျာ။ အခု ၉ လပိုင်းဆိုတော့
၃လကျော်ပြီပေါ့။ အလုပ်က ဘာတခုမှ မလုပ်ရသေးဘူး ဟား ဟား။
သူက ပိန်လျားသော သူ့ ကိုယ်လုံးကို လှုပ်လှုပ်ပြီး ရယ်လေ၏။ ကျွန်
တော်က သူ့ စကားများနားထောင်ပြီး မောသွားခဲ့ရတော့၏။
သြော် ...ဂျပန်...ဂျပန် ဟု တွေးရင်း ကျွန်တော် ဂျပန်ရောက်စကစိတ်
ကူးယဉ်ရင်းရေးခဲ့သော အို..ဂျပန် ဆိုတဲ့ ကဗျာကိုသာ ပြေးပြီး မြင်
ယောင်နေမိလေတော့သည်။
အို....ဂျပန်
..............
ပြာပုံထဲကထလာတဲ့ ဟီရိုးရှီးမားရေ
ဖူဂျီတောင်လို မြှင့်တင်ဖို့ 
မင်းဆီကို 
ကျည်ဆံရထားတစ်စင်းလို ပြေးဝင်လာခဲ့တယ်။
ဆယ်လ်မွန်ငါးတစ်ကောင်လို
အိမ်ကို ပစ်ပြေးခဲ့ရတဲ့ ငါဟာ
ပန်းကြည့် ချင်ရုံသက်သက်နဲ့ 
မင်းရဲ့ နွေဦးကို
နှစ်သက်ခဲ့တာ မဟုတ်ပေဘူးကွဲ့ ။
ငါဟာ ဆာမူရိုင်းတစ်ယောက်မဟုတ်ပေမယ့်
ဆူမိုနပန်းသမားတွေကိုတော့
ယှဉ်ရဲပါတယ်။
မြင့်တယ်ဆိုတဲ့ 
မင်းတို့ ဆီက တိုကျိုတာဝါတိုင်ကြီးဟာ
ငါ့ အိပ်မက်တွေလောက်မှ မြင့်ရဲ့ လား။
ငါဟာ
မင်းတို့ ရဲ့ ရိုးရာ ဆူရှီထက်
ငါတို့ ရဲ့ ရိုးရာ မုန့် ဟင်းခါးပဲ ပိုကြိုက်ခဲ့တဲ့ကောင်ပါ။
ဂျပန်ရေ....
ရှေ့ နှစ်လမ်းတိုးမယ့် ဆင်
နောက်တစ်လှမ်းဆုတ်သလို
ယုံကြည်ချက်မျိုးနဲ့ 
မင်းဆီ ငါလာခဲ့ပါတယ်။  ။
                            လူခါး
                       ၂၉ . ၁၂ .၂၀၁၅. အင်္ဂါ
                       ဂျပန်နိုင်ငံ. အိဆယ် မြို့
ဂျပန်နိုင်ငံ ရောက်မလာမီကထားရှိခဲ့သော ကျွန်တော်တို့ အားလုံး
 ၏စိတ်ကူးအတွေး အိပ်မက်တို့ သည် ဂျပန်သို့ရောက်သည်နှင့် မြန် ဆန်လှပါသည်ဆိုသော ဂျပန်နိုင်ငံ၏ အထင်ကရကျည်ဆန်ရထား
ကြီးထက်ပင်ပို၍ မြန်ဆန်စွာ မျှော်လင့်ချက်တို့ ပျောက်ကွယ်ခဲ့ကြရ
လေသည်။ ဒါသည် ကံတရားလေလား။
                                     လူခါး
                       18.09.2016;sun:
                             04:39  pm
မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်ခြင်း ကင်းရှင်းကြပါစေ။
No comments: