Tuesday 19 May 2020

စာရေးခြင်း နှစ်မျိုး


ကျွန်တော့်တစ်ယောက်တည်း သဘောအရတော့ စာရေးခြင်းမှာ အကြမ်း အားဖြင့် (၂)မျိုးရှိတယ်လို့တွေးမိတယ်။

(၁)စားပွဲပေါ်မှာရေးခြင်း
      စားပွဲပေါ်မှာပဲစာရေးခြင်းဆိုတာက သူရေးတဲ့စာဟာ ကာလဒေသ
နောက်ကြောင်းရာဇဝင်၊ သတ္တာလောကကြီးနဲ့ဘာတစ်ခုမှ ဆက်စပ်နေ
တာမျိုးမဟုတ်ဘူး။ ဆက်စပ်နေရင်တောင်မှ လက်ရှိလူတွေ တွေ့ကြုံနေ
ရတဲ့ အကြောင်းအရာ အချက်အလက်တွေမဟုတ်ဘူး။ လူတွေမသိတဲ့
မတွေးမိတဲ့၊ ထင်မထားမိတဲ့ အကြောင်းအရာမျိုးတွေ ဖြစ်နေတတ်တယ်။
စာရေးသူရဲ့စိတ်ကူးဉာဏ် ကွန့်မြူးရင် ကွန့်မြူးသလောက် သူ့စာဟာ
သစ်နေ၊ လတ်ဆတ်နေ၊ ထူးခြားနေတတ်တယ်။ ဒါပေမဲ့ အများကြီး ရေး
နိုင်မယ် မထင်မိဘူး။ စိတ်ကူးဉာဏ် ထတောက်တဲ့ အချိန် ဖမ်းဆုပ်ယူမိ
မှ စာတစ်အုပ်၊ စာတစ်ပုဒ်အဖြစ် ထွက်ပေါ်လာတတ်တာမျိုး။

(၂)ဘဝအတွေ့အကြုံကိုရေးခြင်း
   ဒါကတော့ လက်တွေ့ဘဝနဲ့အရမ်းကို နီးစပ် ပတ်သက်တဲ့ စာရေးခြင်း
ပါပဲ။ လူတွေ နေ့စဉ်ကြုံတွေ့နေရလေ့ရှိတဲ့ ဆန်ဈေး ဆီဈေး ဆိုတာမျိုး
ကအစ၊ ဘတ်စကားကြပ်တာ၊ ခိုစာကျွေးတာမျိုးအထိ၊ မတရားမှုကနေ
တော်လှန်ရေးကြီးတစ်ရပ်အထိ ပါနေတတ်တယ်။စာဖတ်သူဟာ အဲဒီလို
စာမျိုးကို ဖတ်မိရင် ငါသိချင်တဲ့အကြောင်း၊ ငါပြောချင်နေတဲ့အကြောင်း
ပဲဆိုပြီး နှစ်ထောင်းအားရဖြစ်၊ ကျေနပ်နှစ်သက်မှုကို ဖြစ်စေတတ်တယ်။
အဲဒီစာမျိုးဟာ သမိုင်းစာအုပ်တစ်အုပ်လို ကိုးကားစရာမျိုးတွေလည်း ပါ
နေတတ်တယ်။

(၁)ကိုနှစ်သက်လွန်းတဲ့ စာဖတ်သူတွေဟာ (၂)ကို မနှစ်သက်တတ်ကြ
ဘူး။ အဲဒီလိုပဲ (၂)ကို နှစ်သက်တဲ့ စာဖတ်သူတွေဟာလည်း (၁)ကို ဘာ
စာကြီးပါလိမ့်ကွာဆိုပြီး လွှင့်ပစ်ချင်တတ်ကြတယ်။

ကျွန်တော့်အနေနဲ့ကတော့ စာရေးခြင်းမှာ အဓိက လိုအပ်တာက စေတ
နာလို့မြင်မိတာပါပဲ။ ဘယ်လိုစာကိုပဲရေးနိုင်နေပါစေ စေတနာမပါရင်၊ စာ
ဖတ်သူအပေါ်မှာ စေတနာမထားရင် အဲဒီစာဟာ စာဖတ်သူရဲ့ရင်ထဲမှာ
ကြာကြာနေရာယူနေနိုင်မယ်လို့မထင်မိပါဘူး။

စာဖတ်သူက ခဏတာ နှစ်သက်သလိုဖြစ်ရင်တောင် အချိန်ကာလကြီး
ကတော့ သူနဲ့အတူယူဆောင်လာမယ်မထင်မိဘူး။ စေတနာမထားတဲ့
စာမျိုးကိုပေါ့။

                              လူခါး
                      ၂၀၂၀၊ဂျပန်

No comments: